ပရိတ်သတ်တွေအကြိုက် အလင်းရောင် တစ်‌ယောက် ခင်ဝင့်ဝါကို Propose လုပ်တော့မှာလား?

Celebrity Local News
ပရိတ်သတ်တွေအကြိုက် အလင်းရောင် တစ်‌ယောက်
ခင်ဝင့်ဝါကို Propose လုပ်တော့မှာလား?

ချစ်သူတွေအမြန်ဖြစ်ကြဖို့ ပရိတ်သတ်တွေကမျှော်လင့်စောင့်စား‌နေတဲ့ အတွဲလေးကတော့ အလင်းရောင်နဲ့ ခင်ဝင့်ဝါတို့အတွဲလေးပါဘဲ။လိုက်ဖက်လွန်းတဲ့ သူတို့နှစ်ယောက်ကတော့ အနုပညာလောကမှာ အောင်မြင်နေကြတဲ့ အနုပညာရှင်တွေဖြစ်ကြသလို ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကိုလည်းတစ်ခဲနက်ရထားသူတွေဆိုလည်းမမှားပါဘူးနော်။အရုပ်မလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့ ခင်ဝင့်ဝါကတော့ အနုပညာလောကထဲကို အလှမယ်တစ်ယောက်အနေနဲ့ ဝင်ရောက်လာခဲ့တာပါ။

ချစ်စရာကောင်းတဲ့ အပြုအမှုလေးတွေကို ပိုင်ဆိုင်ထားတဲ့ ခင်ဝင့်ဝါကတော့ အခုနောက်ပိုင်းမှာ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် အကယ်ဒမီဆုရမင်းသမီးတစ်လတ်ဖြစ်လာခဲ့ပြီး ပရိတ်သတ်အားပေးချစ်ခင်မှုကို လည်း များစွာရရှိခဲ့တာလည်းဖြစ်ပါတယ်။အနုပညာလောကမှာ အောင်မြင်နေတဲ့ ခင်ဝင့်ဝါကတော့ မင်းသားချောအလင်းရောင်နဲ့အတွဲများနေချိန်မှာ ပရိတ်သတ်ချစ်ခင်မှုကို ပိုပြီးရရှိခဲ့တာလည်းဖြစ်ပါတယ်။အောင်မြင်ကိုယ်စီရပြီးသားအနုပညာရှင်တွေဖြစ်ကြတဲ့ သူတို့နှစ်ယောက်ကို ပရိတ်သတ်တွေက ချစ်သူတွေဖြစ်စေချင်နေကြတဲ့အထိ ဝိုင်းShip နေကြတာပါ။

ပရိတ်သတ်ဝိုင်းShip ရအောင် သူတို့နှစ်ယောက်က အတွဲညီပြီးလိုက်ဖက်သလို အမြဲတမ်းတပူးပူးဖြစ်နေခဲ့ကြတာလည်းဖြစ်ပါတယ်။သူတို့နှစ်ယောက်က ၂၀၁၄လောက်က Music Mtv တစ်ပုဒ်မှာ အတူတွဲသရုပ်ဆောင်ရင်း ရင်းနှီးခဲ့ကြတာလည်းဖြစ်ပါတယ်။နှစ်ယောက်သားရဲ့ ခင်မင်တဲ့ အတိုင်းအတာက အခုဆိုရင် ၁၀စုနှစ် တစ်ခုကိုတောင်ရောက်နေခဲ့ပါပြီ။အချိန်အတိုင်းအတာအရ ရင်းနှီးကြတာမဆန်းပေမယ့် တပူးပူးအမြဲတွေ့နေရပြီး နီးကပ်လွန်းတဲ့ သူတို့နှစ်ယောက်ပုံစံကြောင့် ချစ်သူတွေဖြစ်နေကြပြီဆိုပြီး ထင်ကြေးပေးတဲ့ ပရိတ်သတ်တွေတောင်ရှိပါတယ်။

ပရိတ်သတ်တွေထင်ရအောင်လည်း သူတို့နှစ်ယောက်ရဲ့ ပြောဆိုဆက်ဆံပုံတွေက ရင်းနှီးနေခဲ့တာအမှန်ပါဘဲ။သာမာန်ထက်ပိုတဲ့ ဆက်ဆံရေးတွေဖြစ်နေတဲ့ သူတို့နှစ်ယောက်က အခုအချိန်ထိ Friend Zone ထဲက ရုန်းမထွက်နိုင်သေးပါဘူး။ချစ်စရာကောင်းတဲ့ ခင်ဝင့်ဝါနဲ့ ၁၀နှစ်ကျော်ကြာအတူခင်နေပေမယ့် ချစ်သူတွေမဖြစ်နိုင်သေးတာကတော့ ထူးဆန်းပါတယ်။ရုပ်ရည်ပိုင်းနဲ့ ပတ်သက်ရင်ပြောစရာမလိုသလို ၊အနုပညာမှာလည်း ထူးချွန်အောင်မြင်နေတဲ့ ခင်ဝင့်ဝါနဲ့ ချစ်သူတွေမဖြစ်နိုင်သေးတာကတော့ ခင်ဝင့်ဝါရဲ့ ယောကျာ်းဆန်တဲ့ အပြုအမှုအပြောအဆိုတွေကြောင့်လို့ဆိုပါတယ်။

ပရိတ်သတ်‌တွေရှေ့မှာသာ ဇွတ်မိန်းမသားဆန်နေပေမယ့် ရင်းနှီးတဲ့ လူတွေရှေ့မှာတော့ သားကလေဆိုတဲ့ နမ်စားကိုသုံးပြီး ကျားကျားယားယားဖြစ်နေလို့ပါဘဲ။ခင်ဝင့်ဝါရဲ့ သားကလေဆိုတဲ့စကားကြောင့် အလင်းရောင်ကတော့ ခင်ဝင့်ဝါကို သားကြီးဆိုပြီး ချစ်စနိုးနဲ့ ခေါ်နေခဲ့တာ အခုအချိန်ထိပါဘဲ။နှစ်ယောက်သားက ယောကျာ်းလေးတွေလိုပေါင်းသင်းနေထိုင်ကြတာကြောင့် ‌တစ်ယောက်ကို တစ်ယောက် ရင်မခုန်နိုင်ဘူးလို့ဆိုပါတယ်။နှစ်ယောက်သားက ယောကျာ်းတွေလို နေထိုင်နေပေမယ့် နေထိုင်တဲ့ ပုံစံတွေ‌နဲ့ အပြောအဆိုတွေကြောင့် ပရိတ်သတ်တွေကတော့ သဘောတူနေကြပါပြီ။

ခင်ဝင့်ဝါကတော့ သူ့မှာ ရင်းနှီးတဲ့ သူငယ်ချင်းအများကြီးမရှိသလို ရှိစရာမလိုဘဲ တစ်ယောက်စိတ်တစ်ယောက်သိပြီး ပေါင်းလို့ရတဲ့ အလင်းရောင်လို လူမျိုးအနည်းငယ်သာရှိတာပါ။လိုက်ဖက်လွန်းတဲ့ သူတို့နှစ်ယောက်ကတော့ အပြင်မှာ ဘယ်လောက်တောင်ရင်းနှီးမလဲမသိပေမယ့် ရိုက်ကွင်းမှာတော့ ဖက်လဲတကင်းပါဘဲ။

chemistry မိမိနဲ့ အလုပ်အတူတူလုပ်နိုင်သလို ရူတင်ဘရိတ်ရင်လည်း စနှောက်ပြောဆိုနေကြပုံက ကြည့်မိသူ‌တိုင်းကိုပျော်ရွှင်‌စေပါတယ်။အခုအချိန်ထိ Friend Zone ထဲမှာ ပိတ်မိနေတဲ့ သူတို့နှစ်ယောက်ကို ပရိတ်သတ်တွေက အမြန်နီးစပ်ချင်ကြသလို propose လုပ်ဖို့ အစီအစဉ်ရှိလားဆိုပြီးမေးမြန်းလာတဲ့ အပေါ်မှာတော့ သူတို့နှစ်ယောက်ရဲ့ အခြေအနေအမှန်ကို ပွင့်ပွင့်လင်းလင်းပြောလာခဲ့ပါတယ်။

ခင်ဝင့်ဝါကတော့ သူတို့နှစ်ယောက်အချစ်ရေးကို သိချင်နေတဲ့ ပရိတ်သတ်တွေကို အခုလိုဘဲ ပြောလာခဲ့ပါတယ်။”တစ်‌ယောက်အကြောင်းတစ်ယောက်သိနေတာလေ သူလားကိုယ့်ကို Propose လုပ်မှာ ၊လုပ်ရင်ရောလက်ခံမယ်ထင်လို့လား No ပါ”ဆိုပြီး မဖြစ်နိုင်တဲ့ အချစ်ရေးကို အားလုံးသိအောင်ထုတ်ပြောလာခဲ့ပြီလည်းဖြစ်ပါတယ်။

ပရိတ်သတ်တွေကတော့ အပွင့်လင်းဆုံးပြောလာတဲ့ သူတို့ရဲ့ အဖြေတွေကို လက်မခံနိုင်ဘဲ လိုက်ဖက်လွန်းတဲ့ သူတို့နှစ်ယောက်ကို အချိန်တန်ရင် ဖြစ်နိုင်သေးတယ်ဆိုပြီး ဝိုင်းShip နေပြန်ပါတယ်။ပရိတ်သတ်တွေရဲ့ အလိုအရ Friend zone ထဲက ထွက်ပြီး မြန်မြန်ကံစပ်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။

 

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...