ပင့်ကူမလေးအဖြစ် မြန်မာနိုင်ငံအတွက် လက်ခုပ်သံတွေ သောသောညံအောင် လုပ်နိုင်ခဲ့တဲ့ သဲသဲရဲ့ အောင်မြင်မှု

Celebrity Local News
ပင့်ကူမလေးအဖြစ် မြန်မာနိုင်ငံအတွက် လက်ခုပ်သံတွေ
သောသောညံအောင် လုပ်နိုင်ခဲ့တဲ့ သဲသဲရဲ့ အောင်မြင်မှု

Miss ပွဲသမိုင်းတလျှောက်မှာပရိတ်သတ်အားရကျေနပ်မှုအများဆုံးရနေတဲ့သဲသဲကတော့ တစ်နေ့ပြီးတစ်နေ့မြန်မာကိုနိုင်ငံတက အသိအမှတ်ပြုလာစေတဲ့အထိကြိုစားအားထုတ်လာပ်တယ်။သဲသဲရဲ့ကြိုးစားမှုနဲ့ သဲသဲလိုတော်တဲ့ လူငယ်ဒီဇိုင်နာတွေကြောင့် Miss Grand ပွဲစဉ်ကြီးမှာ မြန်မာနိုင်ငံကိုချီးကျူးမှုတွေများစွာရနေပါတယ်။သဲသဲတစ်ယောက် တစ်နေ့တစ်နေ့ဘယ်လိုဖက်ရှင်တွေနဲ့ နိုင်ငံတကာအလှမယ်တွေကြားချေချလာမလဲဆိုတာ အားလုံးကလည်းစောင့်ကြည့်နေကြပါတယ်။

သဲသဲရဲ့ဖက်ရှင်နဲ့ ငယ်ရွယ်ထက်မြတ်မှုတွေက Miss Grand ပွဲကြီးရဲ့ tempo ကိုအမြင့်ဆုံးဖြစ်အောင်ဆွဲခေါ်ပေးနေတာဆိုလည်းမမှားပါဘူး။လက်ရှိမှာလည်း သဲသဲရဲ့Spider ဖက်ရှင်ကနိုင်ငံတကာပရိတ်သတ်တွေကို အံ့ဩမှင်သက်သွားစေတဲ့အထိ ဆွဲဆောင်နိုင်ခဲ့တာပါပဲ။သဲသဲကနီနီရဲရဲ ပင့်ကူဝတ်စုံကို ဝတ်ပြီးထွက်လာတဲ့အချိန်မှာ မြန်မာဆိုတဲ့အော်သံတွေ ၊မြန်မာအတွက် လက်ခုပ်သံတွေခန်းမအပြည့်ကြားခဲ့ရပါတယ်။

ငယ်ရွယ်ထက်မြတ်ပြီး ကြိုးစားလွန်းတဲ့သဲသဲရဲ့ကိုယ်ပေါ်ကို လူငယ်ဒီဇိုင်နာတွေရဲ့ ဖန်တီးမှုတွေတင်လိုက်တဲ့အခါမှာ သဲသဲရဲ့အလှကြောင့် ဝတ်စုံရဲ့အလှပါပိုကြွလာပြီး သဲသဲကပွဲခင်းအလယ်မှာ queen look အပြည့်နဲ့ပါပဲ။သဲသဲက အသကိ၁၇နှစ်အရွယ်သာရှိသေးတဲ့ကလေးတစ်ယောက်ဆိုပေမယ့် Spider ဝတ်စုံလေးနဲ့ အမျိုးသမီးတစ်ယောက်လို ရဲရင့်ထက်မြက်တဲ့ပုံစံကိုပြနိုင်ခဲ့ပီး သဲသဲရဲ့catwalk တွေ အကြည့်တွေကနေ ဘယ်သူမှမျက်နှာမလွှဲနိုင်ပါဘူး။

ဒီထဲမှာ MGI ရဲ့National director ဖြစ်သူပါပါးနဝပ်ကိုယ်တိုင်အပြင် MGIရဲ့winner အလှမယ်ကပါသဲသဲရဲ့အလှကို ခေါင်းပြန်မလှည့်နိုင်အောင်လိုက်ကြည့်ခဲ့ရပြတယိ။ဒီလိုပဲ ပွဲခင်းထဲမှာရှိကြတဲ့ နိုင်ငံခြားပရိတ်သတ်တွေအားလုံးလည်းဝတ်စုံနဲ့လိုက်ဖက်လွန်းတဲ့ သဲသဲကိုတအံ့တဩကြည့်ရှူငေးယူခဲ့ကြရပါတယ်။ဒီလိုနဲ့ Miss Grand Myanmar ကိုဂုဏ်ယူဖွယ်ဟစ်ကြွေးပြနိုင်ခဲ့တဲ့သဲသဲကြောင့် မြန်မာပရိတ်သတ်တွေကြက်သီးထရလောက်အောင် အားရကျေနပ်နေကြပါတယ်။

သဲသဲကနီဆွေးနေတဲ့ပင့်ကူဝတ်စုံကိုဝတ်ပြီး အားမန်အပြည့်နဲ့စင်ပေါ်လျှောက်လာတဲ့ပုံက မြန်မာပရိတ်သတ်တွေအတွက်တော့ ရဲရင့်ထက်မြတ်တဲ့နတ်ဘုရားမတစ်ပါးလိုပါပဲ။ နိုင်ငံတကာအလှမယ်တွေကြားထဲမှာ သဲသဲရဲ့ အနီရင့်ရောင် ပင့်ကူဝတ်စုံကထင်းထွက်နေပြီး လှပလွန်းတဲ့သဲသဲရဲ့ခန္ဓာကိုယ်ပေါ်ကနေ မြန်မာအတွက်ဂုဏ်ယူရအောင်လုပ်ပေးခဲ့ပါတယ်။ ဒီဝတ်စုံလေးကြောင့် သဲသဲရဲ့ ခန္ဓာကိူယ်အလှလေးလည်း ပိုပေါ်လွင်သွားပြီး ပွဲခင်းထဲကပရိတ်သတ်တွေကိုတောင် အကြည့်လွှဲဖို့မေ့သွားစေတဲ့အထိပါပဲ။

သဲသဲရဲ့ဒီဝတ်စုံကိုကြည့်ပြီး မြန်မာဒီဇိုင်နာတွေဘယ်လောက်တော်ကြောင်းပရိတ်သတ်တွေသိလာကြသလို မြန်မာဆိုတာခေသူတွေမဟုတ်ကြောင်း ပြသပြီးသားလည်းဖြစ်မှာပါ။ ဒီဝတ်စုံကိုဖန်တီးခဲ့တဲ့ဒီဇိုင်နာမင်းသုခကလည်း မြန်မာဆိုတာရဲရင့်ပြီး အဆိပ်ပြင်းကြောင်းပြချင်လို့ သဲသဲအတွက်spider ဝတ်စုံလေးဖန်တီးဖြစ်တာလို့ဆိုပါတယ်။ဒီရည်ရွယ်ချက်အတိုင်းပဲ ဒီဝတ်စုံကိုဝတ်ပြီး သဲသဲထွက်လာတဲ့အချိန်မှာ အားလုံးကလက်ခုပ်တွေတီးပြီးအားပေးကြသလို ဖုန်းတွေထုတ်ကာဓာတ်ပုံတွေလည်း အလုအယက်ရိုက်လာကြပါတယ်။ဆရာထူးအံ့လွင်ကလည်း ဒီအခိုက်အတန့်အတွက် ထခုန်မတက်ပျော်နေခဲ့တဲ့အထိပါပဲ။

MISS grand ပွဲစဉ်အစထဲကတပြားမှမလျော့တဲ့ သဲသဲကိုကြည့်ပြီး Miss Grand Myanmar team ရဲ့ကြိုစားအားထုတ်မှုတွေကိုလည်းပရိတ်သတ်တွေအားရနေကြပါတယ်။
သဲသဲတစ်ယောက် အရှေ့ထွက်လာပြီးမြန်မာလို့အော်လိုက်ကတည်းက လက်ခုပ်သံတွေသောသောညံပြီး ဂုဏ်ယူရတဲ့အခိုက်အတန့်ကို ဆရာထူးအံ့လွင်ကလည်း အကျေနပ်ပြီးကျေနပ်နေပါတယ်။ ဆရာထူးအံ့လွင်ရဲ့ပီတိအပြုံးနဲ့ သဲသဲနဲ့ဂုဏ်ယူစရာအခိုက်အတန့်က ပွဲခင်းအလယ်မှာလူပေါင်းများစွာအာရုံအစိုက်ဆုံးmoment တစ်ခုဖြစ်လာခဲ့ပါတယ်။

Miss Grand ပြိုင်ပွဲရက်တွေများလာတာနဲ့အမျှ သဲသဲကပရိတ်သတ်တွေရဲ့အာရုံကိုအတော်လေးဖမ်းစားနိုင်တဲ့အထိအားကြီးလာတာဟာ ဒီကောင်မလေးရဲ့မလျှော့သောဇွဲနဲ့ကြိုးစားမှုတွေကြောင့်ပါပဲ။အပြောနဲ့မဟုတ်ဘဲ အလုပ်နဲ့သက်သေပြခဲ့တဲ့ သဲသဲရဲ့ကြိုးစားမှုတွေကိုပြိုင်ပွဲအစထဲက ပရိတ်သတ်တွေ တစတစအသိအမှတ်ပြုလာခဲ့ပြီးအခုဆိုရင် သဲသဲကိုအားမပေးဘဲမနေနိုင်အောင် သဘောကျနေကြရပါတယ်။မြန်မာနိုင်ငံရဲ့ အလှမယ်ပြိုင်ပွဲသမိုင်းတလျှောက်မှာ သဲသဲရဲ့ကြိုးစားမှုကိူတော့ ပရိတ်သတ်တွေအားအရဆုံးဖြစ်လို့နေပါတယ်။Body ,Brain ,Beautyဆိုတဲ့ စံနှုန်းတွေအားလုံးမှာ အားနည်းချက်တစ်ခုမှမရှိရလေအောင်ကြိုးစားထားတဲ့သဲသဲကို အားလုံးကအားရကျေနပ်နေကြရပါတယ်။

ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင်ကြိုးစားခဲ့တဲ့ သဲသဲရဲ့အရွယ်နဲ့မလိုက်တဲ့စိတ်ဓာတ်ကြံ့ခိုင်မှုက မိန်းကလေးတွေအတွက်လည်းအတုယူစရာပါပဲ။ဒီလိုနဲ့သဲသဲက အရည်အချင်းရှိတဲ့နိုင်ငံအတွက်ဂုဏ်ယူစရာကောင်းတဲ့အလှမယ်တစ်ယောက်ဖြစ်လာပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

 

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...