နိုင်ငံတကာအလှမယ်တွေရဲ့ပြင်ဆင်မှုတွေကို ဂရုမစိုက်ဘူးဆိုပြီး
ချေမိုးနေတဲ့ အသက်အငယ်ဆုံးအလှမယ်သဲဆုညိမ်း
Miss Grand Myanmar ရဲ့သမိုင်းတလျှောက်မှာ အသက်အငယ်ဆူံးအလှမယ်ဖြစ်လာတဲ့ သဲဆုညိမ်းက အသက် ၁၆နှစ်ထဲနဲ့ Miss Grand Myanmar သရဖူးကိူခြိမ်းခြောက်နိုင်ခဲ့သလို အသက်၁၈နှစ်အရွယ်မှာလည်းMiss Grand International ရဲ့သရဖူကိုဘယ်လိုခြိမ်းခြောက်သွားမလဲဆိုတာ အားလုံးကရင်ခုန်စိတ်လှုပ်ရှားနေကြပါတယ်။
Miss Grand တစ်ယောက်ဖြစ်ဖို့ အရွယ်နဲ့မလိုက်အောင် စိတ်အားထက်သန်မှုပြင်းထန်ခဲ့တဲ့ သဲဆုညိမ်းကသူများတွေနဲ့မတူတဲ့ကြိုးစားမှုတွေလုပ်ခဲ့လို့လည်းMGI 2024winner ဆုရှင်ဖြစ်လာသူပါ။အသက်အရွယ်အရသာငယ်သေးပြီး
ဗလမရှိပေမယ့်ဇရှိတဲ့ သဲဆုညိမ်းက လိုချင်တဲ့အရာမှန်ူမျှကို မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ ဇွဲရှိသူဖြစ်ပြီး စိန်ခေါ်မှုတိုင်းကိုမကြောက်မရွံ့ရင်ဆိုင်တတ်သူလေးပါ။အခုလည်း သဲသဲက နိုင်ငံတကာအလှမယ်သရဖူအတွက် တလက်လက်တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်နေတာကို တွေ့ရမှာပါ။
သဲသဲရဲ့ စိတ်ခွန်အားက စောင့်ကြည့်နေတဲ့ပရိတ်သတ်တွေကိုဘယ်တော့မှအားမလျော့စေသလို သူ့ရဲ့သတ္တိနဲ့လုပ်နိုင်စွမ်းအားကိုလည်းမချီးကျူးပဲမနေနိုင်အောင် စွမ်းဆောင်နိုင်သူတစ်ယောက်ပါ။အခုဆိုရင် သဲဆုညိမ်းက နိုင်ငံတကာအလှမယ်ပြိုင်ပွဲကြီးအတွက် အကုန်လုံးကို အဆင်သင့်ဖြစ်နေပြီလို့ပြောလာပါတယ်။
သဲဆုညိမ်းက အလှမယ်တစ်ယောက်ရဲ့ လိုအပ်တဲ့Body ကို ခွဲစိတ်ပြုပြင်မှုတွေလုပ်၊ work out တွေအပြင်းအထန်လုပ်ပြီးပြောင်းလဲနိုင်ခဲ့တာကြောင့်လည်း သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုအားရကျေနပ်နေပါတယ်။နိုင်ငံတကာပြိုင်ပွဲကို မသွားခင်အချိန်
၉လနဲ့၂ပတ်ရခဲ့ပြီး အချိန်လုံလုံလောက်လောက်ရှိခဲ့လို့ သူ့ကိုယ်သူကောင်းကောင်းပြောင်းလဲနိုင်ခဲ့တယ်ဆိုပြီး ကျေနပ်နေပါတယ်။ ဒါ့ကြောင့်Body ပိုင်းနဲ့ပတ်သတ်ပြီး စိုးရိမ်မှုတွေမရှိတော့သလို Catwalk နဲ့ပတ်သတ်ပြီးလာ်း ထိုင်းနိုင်ငံမှာအချိန်အတော်ကြာလေ့ကျင့်သင်ကြားခဲ့တဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိနေတာကိုတွေ့ရပါတယ်။
ဒါ့ကြောင့် မော်လမြိုင် City ပွဲcrown အပ်နှံချိန်မှာ Catwalk လျှောက်ရင်းခြေယိုင်သွားခဲ့တာကို ပရိတ်သတ်ကစိတ်ပူနေကြပေမယ့် dress မှာပါတဲ့ကွင်းလေးနဲ့ငြိသွားခဲ့တာမို့ စိတ်မပူဖို့ပြောလာပါတယ်။ဒါ့အပြင် အခုလိုအရာတွေဟာ ပါးပါးလေးဖြစ်ပြီး သဲဆုညိမ်းကတော့ ပွဲမှာ တကယ်ဝတ်မယ့် evening dress နဲ့လည်း အကြိမ်ပေါင်းများစွာ rehearsal တွေလုပ်ထားတယ်ဆိုပြီး အသေအချာပြောလာပါတယ်။
သဲဆုညိမ်းက Miss Grand International ပွဲကြီးစပြီဆိုတာနဲ့ daily ဝတ်မယ့်အဝတ်အစားတွေကအစ မိတ်ကပ်ဆံပင်အဆုံး အားလုံးကို အသေးစိတ်ပြင်ဆင်ထားပြီး ပွဲစတာနဲ့ MGM ရဲ့ကြိုးစားမှုတွေကိုမြင်တွေ့ရမှာပါဆိုပြီးအာမခံလာပါတယ်။
ဒါ့အပြင်ဒီနှစ်ရဲ့National Costume ကိုလည်းခမ်းနားထည်ဝါအောင် ကြီးကျယ်ခမ်းနားစွာချုပ်လုပ်ထားတာဖြစ်လို့ ဒီအတွက်လည်း သဲသဲရော ဆရာဖြစ်သူပါရင်ခုန်စိတ်လှုပ်ရှားနေကြပါတယ်။ သဲသဲနဲ့ National costume ကအရင်နှစ်ကထက် ၅ဆ၆ဆလောက်ကြီးတဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေတော့ အတော်လေးလုပ်ထားတယ်လို့ဆိုပါတယ်။
ဒီလိုပြောစကားတွေနဲ့တင် ပရိတ်သတ်တွေကအလှမယ်သဲဆုညိမ်းရဲ့Miss Grand International ခရီးစဉ်ကြီးကို ကြည့်ရှူချင်လာပါတယ်။
သဲဆုညိမ်းက နိုင်ငံတကာအလှမယ်တွေအားလုံးက အကုန်လုံးပြင်ဆင်လာကြမှာပဲ ။ကိူယ့်ဘက်ကလျော့မနေတဲ့အတွက် သူတိူ့ရဲ့ပြင်ဆင်မှုကိုတော့ ဂရုမစိုက်ပါဘူး “ဆိုပြီးချေမိုးစွာပြောလာပါတယ်။ဒီစကားတစ်ခွန်းနဲ့တင် မြန်မာကဒီနှစ်မှာလည်းစင်ပေါ်မှာ ဘယ်လောက်ထိရဲရင့်စွာတောက်ပနေမလဲ ခန့်မှန်းလို့ရနေပါပြီ။
တပည့်ကျော်ရဲ့အရည်အသွေးကို အမြဲတမ်းယုံကြည်နေတဲ့ National Director ထူးအံ့လွင်က”၁၀၁ရာခိုင်နှုန်းကြိုးစားထားတာဖြစ်လို့ ဒီနှစ်မှာမြန်မာဆိုပြီးစင်ပေါ််မှာ အော်နိုင်မယ်လို့ 100% ယုံကြည်တယ်ဆိုပြီး ပြောလိုက်ပါသေးတယ်။
ဆရာထူးအံ့လွင်ကလည်းအသက်အငယ်ဆုံးအလှမယ် သဲဆုညိမ်းရဲ့ အရည်အချင်းတွေကို တစ်ကမ္ဘာလုံးသိအောင်ချပြချင်နေပါတယ်။သဲသဲရဲ့ တစ်နှစ်တာလုံးကြိုစားထားခဲ့ရသမျှရဲ့ ရလဒ်ကို ၁၀လပိုင်း၂၅ရက်နေ့ကျရင်တော့ အားလုံးတွေ့မြင်ရမှာဆိုပြီး ပြောလာပါတယ်။
ဒီMiss Grand International ပွဲကြီးကနေပြီးတော့ ဘာကိုချပြနိုင်မလဲဆိုရင်တော့ မြန်မာနိုင်ငံက ၁၇နှစ်အရွယ်ကောင်မလေးက နိုင်ငံတကာမှာဒီလောက်လုပ်ပြနိူင်တယ်ဆိုတာကိုချပြနိုင်သွားလိမ့်မယ်ဆိုပြီး ယုံကြည်ချက်အပြည့်နဲ့ပြောလာပါတယ်။
အခုဆိုရင် သဲသဲကနိုင်ငံတကာအလှမယ်ပြိုင်ပွဲအတွက် ထိုင်းနိုင်ငံကို ထွက်ခွါသွားခဲ့ပြီး မြန်မာကိုကမ္ဘာကသိအောင်ချပြသွားမယ်လို့ဆိုလာပါတယ်။
ဒါ့အပြင်အသက်၁၈နှစ်အရွယ်အသက်အငယ်ဆုံး အလှမယ်လေးက Miss Grand International သရဖူကိုဘယ်လိုခြိမ်းခြောက်သွားမလဲဆိုတာစောင့်ကြည့်ဖို့စိန်ခေါ်လာခဲ့ပါတယ်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။