တာချီလိတ်မြို့ရဲ့ ပထမဆုံး အလှူရှင်အဖြစ် နွေးထွေးပေးကြတယ် ဆိုတဲ့ ခိုင်နှင်းဝေ…

Celebrity Local News
တာချီလိတ်မြို့ရဲ့ ပထမဆုံး အလှူရှင်အဖြစ် နွေးထွေးပေးကြတယ် ဆိုတဲ့
ခိုင်နှင်းဝေ…

 

သရုပ်ဆောင် ခိုင်နှင်းဝေဟာ ရုပ်ရည်ရော အရည်အချင်းအရ ပြည့်စုံရုံတင်မက စိတ်ထားကောင်းတဲ့နေရာမှာလည်း သူမတူတဲ့ မင်းသမီးတစ်ဦး ဖြစ်ပါတယ်။ လေးစားဂုဏ်ယူချစ်ခင်ရတဲ့ မင်းသမီး ခိုင်နှင်းဝေက အများအကျိုးသယ်ပိုးထမ်းရွက်တဲ့ ပရဟိတအလုပ်တွေကို လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာ အနုပညာအလုပ်တွေထက် ပြည်သူလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပြီး ခိုင်နှင်းဝေပရဟိတ အသင်း နဲ့ ခိုင်မိသားစုဂေဟာတို့ကို ဦးစီးဆောင်ရွက်နေတာပဲ ဖြစ်ပါ တယ်။

ခိုင်မိသားစုဂေဟာမှာ အကြောင်းအမျိုးမျိုးကြောင့် ခေါ် ယူမွေးစားထားတဲ့ သားသားမီးမီးလေးတွေကို ခိုင်နှင်းဝေက မိ ခင်မေတ္တာရော၊ ဖခင်မေတ္တာမျိုးနဲ့ပါ စေတနာထားပြီး ပြုစုစော င့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။

အခုတစ်ခါမှာလည်း တာချီလိတ်ရေဘေးအတွက် သွားရောက်လှူဒါန်းဖြစ်ခဲ့တုန်းက အတွေ့အကြုံတွေပြောပြပေးလာတာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက “တာချီလိတ် ဆိုရင် ပထမဆုံး လာလှုတဲ့ အလှူရှင်လို့တောင်ပြောလို့ရပါတယ်။ကျိုက်မရော ဆရာတော် ကိုယ်တိုင် ရေစက်ချပေးတယ်။အိမ်တင်မဟုတ်ဘူး ရေမြုပ်တဲ့ ဘုန်းကြီးကျောင်းတွေ ရေထဲမျောပါသွားတဲ့ ကျောင်း၁၀ကျောင်း ကိုပါ ရေစက်ချပြီး လှူဒါန်းခဲ့ပါတယ်။” ဆိုပြီး ပြန်လည်ပြောပြလာတာပဲဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...