ခုနောက်ပိုင်းကြူးချင်တဲ့စိတ်ဖြစ်မိပေမယ့် ကြူးရမယ့်သူ မရှိဘူးဖြစ်နေတယ်ဆိုတဲ့ အဆိုတော်ပိုပို

Celebrity Local News
ခုနောက်ပိုင်းကြူးချင်တဲ့စိတ်ဖြစ်မိပေမယ့် ကြူးရမယ့်သူ
မရှိဘူးဖြစ်နေတယ်ဆိုတဲ့ အဆိုတော်ပိုပို

အသဲကွဲသီချင်းတွေသီဆိုရင်း အပျိုကြီးတစ်ယောက်ဘဝကိုရောက်မှန်းမသိရောက်နေသူကတော့ တေးသံရှင်ပိုပိုပါ။အဆိုပိုင်းမှာ ပါရမီပါတဲ့ ပိုပိုက သီချင်းတွေကို ကိုယ်တိုင်ရေးသားပြီး သီဆိုခဲ့တာလည်းဖြစ်ပါတယ်။ခံစားချက်ပါပါ သီဆိုတတ်တာကြောင့် ပိုပိုရဲ့ သီချင်းဆိုရင် မကြိုက်တဲ့ ပရိတ်သတ်က မရှိသလောက်ပါဘဲ။အချစ်သီချင်းတွေထက် အသဲကွဲသီချင်းတွေနဲ့ အလွမ်းအဆွေးသီချင်းတွေကိုသီဆိုတတ်တဲ့ ပိုပိုရဲ့ အချစ်ရေးကလည်း သီချင်းထဲက အတိုင်းပါဘဲ။အရင်ကချစ်သူရှိခဲ့ပေမယ့် တွဲတိုင်းပြတ်ဖြစ်နေခဲ့တာပါ။

အရင်က ချစ်သူကို တရားဝင်ချပြခဲ့ပေမယ့် အချစ်ရေးမှာကံမကောင်းခဲ့တဲ့ ပိုပိုကတော့ အဆို‌တော်ကောင်လေးနဲ့ ပြတ်ပြီးချိန်မှာ အချစ်ရေးကို ချပြမလာတော့ဘဲ တိတ်ဆိတ်နေခဲ့တာအခုအချိန်ထိပါဘဲ။အချစ်ရေးမှာကံမကောင်းခဲ့ပေမယ့် Social ကောင်းတဲ့ ပိုပိုက ရည်းစားဟောင်းနဲ့ သူငယ်ချင်းအဖြစ်နေနိုင်ခဲ့တာကြောင့် အားလုံးက အံ့ဩနေခဲ့ကြတာပါ။အသက်၃၀ကျော်အရွယ်အပျိုကြီးတစ်ယောက်ဖြစ်ပေမယ့် အချစ်ရေးသတင်းလည်းမကြားရတဲ့ ပိုပိုကတော့ အိမ်ထောင်ရေးဆိုတာအဝေးကြီးပါဘဲ။

အခုတစ်ခါမှာလည်း ချစ်သူလေးကိုကြူးချင်စိတ်လေးဖြစ်နေပေမဲ့ ကြူးရမဲ့ချစ်သူကမရှိဘူးဖြစ်နေလို့ ရင်ဖွင့်လာတာပဲဖြစ်ပါတယ်။ “ပို ကလူသိရှင်ကြားချစ်သူထားခဲ့ဖူးတယ်။ ဒါပေမယ့် အခုနောက်ပိုင်းကြူးချင်တဲ့စိတ်ဖြစ်မိတယ်။ဒါပေမယ့် ကြူးရမယ့်သူမရှိဘူးဖြစ်နေတယ်။ မမိုင်လေးတို့ အိမ့်ချစ်တို့ မိစန္ဒီတို့ အိုင်းရင်းတို့ဆိုလည်း ချစ်ကြတာ မြင်ရတော့ အားကျတယ်။ အကုန်လုံးကမိသားစုတွေနဲ့ဆိုတော့အားကျတယ်။ ကိုယ့်ကံက ကြူးဖို့ကံပါမလာဘူးနဲ့တူတယ်။ကိုယ်တစ်ယောက်ထဲပဲကျန်ခဲ့တာ။ အရမ်းကြူးတဲ့စုံတွဲကတော့ မိစန္ဒီနဲ့အိုင်းရင်းပဲ။ကိုကိုဆိုပြီးကြူးကြတာ။သူတို့လက်ထပ်ထားတဲ့သူတွေကလည်းသူတို့ကိုတအားချစ်ကြတာ “ဆိုပြီး သူမရဲ့လတ်တလော အချစ်ရေးကိုပြောပြပေးလာတာပဲဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...