သဲစုညိမ်းထက်ပိုငယ်တဲ့အသက်အရွယ်မှာ မင်းသမီးလုပ်ခဲ့ပြီးသဲစုညိမ်းလို ကြိုးစားခဲ့ရတဲ့ မင်းသမီးနန်းဆုရတီစိူး

Celebrity Local News
သဲစုညိမ်းထက်ပိုငယ်တဲ့အသက်အရွယ်မှာ မင်းသမီးလုပ်ခဲ့ပြီးသဲစုညိမ်းလို
ကြိုးစားခဲ့ရတဲ့ မင်းသမီးနန်းဆုရတီစိူး

မင်းသမီးနန်းဆုရတီစိုးကတော့ အနုပညာလောကထဲဝင်ရောက်လာတာ ဆယ်စုနှစ်နှစ်ခုစာလောက်ကြာခဲ့ပေမယ့် နန်းဆုရဲ့role အစစ်အမှန်ကိုတော့ ပရိတ်သတ်တွေအခုထက်ထိမသိကြသေးပါဘူး။ ဒါ့အပြင် အသက်အစစ်အမှန်ကိုပြောတာတောင် ပရိတ်သတ်တွေမယုံတာကိုခံရတဲ့နန်းဆုက သူ့အသက်(၁၅)နှစ်ထဲနဲ့ အနုပညာလောကထဲရောက်ခဲ့ရတာဖြစ်ကြောင်း မကြာခဏရှင်းပြရပါတယ်။လတ်တလော နိုင်ငံတကာစင်မြင့်ထက်မှာ အသက်၁၇နှစ်ထဲနဲ့ နိုင်ငံပေါင်းစုံကအလှမယ်တွေကို ဠှဉ်ပြိုင်တိုက်ခိုက်ဖို့ကြိုးစားနေရတဲ့ သဲသဲကိုမြင်တဲ့အခါမှာတော့ နန်းဆုကသူ့ရဲ့ငယ်ဘဝကလည်း
သဲသဲလိုပါပဲဆိုပြီး ဂုဏ်ယူစွာပြောပြလာပါတယ်။

သဲသဲက အသက် ၁၇နှစ်ထဲနဲ့ နိုင်ငံကိုယ်စားပြုMiss တစ်ယောက်ဖြစ်လာတာကြောင့် နိုင်ငံအတွက် ကြီးလေးတဲ့တာဝန်တွေကို ထမ်းထားရပြီး အရွယ်နဲ့မမျှအောင်ကြိုးစားနေရတာအားလုံးအသိပါပဲ။

သဲသဲရဲ့ကြိုးစားမှုတွေကြောင့်ပဲ ပြိုင်ပွဲမပြီးခင်မှာတောင် မြန်မာဆိုတာကို နိုင်ငံတကာကအသိအမှတ်ပြုနေကြရပါတယ်။ကြိုးစားနေတဲ့ နိုင်ငံအတွက်ကြိုးစားပေးနေတဲ့ သဲသဲကတောင် အသက် (၁၇)နှစ်ရှိပြီဖြစ်ပေမယ့် နန်းဆုကတော့ အနုပညာလောကထဲကို အသက်၁၅နှစ်ထဲကရောက်ခဲ့ပြီး ကြိုးစားခဲ့ရသူပါ။နန်းဆုက အသက်၁၅နှစ်အရွယ်မှာ အနုပညာလောကထဲရောက်လာခဲ့ပြီး တခြားသူတွေနဲ့တန်းတူ နေရာတစ်ခုရအောင်ကြိုးစားခဲ့ရတယ်လို့ဆိုပါတယ်။

နန်းဆုကအသက်(၁၅)နှစ်အရွယ်မှာ ဆံပင်အရှည်ကြီးနဲ့
အတော်လေးလှခဲ့တဲ့သူပါ။ဒါ့ကြောင့် ခေါင်းလျှော်
ဆိုင်သွားတုန်း နန်းဆုကခေါင်းလျှော်ရည်ကြော်ငြာဖို့ကမ်းလှမ်းခံခဲ့ရပါတယ်။ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ ကြော်ငြာမင်းသမီးဖြစ်လာတဲ့ နန်းဆုကဒီလောကထဲမှာ ရပ်တည်နိုင်ဖို့အတော်ကြိုးစားခဲ့ရပါတယ်။ အသက်(၁၅)နှစ်ကစလိူ့ မိဘဆီလက်ဖြန့်မတောင်းတော့ဘဲ ကိုယ်ကပဲမိဘကိုပေးနိုင်အောင် လုပ်ခဲ့တာအခုထနပဲလို့နန်းဆုကဂုဏ်ယူဝင့်ကြွားစွာပြောပြလာပါတယ်။

လူငယ်ဘဝကို အလုပ်တွေပဲကြိုးစားလုပ်ပြီးဖြတ်သန်းခဲ့တဲ့ နန်းဆုက အခုအချိန်မှာ နိုင်ငံ့ဂုဏ်ဆောင်နိုင်ဖို့ အသက်(၁၇)နှစ်နဲ့ကြိုးစားနေရနဲ့ သဲသဲထက်တောင်
ငယ်တဲ့အချိန်မှာ အနုပညာအလုပ်တွေလုပ်ခဲ့ရသူပါ။အခုအချိန်အထိလည်း နန်းဆုက Business woman တစ်ယောက်လုပ်နေပြီး အလုပ်တွေကြိုးစားနေရတုန်းပါပဲ။
နန်းဆုကအသက်(၁၅)နှစ်နဲ့အနုပညာလောကထဲရောက်ခဲ့ပြီးသရုပ်ဆောင်၊အဆိုတော် နဲ့ ကြော်ငြာမော်ဒယ်အလုပ်တွေလုပ်ပြီး အချိန်အတော်ကြာဖြတ်သန်းခဲ့ရပေမယ့် အားကျရလောက်တဲ့ အောင်မြင်မှုမျိုးမရခဲ့ပါဘူး။

သီချင်းခွေတွေလည်း ထုတ်ခဲ့ပေမယ့်အဆိုတော်မဖြစ်ခဲ့တဲ့ နန်းဆုရတီစိုးက သရုပ်ဆောင်လည်းလုပ်ခဲ့ပေမယ့် အောင်မြင်တဲ့ထိပ်တန်းမင်းသမီးတစ်လက်တော့မဖြစ်ခဲ့ပါဘုး။နန်းဆုကအနုပညာလောကထဲ သက်တမ်းကြာနေလို့သာလူသိများနေရတာပါ။ဒါ့အပြင် အသက်ငယ်တာချင်းတူတာတောင် နန်းဆုကြိုးစားခဲ့ရတာနဲ့ သဲသဲကြိုးစားနေရတာတွေကဆီနဲ့ရေလို့ကွာပါတယ်။နန်းဆုလို အနုပညာလောကထဲ သရုပ်ဆောင်မော်ဒယ်ဖြစ်ရုံကြိုးစားခဲ့ရတာတွေက အနုပညာသမားတွေအတွက်တော့ သာမန်ပါပဲ။ဒါ့အပြင် နန်းဆုကြိုးစားခဲ့ရတာတွေက တစ်ကိုယ်ရည်စာအောင်မြင်မှုအတွက်ပါပဲ။

သဲသဲကတော့ နိုင်ငံ့ဂုဏ်ကိုဆောင်ဖို့အတွက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပြိုင်ပွဲထဲမှာ အကုန်နစ်မြှပ်ပေးဆပ်ထားရပြီး ကြိုးစားနေရတဲ့ကလေးတစ်ယောက်ပါ။နန်းဆုကြိုးစားမှုနဲ့ သဲသဲရဲ့ကြိုးစားမှုနဲ့ နှိုင်းယှဉ်လို့မရလောက်အောင် ကို ကွာခြားလွန်းပါတယ်။ဒါကိုနှိုင်းယှဉ်ပြောလာတဲ့အတွက် နန်းဆုကို ဝေဖန်နေကြပါတယ်။
နန်းဆုက သဲသဲကို ငယ်ငယ်ရွယ်ရွယ်နဲ့ လူကြီးတစ်ယောက်လို ကြိုးစားနေရတာကိုကိုယ်ချင်းစာလို့ဆိုကာ ထိုင်းနိုင်ငံမှာရောက်နေတုန်း လူကိုယ်တိုင်
သွားရောက်အားပေးခဲ့ပါတယ်။

နန်းဆုကသူ့ရဲ့စီးပွါးရေးလုပ်ငန်းအတွက်ထိုင်းနိုင်ငံမှာရောက်ရှိနေတာကြောင့် ထိုင်းနိုင်ငံက MGI ပြိုင်ပွဲကျင်းပရာနေရာအထိသွားရောက်ပြီး ဂုဏ်ပြုပန်းစီးပေးအပ်ခဲ့ပါသေးတယ်။သဲသဲရဲ့ပြိုင်ပွဲကို အခုလို နာမည်ကြီးတစ်ဦးက လာရောက်အားပေးတဲ့အတွက် သဲသဲကတော့ ဝမ်းသာဂုဏ်ယူနေမှာအမှန်ပါပဲ။

သဲသဲကဒီပြိုင်ပွဲအတွက် ကြိုတငပြင်ဆင်မှုတွေလည်း အများကြီးလုပ်ထားရပြီး မြန်မာလို့ဂုဏ်ယူနိုင်တဲ့ဖက်ရှင်တွေ တစ်ခုပြီးတစ်ခုချပြဝတ်ပြနေတာတွေကို နန်းဆုကလည်းအတော်သဘောကျနေပါတယ်။သဲသဲက ဝတ်စုံပေါင်း ၆၆စုံတောင်ထည့်လာပြီး international stage မှာ ချေမိုးပြနေတာပဲဖြစ်ပါတယ်။
နန်းဆုကသဲသဲရဲ့ကြိုးစားမှုတွေက winner ဆုနဲ့ ထိုက်တန်လွန်းတယ်လို့ ပရိတ်သတ်နဲ့ထပ်တူကြတဲ့အမြင်ကိုပေးလာပါတယ်။

နန်းဆုကသဲသဲတို့ဆရာတပည့်နှစ်ဦးလုံးနဲ့တွေ့ခဲ့ပြီးဆရာထူးကိုလည်း သဲသဲနဲ့ပတ်သတ်တဲ့အကြံဉာဏ်တွေပေးခဲ့ပါသေးတယ်။အသက်ငယ်ငယ်နဲ့ကြိုးစားနေရတဲ့သဲသဲမှာ တစ်ညကို ၃နာရီလောက်ပဲအိပ်ရပြီး ကြိုးစားနေရတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာပင်ပန်းမှုရောစိတ်ပိုင်းဆိုင်ရာပင်ပန်းမှူတွေရောရှိနေပါတယ်။ဒါ့ကြောင့် သဲသဲဒီထက်ပိုပြီးစိတ်မပင်ပန်းရအောင် ပြိုင်ပွဲဆီမှာပဲအာရုံစိုက်ထားနိုင်အောင် ဝေဖန်တိုက်ခိုက်တဲ့စကားတွေ comment တွေကို သဲသဲကိုမပြဖို့ပြောလာပါတယ်။
ဒါ့အပြင်နန်းဆုကသဲသဲအတွက် အဝတ်အစားနဲ့ဖက်ရှင်ပိုင်းမှာ လိုအပ်တဲ့ အကြံဉာဏ်တွေလည်းပေးခဲ့ပါသေးတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...