ကမ္ဘာပေါ်မှာ ရှားရှားပါးပါး အရပ်ရှည်တဲ့သူအဖြစ်မွေးလာပေမယ့် မြေတောင်မြှောက်ပေးခြင်းမခံရတဲ့ Giant

Celebrity Local News
ကမ္ဘာပေါ်မှာ ရှားရှားပါးပါး အရပ်ရှည်တဲ့သူအဖြစ်မွေးလာပေမယ့်
မြေတောင်မြှောက်ပေးခြင်းမခံရတဲ့ Giant

လူတစ်ယောက်ရဲ့ပုံမှန်အရပ်က ၆ပေစွန်းစွန်းထိပဲရှိပေမယ့် သူများထက်ပိူထူးခြားတဲ့ အရပ်ပိုင်ရှင်တွေလည်း ကမ္ဘာပေါ်မှာ ရှိနေတတ်ပါတယ်။သာမန်လူတွေထက်ပုလွန်းတဲ့လူပုလေးတွေရှိသလို သာမန်လူတွေထက်အဆပေါင်းများစွာ အရပ်ရှည်လွန်းတဲ့ လူသန်ကြီးတွေလည်းရှိနေပါသေးတယ်။ဒီထဲမှာ Giant ဆိုတဲ့လူငယ်လေးကလည်း အသက်၂၃နှစ်ပဲရှိသေးပေမယ့် အရပ် ၇ပေ၁လက်မအထိ ရှည်လွန်းတာကြောင့် သာမန်လူတွေကြားထဲမှာ ထူးခြားတဲ့လူတစ်ယောက်ဖြစ်နေပါတယ်။

ဒီလို သာမန်ထက်ပိုထူးကဲပြီး မွေးလာတဲ့ giant ဆိုတဲ့လူငယ်လေးကို ထူးခြားတဲ့ အရည်အသွေးရှိသူတစ်ယောက်အနေနဲ့ support ပေးသင့်ပေမယ့် မြန်မာနိုင်ငံမှာမွေးဖွာလာတဲ့giant က လူမှုပတ်ဝန်းကျင်ရဲ့ ကြောက်ရွံ့ထိတ်လန့်တာတွေ ရှောင်ဖယ်တာတွေကို အသက်ငယ်စဉ်အခါကတည်းကခံစားခဲ့ရပါတယ်။ရွယ်တူသူငယ်ချင်းတွေနဲ့ကစားရင်တောင် အဖေလောက်ရှိတဲ့ဟာနဲ့မဆော့နဲ့ဆိုတဲ့စကားတွေပြောတတ်ကြသလို လူတွေရဲ့ထူးခြားအံ့ဩဖွယ်သတ္တဝါတစ်ကောင်လို ဝိုင်းကြည့်တာတွေလည်းခံရပါတယ်။

အခြားသောနိုင်ငံတွေမှာတော့သာမန်လူတွေထက် ထူးကဲစွာ မွေးဖွားလာတဲ့သူတွေကို သူတိူနဲ့သင့်တော်ရာ အလုပ်၊ ပတ်ဝန်းကျင် ၊နေရာထိုင်ခင်းစသဖြင့် စီစဉ်ပေးလာကြပြီး သာမန်ထက်ပိုထူးခြားတဲ့သူတို့ရဲ့အရည်အချင်းတွေကို လူတွေသိအောင်ထုတ်ဖော်ပေးတတ်ကြပါတယ်။မြန်မာနိုင်ငံမှာတော့ giant လိုလူငယ်တစ်ယောက်က သာမန်လူငယ်တစ်ယောက်ရဲ့အခွင့်အေးးတွေပါဆုံးရှံးရပြီးသာမန်လူတစ်ယောက်လိုတောင် နေခွင့်မရပါဘူး။

နေ့စဉ်နေထိုင်မှုဘဝမှာလည်း Giant က သာမန်ယောက်ျားလေးတွေလိူ အသုံးအဆောင်ပစ္စည်းတွေသုံးလို့မရဘဲ အကျီတွေကိုစက်ချုပ်ဆိုင်မှာ သာချုပ်ခိုင်းရတာတွေ ၊ ကတ္တီပါဖိနပ်ကို အော်ဒါမှာပြီးစီးရတာတွေ ၊ ရှူးဖိနပ်စီးလိူ့မရတာတွေ ၊ taxi ကားလေးတွေစီးလို့မရတာတွေ ၊ ဘက်စ်ကားပေါ်မှာ မတ်တပ်ရပ်လို့မရတာတွေ စသဖြင့်အခက်အခဲတွေကြုံရပါတယ်။ဒါ့အပြင် giant က တစ်နှစ်ထက်တစ်နှစ် သိသိသာသာရှည်လာတဲ့အရပ်ကြောင့် နောက်ဆက်တွဲကျန်းမာရေးထိခိုက်မှုတွေမဖြစ်ရအောင် အရပ်ကို ဒီအသက် ဒီအမြင့်မှာပဲရပ်တန့်သွားအောင် ခွဲစိတ်မှုတွေလုပ်ထားရသလို ဆေးတွေလည်းသောက်နေရပါတယ်။

giant ရဲ့အသက်က လက်ရှိအသက်၂၃နှစ်အရွယ်မှာ ၇ပေ၁လက်မရှိနေပြီး လွန်ခဲ့တဲ့ အသက်၂၂နှစ်တုန်းက တိုင်းတုန်းကတောင် ၆ပေကျော်ကျော်ပဲရှိခဲ့ပါသေးတယ်။အခုတော့ ဆရာဝန်တွေရဲ့တိုက်တွန်းချက်ကြောင့်ခွဲစိတ်မှုတွေလုပ်ထားလို့သာ giant တစ်ယောက် ဒီထက်ပိုပြီးကြီးထွားလာခြင်းမရှိတော့တာပါ။

လူတွေမှာ ကြီးထွားဖွံ့ဖြိုးစေတဲ့ဟော်မုန်းထွက်တတ်ကြပြီး Giant ကတော့ ဒီgrowth ဟော်မုန်းက ကန့်သတ်ချက်မရှိဘဲ ထွက်တာကြောင့် အခုလိုရပ်တန့်ခြင်းမရှိဘဲ အရပ်ပိုရှည်လာတာဖြစ်ပါတယ်။ဒါ့ကြောင့်ပဲ giant က လိုအပ်တဲ့ခွဲစိတ်မှုတွေလုပ်ထားရသူပါ။


သာမန်ထက်ပိုပြီးအရပ်ရှည်ခြင်းကလည်းရေရှည်မှာ ကျန်မာရေးထိခိုက်မှုတွေဖြစ်လာနိုင်ပြီး အရပ်ပိုရှည်တဲ့သူတွေက ဝိတ်တက်လည်းမြန်တယ်လို့ဆိုပါတယ်။ကမ္ဘာပေါ်မှာ အရပ်ရှည်တဲ့ လူပေါင်း ၂၅၀၀ကနေ၃၀၀၀အထိသာရှိပြီး ရေရှည်မှာတော့အရပ်ရှည်လွန်းတဲ့သူတွေက side effect အနေနဲ့ လမ်းမလျှောက်နိုင်တော့တာတွေ ၊ မသန်စွမ်းဖြစ်သွားတာတွေလည်း ရှိပါတယ်။Giant ကတော့အခုအချိန်အထိ ခါးနာတာဒူးနာတာအပြင်ကျန်တဲ့ကျန်းမာရေးကတော့ ကောင်းနေပါသေးတယ်။

အသက်၂၃နှစ်အရွယ်ပဲရှိသေးတဲ့ giantကတက္ကသိုလ်ကထမနှစ်နဲ့ကျောင်းထွက်လိုက်ပြီး ဆေးသုတ်တဲ့အလုပ်ကိုသာလုပ်နေပါတယ်။အရပ်ရှည်ကြီးကြောင့် ဆေးသုတ်တဲ့အခါ သူများမမီတဲ့နေရာတွေကို လှေကားမလိုဘဲသုတ်နိုင်တာကတော့ giant ရဲ့အားသာချက်ပါပဲ။

ဒီလိုအရပ်ရှည်ကြီးကိုကောင်းကောင်း အသုံးချဖို့လူတွေကတော့giant ကိုလက်ဝှေ့ထိုးဖို့ပြောလာကြပါတယ်။မကြာသေးခင်က မြန်မာ့လက်ဝှေ့ချံပီယံစိုးလင်းဦးနဲ့ ထိုင်းလက်ဝှေ့ချီပီယံ နာဘီလ်တို့နှစ်ဦးရဲ့ပွဲမှာ ထိုင်းချန်ပီယံနာဘီလ်က ပုံမှန်ထက်ပိုရှည်တဲ့အရပ်ကြီးကြောင့် မြန်မာ့လက်ဝှေ့ချီပီယံစိုးလင်းဦးကိုအသာလေးအနိုင်ယူခဲ့တာ အားလုံးအသိပါပဲ။ဒါ့ကြောင့် လူငယ်လေးgiant ကိုလည်း နာဘီလ်လို လက်ဝှေ့ထိုးပါလားဆိုပြီးလူတွေကအကြံပေးလာကြပါတယ်။ giant ကလည်း လက်ဝှေ့ကိုစိတ်ဝင်စားပြီး training ယူပြီးနာဘီလ်နဲ့ထိုးရင် ရနိုင်လောက်တယ်လို့ဆိုပါတယ်။

ဝိတ်တန်းမမျှရင်တော့ နာဘီလ်နဲ့ ထိုးလို့မရနိုင်ပေမယ့် giant ကတော့ သူ့ရဲ့ထူးကဲတဲ့အရပ်ကြီးနဲ့ သူများမလုပ်နိုင်တဲ့ အလုပ်တစ်ခုကိုလုပ်ချင်တဲ့ဆန္ဒရှိနေပါတယ်။ကမ္ဘာပေါ်မှာ ရှားရှားပါးပါးဖြစ်တည်လာတဲ့giant လိူလူတွေကို မြေတောင်မြှောက်ပေးနိုင်မယ့်သူတွေရှိလာရင်တော့ giant တစ်ယောက် သူ့ရဲ့ထူးခြားမှုတွေကို ပြသနိုင်မှာပါ။ ဒီလိုပဲ giant ရဲ့လုပ်နိုင်စွမ်းတွေကို ဖော်ထုတ်ဖို့ မိသားစုနဲ့ပတ်ဝန်းကျင်
အပေါ်မှာအများကြီးမူတည်နေပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...