ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ မြန်မာရုပ်ရှင် ဆုရရှိ

Celebrity International News
ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ မြန်မာရုပ်ရှင် ဆုရရှိ

တောင်ကိုရီးယားနိုင်ငံမှာကျင်းပတဲ့ ၂၉ ကြိမ်မြောက် ဘူဆန်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ မြန်မာဒါရိုက်တာ သည်မော်နိုင် ရိုက်ကူးတဲ့ “MA Cry of Silence“ ဇာတ်ကားက “ New Currents Award “ ကို ရရှိခဲ့ပါတယ်။

ဒီဇာတ်ကားဟာ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ အသက် ၁၈ နှစ်အရွယ် မြန်မာ မိန်းကလေးတစ်‌ယောက်ရဲ့ လုပ်ငန်းခွင်အတွင်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဘဝအကြောင်းကို ရိုက်ကူးထား တာဖြစ်ပါတယ်။

ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်ဟာ အောက်တိုဘာ ၂ ရက်နေ့ကနေ ၁၁ နေ့အထိ ၁၀ ရက် အကြာ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တာဖြစ်ပြီး “MA Cry of Silence“ ရုပ်ရှင်ဇာတ်ကားကို
မြန်မာ၊ ကိုရီးယား၊ စင်ကာပူ၊ ပြင်သစ်၊ နော်ဝေနဲ့ ကာတာနိုင်ငံတို့က ပူးပေါင်းထုတ်လုပ် ထားတာဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ သူ့အတွက် ဒုတိယမြောက်ဇာတ်ကားဖြစ်ပြီး ၇ နှစ် ကြာ‌အောင် အချိန်ယူဖန်တီးခဲ့ရတာဖြစ်လို့ ခုလို New Currents Award ဆုရရှိတဲ့အတွက် အဖွဲ့သားအားလုံးအတွက် ဂုဏ်ယူတယ် လို့ ဒါရိုက်တာ သည်မော်နိုင်က သူရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဒါရိုက်တာ သည်မော်နိုင်အတွက် “MA Cry of Silence“ ဇာတ်ကားဟာ ဆုရရှိတဲ့ ဒုတိယမြောက် ဇာတ်ကားဖြစ်ပြီး ရိုမေးနီးယားနိုင်ငံမှာ ၂၀၁၄ ခုနှစ်က ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်မှာ “The Monk (ရဟန်း) ဆိုတဲ့ရုပ်ရှင်ဇာတ်ကားနဲ့လည်း အထူးဆုရရှိထားဖူးပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...