အသက်၁၈နှစ်အရွယ်ကောင်မလေးက Crown ရဖို့ဘယ်လိုဖိုက်မလဲဆိုတာ စောင့်ကြည့်ကြဖို့အားလုံးကိုအသိပေးလာတဲ့ သဲစုငြိမ်း

Celebrity Local News
အသက်၁၈နှစ်အရွယ်ကောင်မလေးက Crown ရဖို့ဘယ်လိုဖိုက်မလဲဆိုတာ
စောင့်ကြည့်ကြဖို့အားလုံးကိုအသိပေးလာတဲ့ သဲစုငြိမ်း

Miss grand myanmar မှာ အသက်အငယ်ဆုံးပြိုင်ပွဲဝင်ဖြစ်သလို အရည်အချင်းတွေနဲ့ ပြည့်ဝနေသူကတော့ အလှမယ်သဲစုငြိမ်းဘဲဖြစ်ပါတယ်။အသက် ၁၆နှစ်နဲ့ Miss grand Myanmar ကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ သဲစုငြိမ်းကတော့အခုအချိန်မှာ international ပွဲကိုပြိုင်ဖို့ အဆင်သင့်ပါဘဲ။ သဲစုငြိမ်းကတော့ အသက် ၁၆နှစ်အရွယ်မှာ Miss grand Myanmar ကိုဝင်ရောက်ကာ သူမရဲ့အရည်အချင်းတွေကိုပြသနိုင်ခဲ့ပြီး winner ဆုကြီးကြီးကိုထိုက်ထိုက်တန်တန် ဆုခူးရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။

အသက် ၁၇မှာ Miss grand Myanmar ရဲ့ winner ဆုရှင်ဖြစ်ခဲ့တဲ့ သဲစုငြိမ်းက သူမအသက် ၁၈နှစ်မှာ နိုင်ငံတကာစင်မြင့်ထက်မှာ အကောင်းဆုံးဖြစ်အောင်ကြိုးစားနေခဲ့တာ ပရိတ်သတ်လေးတို့မျက်မြင်ပါဘဲ။Myanmar နိုင်ငံမှသာမက နိုင်ငံတကာမှာပါ အသက်အငယ်ဆုံး Miss တစ်ယောက်ဖြစ်တာမို့ သဲသဲသာ Winner ရခဲ့ရင် မြန်မာနိုင်ငံက ဂုဏ်ယူရမှအမှန်ပါဘဲ။

သဲသဲကတော့ Miss grand Myanmar က winner ဆုကြီးကို ရရှိပြီးချိန်မှာ သူမရဲ့ လိုအပ်ချက်တွေကို ပြင်ဆင်လာခဲ့တာ ၉လတောင်ကျော်လာခဲ့ပါပြီ။international ပွဲကိုပြိုင်ဖို့ ၉လ ပြင်ဆင်ချိန်ရခဲ့သလို သူ့ဖက်ကနေ အကောင်းဆုံး Transform လုပ်နိုင်ခဲ့တာ အားလုံးမျက်မြင်ပါဘဲနော်။အကောင်းဆုံးပြောင်းလဲသွားတာကတော့ Body ပိုင်းနဲ့ Catwalk ပိုင်းပါဘဲ။အရင်က သိပ်မဖွံ့ဖြိုးသေးတဲ့ ခန္ဓာကိုယ်ကြောင့် လူတွေဝေဖန်စရာဖြစ်ခဲ့ပေမယ့် အခုတော့ ဝေဖန်သူတွေဝေဖန်စရာစကား‌လုံးပျောက်အောင် ပြောင်းလဲနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

လှပပြီး မိမိုက်နေတဲ့ Body structure ကိုပိုင်ဆိုင်ထားသလို တိုးတတ်ပြောင်းလဲလာတဲ့ Catwalk ပိုင်းကြောင့် ပရိတ်သတ်တွေကတော့ သဲသဲက Winner ရဖို့ မျှော်လင့်ခဲ့ကြပြီလည်းဖြစ်ပါတယ်။အရင်က ဝေဖန်မှုတွေကို အရွယ်နဲ့ မလိုက်အောင်ခံခဲ့ရပေမယ့် အခုတော့ အားပေးတဲ့ ပရိတ်သတ်က ပိုများလာခဲ့ပြီလည်းဖြစ်ပါတယ်။အသက် ငယ်ငယ် ကလေးမလေးတစ်ယောက်ကို အမြင်မကြည်လို့ တခြားအလှမယ်ရဲ့ Fan တွေကတိုက်ခိုက်တာကို ခံခဲ့ရပေမယ့် သူ့အနေနဲ့ အရာရာကို ကြိုးစားကျော်ဖြတ်ခဲ့လို့သာ အခုလိုနေရာကိုရောက်လာခဲ့ရတာပါ။

ဝေဖန်တိုက်ခိုက်သူတွေကြောင့် ပြိုလဲမလိုဖြစ်ခဲ့ပေမယ့် စိတ်ဓာတ်မာကျောပြီး ကြိုးစားချင်စိတ်ရှိတဲ့သဲသဲကတော့ ဝေဖန်နေသူတွေပါ သူ့ရဲ့ ပရိတ်သတ်ဖြစ်လာအောင်အစွမ်းကုန်ကြိုးစားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ပြိုင်ပွဲတစ်ခုပြိုင်ရတော့မယ်ဆိုရင် အားလုံးက စိတ်ဖိစီးမှုတွေဖြစ်ကြပေမယ့် သဲသဲကတော့ အားလုံးနဲ့ ဆန့်ကျင်ဘက်ပါဘဲ။စာရတဲ့ ကလေးတစ်ယောက်က စာမေးပွဲခန်းထဲဝင်ရမှာ မကြောက်သလို သူ့အနေနဲ့လည်း ပြိုင်ပွဲဝင်ရမှာကို မကြောက်တဲ့ အပြင်ပျော်လို့တောင်နေပါသေးတယ်။

အရာရာကို ပြင်ဆင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာမို့ သူ့ကိုယ်သူယုံကြည်မှုရှိနေသလို ဆရာဖြစ်သူ ထူးအံ့လွင်ကလည်း ယုံကြည်မှုအပြည့်ပါဘဲ။တပည့်ဖြစ်သူအပေါ်ထားတဲ့ သူ့ရဲ့ ယုံကြည်မှုက ၁၀၁%ထိရှိတာမို့ သဲသဲကတော့ ပိုပြီး အားတတ်မှာအမှန်ပါဘဲ။သဲသဲကတော့ October လအစမှာ ပြိုင်ပွဲဝင်ရမှာမို့ September 26ရက်နေ့မှာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ထွက်ခွာနေပြီလည်းဖြစ်ပါတယ်။ပြိုင်ပွဲဝင်ကာလက တစ်လနီးပါးကြာမြင့်မှာဖြစ်တာကြောင့် သူ့အနေနဲ့ အကောင်းဆုံးယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပြီလည်းဖြစ်ပါတယ်။

သဲသဲကတော့ သူ့ကိုအားပေးတဲ့ Fan တွေမျက်နှာမငယ်ရအောင် အကောင်းဆုံးကြိုးစားဖို့ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချထားခဲ့ပါပြီ။အသက် 18နှစ်အရွယ်အလှမယ်တစ်ယောက်က နိုင်ငံတကာအလှမယ်တွေနဲ့ ယှဉ်ပြီး Crown ကိုဘယ်လိုဖိုက်မလဲဆိုတာ ပရိတ်သတ်တွေကို စောင့်ကြည့်စေချင်နေတာလည်းဖြစ်ပါတယ်။သဲသဲကတော့ သူ့ကိုအားပေးဖို့ ၊Vote ဖို့ အတင်းမတိုက်တွန်းသလို ၊အသနားမခံဘဲ သူ့ရဲ့ လုပ်ရက်တွေကို ကြည့်ပြီး အားပေးတဲ့ Fan ပိုများလာမယ်ဆိုတာ တစ်ထစ်ချယုံကြည်နေခဲ့ပြီလည်းဖြစ်ပါတယ်။

သူပြင်ဆင်ထားတဲ့ အရာတွေကိုကြည့်ပြီး ပရိတ်သတ်တွေသူ့ကို တစ်ခဲနက်အားပေးမယ်လို့ မျှော်လင့်နေသလို သူကိုယ်တိုင်ကလည်း မြန်မာနိုင်ငံကအလှမယ်တစ်ယောက် ဘယ်လောက်တော်လည်းဆိုတာပြသဖို့အဆင်သင့်ဖြစ်နေခဲ့ပါပြီ။သဲသဲကတော့ ပရိတ်သတ်တွေကို ဘာမှမတောင်းဆိုဘဲ Myanmar အတွက် Crown ကိုအပိုင်သိမ်းဖို့ ကြိုးစားမယ့်အကြောင်းကို ဖန်တွေ အားတတ်အောင်ပြောလာခဲ့ပြီလည်းဖြစ်ပါတယ်။Winner ဆုကြီးကို သဲသဲတစ်ယောက်အပိုင်သိမ်းနိုင်မယ်လို့ ထင်လားဆိုတာ ထင်မြင်ချက်လေး ပြောပေးခဲ့ပါအုံးနော်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...