ကြိုးစားခဲ့သမျှသဲထဲရေသွန်ဖြစ်ခဲ့ရပြီး Finalမှာ မျှော်လင့်ချက်တွေ ရိုက်ချိုးခံခဲ့ပြီး မျက်ရည်တွေသွင်သွင်ကျခဲ့ရတဲ့ သဲစုငြိမ်း

Celebrity Local News
ကြိုးစားခဲ့သမျှသဲထဲရေသွန်ဖြစ်ခဲ့ရပြီး Finalမှာ မျှော်လင့်ချက်တွေ
ရိုက်ချိုးခံခဲ့ပြီး မျက်ရည်တွေသွင်သွင်ကျခဲ့ရတဲ့ သဲစုငြိမ်း

ဒီနှစ် 2024Miss grand international ပွဲကြီးကတော့ ပရိတ်သတ်တွေ ရင်ခုန်ခဲ့ရတဲ့ ပွဲကြီးတစ်ပွဲပါဘဲ။အရင်နှစ်တွေထက် ပိုပြီး ပရိတ်သတ်တွေက အားပေးခဲ့ကြသလို မျှော်လင့်ချက်လည်း ကြီးခဲ့ကြပါတယ်။အရမ်းလှပြီး ပြင်ဆင်မှုအားကောင်းလွန်းတဲ့ သဲစုငြိမ်းကိုတော့ ပရိတ်သတ်တွေက Winner ဆုရဖို့ မျှော်မှန်းခဲ့ကြတာကလည်းမမှားပါဘူးနော်။အသက် ၁၈နှစ်အရွယ်ကောင်မလေးတစ်‌‌ယောက်ဖြစ်ပေမယ့် သူ့ရဲ့ ကြိုးစားမှုတွေ အရည်အချင်းတွေက နိုင်ငံတကာက Miss တွေကြားမှာ ထင်ပေါ်နေခဲ့တာလည်းဖြစ်ပါတယ်။

သဲစုငြိမ်းကတော့ Miss grand international ပွဲကြီးအတွက် ‌သေချာပြင်ဆင်ခဲ့သလို ပံ့ပိုးမှုကလည်း အရမ်းကောင်းလွန်းခဲ့ပါတယ်။နောက်ကနေ ထောက်ခံအားပေးနေတဲ့ Organization နဲ့ သူမရဲ့ ကြိုးစားမှုတွေကြောင့် ဒီနှစ် winner crown ဟာမြန်မာနိုင်ငံအတွက်ဘဲ ဆိုပြီး အားလုံးက ကြွေးကြော်နေကြတဲ့အထိဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။သဲသဲကတော့ ယှဉ်ပြိုင်ခဲ့တဲ့ Round တိုင်းမှာ လိုအပ်ချက်မရှိအောင်လှပပြီး မိမိုက်နေပေမယ့် အခုအချိန်မှာတော့ ကြိုးစားခဲ့သမျှ သဲထဲရေသွန်ဖြစ်ခဲ့ရပါပြီ။ဒီနေ့ကတော့ သဲစုငြိမ်းရဲ့ မျှော်လင့်ထားတဲ့ Winner crown ပေးအပ်ပွဲကို ကျင်းပခဲ့တဲ့ နေ့ဖြစ်ပေမယ့် သူမအတွက်ကတော့ စိတ်မချမ်းသာစရာနေ့တစ်နေ့ဖြစ်နေမှာအသေအချာပါဘဲ။

မနှစ်က 1st winner ရခဲ့တဲ့ နီနီလင်းအိမ်ထက် ပိုသာတဲ့ ရလာဒ်ရဖို့ ကြိုးစားခဲ့ပေမယ့် Title ဆုတောင် မမှီခဲ့ပါဘူး။သဲသဲတစ်ယောက် နိုင်ငံတကာအလယ်မှာ ဂုဏ်ယူဝင့်ကြွားနိုင်အောင် မြန်မာပရိတ်သတ်တွေက ငွေကုန်ခံပြီး Vote ခဲ့ကြပေမယ့် miss popular vote ဆုကိုလည်း လွဲချော်ခဲ့ရပါတယ်။အားလုံးမျှော်မှန်းထားတဲ့ miss Popular vote ဆုကို အင်ဒိုနီးရှားအလှမယ်က ရရှိခဲ့သလို Country power မှာလည်း စိတ်ပျက်ခဲ့ရပြန်ပါတယ်။မနှစ်က Country power ကို မြန်မာနိုင်ငံက ထိုက်ထိုက်တန်တန်ရရှိခဲ့သလို ဒီနှစ်မှာလည်း မြန်မာပရိတ်သတ်တွေက ကြိုးစားခဲ့ပေမယ့် ထိုင်းအလှမယ်က ရရှိပိုင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။

ပရိတ်သတ်တွေရဲ့ အားပေးမှုအများဆုံးဖြစ်ပေမယ့် ဆုနှစ်ခုလုံးနဲ့ လွဲချော်ခဲ့တဲ့ အပေါ်မှာ သူ့အနေနဲ့ စိတ်မကောင်းဖြစ်ပြီး စိတ်ပျက်ခဲ့ရတဲ့ မျက်နှာမှာအထင်းသားပေါ်လို့နေပါတယ်။အရင်ရက်တွေက တတ်ကြွတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ပြိုင်ပွဲဝင်ခဲ့ပေမယ့် နောက်ဆုံးနေ့မှာ သူ့ရဲ့ ပုံစံက ထိုင်းမှိုင်းနေခဲ့တာ ပရိတ်သတ်‌တို့သတိထားမိကြမှာပါ။ပွဲအစမှာ လန်းဆန်းခဲ့ပေမယ့် Title ဆုတွေကို ပေးအပ်ချိန်ကတည်းက စိတ်ဓာတ်ကျခဲ့ရတဲ့ သဲသဲကတော့ နောက်ထပ်ဆုတွေမှာလည်းဝမ်းနည်းခဲ့ရတဲ့အဖြစ်ပါဘဲ။

Swimsuit round တွေ National costume တွေမှာလည်း သေချာပြင်ဆင်ထားတာမို့ ပရိတ်သတ်တွေကတောင် မျှော်မှန်းခဲ့ကြပေမယ့် တစ်ခြားနိုင်ငံအသီးသီးက ရရှိသွားခဲ့ရတာလည်းဖြစ်ပါတယ်။သဲစုငြိမ်းကတော့ တနေ့ကပွဲမှာပေးတဲ့ grand Popular vote နဲ့ ဒီကနေ့မှာတော့ Cosmetic brandကပေးတဲ့ ဆု၂ဆုကိုသာထပ်မံရရှိခဲ့တာလည်းဖြစ်ပါတယ်။ပရိတ်သတ်တွေကတော့ Tilte ဆုက အရေးမကြီးတာမို့ တကယ့်အရေးပါတဲ့ Winner crown ကြီးကို ပိုင်ဆိုင်ရဖို့ကိုသာ မျှော်မှန်းခဲ့ကြပါတယ်။ကျန်တဲ့ ဆုတွေက မရလည်း အဆင်ပြေတာမို့ ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ Winner crown ကြီးကို ပိုင်ဆိုင်နိုင်ဖို့ အားလုံးက မျှော်မှန်းခဲ့ပေမယ့် အားလုံးရဲ့ မျှော်လင့်ချက်တွေက ပျက်စီးခဲ့ရပါပြီ။

Winner နဲ့ 1st winner up နေရာမှာ India နဲ့ မြန်မာ လက်ချင်းကိုင်ရမယ်ထင်ခဲ့ပေမယ့် လက်ချင်းတောင်ကိုင်ခွင့်မရခဲ့တဲ့ အဖြစ်ပါ။သဲသဲကတော့ လက်ချင်းတောင်ချိတ်ခွင့်မရဘဲ Second winner up နဲ့သာ ကျေနပ်ခဲ့ရပါတယ်။မျှော်မှန်းထားတဲ့ အရာတွေက အများကြီးဖြစ်ပေမယ့် ဘာတစ်ခုမှ ဖြစ်မလာတဲ့ အပေါ်မှာ စိတ်ပျက်အားငယ်နေမှာ အသေအချာပါဘဲ။အရည်အချင်းမရှိလို့ Second winner up ကိုရရှိခဲ့တာမဟုတ်ဘဲ စီးပွားရေးဆန်လွန်းတဲ့ Mr nawat ရဲ့ ရွေးချယ်မှုကြောင့်သာ ဖြစ်ခဲ့ရတာပါ။ပရိတ်သတ်တွေကတော့ Winner ကိုမျှော်မှန်းနေ‌ခဲ့ပေမယ့် မြန်မာနိုင်ငံလိုအခြေအနေမကောင်းတဲ့ နေရာမျိုးမှာ ဘာစီးပွားရေးမှ လုပ်မရနိုင်တာမို့ Crown ပေးမှာမဟုတ်ဘူးဆိုပြီး သိတဲ့ လူတွေက ‌ကြိုပြောထားပြီးသားလည်းဖြစ်ပါတယ်။

Miss grand international က စီးပွားရေးဆန်တဲ့ အစီအစဉ်တစ်ခုဖြစ်တာမို့ အရည်အချင်းရှိတဲ့ သဲစုငြိမ်းတစ်ယောက် Crown မရနိုင်ဘူးဆိုပြီးပြောခဲ့တာလည်းဖြစ်ပါတယ်။သဲစုငြိမ်းကတော့ အရည်အချင်းကြောင့် တောက်ပနိုင်မယ့် မျှော်လင့်ခဲ့ရပေမယ့် အခုတော့ မျှော်လင့်ချက်တွေ ရိုက်ချိုးခဲ့ရပြီး ဆုပေးတဲ့ အချိန်မှာတောင် ညိုးငယ်ပြီး မထင်ပေါ်နိုင်တော့တာကတော့ စိတ်မကောင်းစရာပါဘဲ။ကြိုးစားဖို့ အချိန်အများကြီးရှိနေသေးတာမှန်ပေမယ့်လည်း ကြိုးစားတဲ့အတိုင်းဖြစ်မလာတာကတော့ ဘယ်သူ မဆိုဝမ်းနည်းမိမှာအသေအချာပါဘဲနော်။သဲသဲကတော့ သူမရဲ့ ဝမ်းနည်းမှုတွေကို စင်အောက်ရောက်အောင်တောင်မထိန်းနိုင်တော့ပါဘူး။

စင်ပေါ်မှာ Second winner ဆုကိုကိုင်ပြီးမျက်ရည်အသွင်သွင်ကျနေခဲ့တာ မြင်ရသူတိုင်းအဖို့ တကယ်ကို ဝမ်းနည်းစရာကောင်းလွန်းခဲ့ပါတယ်။‌ပရိတ်သတ်တွေကတော့ ဘယ်လိုရလာဒ်ဘဲရရ စိတ်မကောင်းမဖြစ်ဖို့ ဝိုင်းပြီး အားပေးနေကြပါပြီနော်။ပရိတ်သတ်လေးတို့‌ရော သဲစုငြိမ်းတစ်ယောက် Second winner up နဲ့ ထိုက်တန်တယ်ထင်လားဆိုတာပြောပေးသွားကြပါအုံးနော်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...