အဆိုတော်၊မင်းသားဖြစ်ဖို့ ‌နေ့ရော၊ညပါ ကြိုးစားတော့မယ့် နိုင်ငံကျော်အဆိုတော် Banana

Celebrity Local News
အဆိုတော်၊မင်းသားဖြစ်ဖို့ ‌နေ့ရော၊ညပါ ကြိုးစားတော့မယ့်
နိုင်ငံကျော်အဆိုတော် Banana

ဝေဖန်မှုတွေရှိနေလည်း ဂရုမစိုက်တတ်တဲ့ Banana ကတော့အခုလည်း အဆိုတော်၊မင်းသားတစ်ယောက်ဖြစ်လာဖို့ ကြိုးစားနေပြီလည်းဖြစ်ပါတယ်။အနုပညာလောကကို ဌက်ပျောသီးတစ်လုံးနဲ့ ရောက်လာခဲ့တဲ့ ခြိမ့်ကေကို ခေါ် Banana ကတော့ အခုအချိန်ထိ သူ့ရဲ့ လုပ်ရက်တွေအပြောတွေက ကြောင်တောင်တောင်ဖြစ်နေဆဲပါ။အသံမကောင်း၊ရုပ်မချောတဲ့ သူ့အနေနဲ့ လူသိများတဲ့ အဆိုတော်တစ်ယောက်ဖြစ်လာဖို့ ဆိုတာမဖြစ်လာနိုင်တဲ့ အရာဖြစ်ပေမယ့် မြန်မာပြည်သိန်းတန်ရဲ့ ကောင်းမှုကြောင့်သာ အနုပညာလောကထဲကို ဝင်ရောက်ခဲ့တာပါ။

အနုပညာလောကထဲကို ပေါက်ကရပုံစံနဲ့ ဝင်ရောက်ခဲ့တဲ့ banana တစ်ယောက် အခုအချိန်ထိ ‌လူသိများနေသေးတာက သူ့ရဲ့ကြောင်တောင်တောင်နိုင်တဲ့ အပြောအဆိုတွေကြောင့်ပါဘဲ။ အသံမကောင်းပေမယ့် လူစိတ်ဝင်စားအောင် ပေါက်ကရပြောတတ်တဲ့သူ့ရဲ့ ပုံစံကြောင့် ပရိတ်သတ်တွေက Banana ကို ပြားကိုးဆယ်လို့ သတ်မှတ်ထားခဲ့တာလည်းဖြစ်ပါတယ်။ပြိုင်ပွဲမှာ အသံစစ်တဲ့ နေရာမှာတင်ပြုတ်ခဲ့ပေမယ့် သူ့ကိုယ်သူ ဆရာကြီးတစ်ယောက်လို့ထင်နေခဲ့တာ အခုအချိန်ထိပါဘဲ။

banana ကတော့ အခုအချိန်မှာ အရင်လို ပေါတောတောတွေ ပြောတတ်တဲ့ လူငယ်တစ်ယောက်မဟုတ်တော့ဘူးလို့ဆိုပါတယ်။ဂစ်တာဆိုလည်း သင်ပေးတဲ့ လူမရှိဘဲ တီးတတ်နေသ လို ၊သီချင်းဆိုတဲ့ အပိုင်းမှာရော ၊ရေးတဲ့အပိုင်းမှာပါ တိုးတတ်နေတာကြောင့် ဂီတဝမ်းစာ ပြည့်နေတဲ့ လူတစ်ယောက်ဖြစ်နေပြီဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာပြောလာခဲ့ပါတယ်။အရင်က ဂစ်တာကြိုးဘယ်နှစ်ကြိုးရှိမှန်းမသိတဲ့ အချိန်မှာ Myanmar Idol ဝင်ခဲ့တဲ့ သူ့ကို လူတွေက ဟားနေကြပေမယ့် အခုအချိန်မှာ ဂစ်တာကိုလည်း ကြိုးအရေအတွက်သိနေသလို အခြေခံတီးတတ်နေပြီဖြစ်တာကြောင့် အခုလို အနေအထားနဲ့သွားပြိုင်ရင် Winner ရဖို့သေချာနေပြီလို့ဆိုပါတယ်။

ခြိမ့်ကေကိုကတော့ အခုအချိန်မှာ မြန်မာနိုင်ငံမှာ ကျော်ကြားဖို့ထက် ကမ္ဘာကျော်အောင်လုပ်ဖို့အတွက် ပြင်ဆင်နေပါပြီ။လောလောဆယ်မှာ မြန်မာနိုင်ငံမှာ ကျော်ကြားဖို့အတွက် ကိုယ်ပိုင်band တစ်ခု တည်ထောင်ပြီး ဖျော်ဖြေဖို့ လုပ်နေပြီလည်းဖြစ်ပါတယ်။သူ့ရဲ့ကိုယ်ပိုင် band ဖြစ်တဲ့ top music singer king band နဲ့ မြန်မာနိုင်ငံအနှံ့အပြားကို လိုက်လံ ဖျော်ဖြေဖို့ ကြိုးစားနေပြီလည်းဖြစ်ပါတယ်။ခြိမ့်ကေကို‌ကတော့ သူ့ရဲ့ band ကို သူငယ်ချင်းတွေနဲ့ ဖွဲ့စည်းထားပြီး လာဌားတဲ့ လူတွေရှိရင် အဖွဲ့လိုက် ဖျော်ဖြေပွဲတွေ လုပ်တော့မှာလည်းဖြစ်ပါတယ်။

ကမ္ဘာကျော်ဖို့ အတွက် အခုမှ အစပျိုးနေတာကြောင့် သူ့ရဲ့ top music singer band ကို ရေထဲက သမ္မာန် ၂စီးပေါ်မှာ ဝါးကပ်ခင်းပြီး တစ်နိုင်တစ်ပိုင် လုပ်လိုက်ပြီလည်းဖြစ်ပါတယ်။သူ့ရဲ့ လုပ်ရက်တွေကြောင့် ထိုင်းနိုင်ငံမှာတောင် လာရောက်ဖျော်ဖြေပေးဖို့ ဌားတဲ့ လူတွေတောင်ရှိကြပါတယ်။စရံငွေပေးပြီး ဖျော်ဖြေပေးဖို့ ခယ‌နေကြပေမယ့် Passport မရှိတာကြောင့် ဖျက်ခဲ့ရတဲ့ ပွဲတွေက သူ့ဘဝမှာ မနည်းမနောပါဘဲ။အခွင့်အရေးတွေ လက်လွှတ်ခဲ့ရ‌တာကြောင့် အခုအချိန်မှာ ကမ္ဘာကျော်ဖြစ်အောင် Passport လုပ်တော့မှာလည်းဖြစ်ပါတယ်။

သူ့ရဲ့ အရည်အချင်းတွေကြောင့် ပွဲတွေလားဌားသလို အဆိုပြိုင်ပွဲမှာ ဒိုင်လုပ်ဖို့ ထိကမ်းလှမ်းပေမယ့် သူ့ဘက်က လက်မခံခဲ့တာပါ။ပေါ်ပင်ဖြစ်မယ့် အလုပ်တွေကို မလုပ်ချင်တာကြောင့် လက်မခံခဲ့ဘဲ ဒီထက့်ပိုပြီး အောင်မြင်အောင်ကြိုးစားဖို့ ပရိတ်သတ်တွေကို ကတိပေးလာခဲ့ပြီလည်းဖြစ်ပါတယ်။လူတွေက သူ့ကိုပေါတောတောလို့သာ ထင်နေကြပေမယ့် နိုင်ငံကျော်အဆိုတော်၊မင်းသားဖြစ်အောင်ကြိုးစားတော့မှာလည်းဖြစ်ပါတယ်။

အဆိုလည်း ဝါသနာပါသလို သရုပ်ဆောင်ရတာလည်းကြိုက်တဲ့ ခြိမ့်ကေကိုက အောင်မြင်တဲ့ မင်းသားတစ်လတ်ဖြစ်အောင်လုပ်ဖို့ ကြုံးဝါးခဲ့ပါပြီ။သူ့ရဲ့ အရည်အချင်းကြောင့် ကြေညာရိုက်ဖို့ အပြိုင်အဆိုင်ကမ်းလှမ်းနေကြတဲ့ အချိန်မှာ သရုပ်ဆောင်ပိုင်းမှာ ပါရမီပါတာသာ လူတွေသိရင် ဇာတ်ကားရိုက်ဖို့ အခွင့်အရေးရမယ်လို့မျှော်လင့်နေပြီလည်းဖြစ်ပါတယ်။

ခြိမ့်ကေကို‌ကတော့ ဝေဖန်သံတွေရှိမလာဘဲ သူ့ရဲ့ အရည်အချင်းတွေကြောင့် အဆိုတော်၊မင်းသားဘဝကို ရောက်အောင် အခုကစပြီး လုံးပန်းတော့မှာလည်းဖြစ်ပါတယ်။မင်းသားတောင် ရိုးရိုးမင်းသားမဟုတ်ဘဲ အကယ်ဒမီဆုရ နိုင်ငံကျော်မင်းသားဖြစ်လာစေရမယ်ဆိုပြီး ကြုံးဝါးခဲ့ပြီလည်းဖြစ်ပါတယ်။ပေါတောတောတွေပြောပြီး ပရိတ်သတ်တွေကို ဒုက္ခပေးဖို့ ကြံနေတဲ့ ခြိမ့်ကေကိုရဲ့ လုပ်ရက်ကို အားပေးအားမြောက်လုပ်တဲ့ လူပေါ်လာမလားဆိုတာစောင့်ကြည့်ရအုံးမှာပါ။အခုခေတ်က အရည်အချင်းထက် လူစိတ်ဝင်စားတာကို အဓိက ဦးစားပေးတာမို့ ခြိမ့်ကေကို မင်းသားဖြစ်လာဖို့ မြင်ယောင်နေပြီလည်းဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...