မိစန္ဒီက ယောကျာ်းနားကပ်နေပြီ အရင်လိုမကဲတော့ဘူးဆိုတဲ့ ဟိဏ်းသစ်

Celebrity Local News
မိစန္ဒီက ယောကျာ်းနားကပ်နေပြီ အရင်လိုမကဲတော့ဘူးဆိုတဲ့ ဟိဏ်းသစ်

ပရိတ်သတ်တွေကတော့ ဟိဏ်းသစ်ဆိုတာနဲ့ ထိမိဂွိဆိုတဲ့ စကားလုံးကိုပြေးမြင်ကြမှာပါ။အဆိုတော်တစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ အနုပညာလှုပ်ရှားမှုကို လူသိနည်းခဲ့ပြီး သူ့ရဲ့ စားသောက်ကုန်ကိုသာ လူသိများခဲ့ကြတာလည်းဖြစ်ပါတယ်။ပရိတ်သတ်အများစုက ဟိဏ်းသစ်ကို ထမင်းဟင်းတွေကို မြိန်ရေရှက်ရေချက်ပြုတ်စားသောက်ပြနေတဲ့ Food blogger တစ်ယောက်အဖြစ်သာ သိခဲ့ကြတာလည်းဖြစ်ပါတယ်။

ဟိဏ်းသစ်ကတော့ အခုအချိန်မှာ ထိမိဂွိထုတ်ကုန်ကို အောင်အောင်မြင်မြင်ထုတ်ပြီး နာမည်ကြီးနေတဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပေမယ့် သူဝါသနာပါတာကတော့ အနုပညာအလုပ်ပါဘဲ။

အခုတစ်ခါမှာတော့ သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ မိစန္ဒီ အကြောင်းပြောပြလာတာပဲဖြစ်ပါတယ်။”ကျွန်တော်တို့တွေက လွန်ခဲ့တဲ့ ၁၄နှစ်လောက်တည်းက အတူတူလျောက်သွားလျောက်စားခဲ့တဲ့သူတွေဆိုတော့ ခု တခုခုသွားမယ်လာမယ်ဆို သူ့ယောကျာ်းရဲ့ schedule ကိုကြည့်ပြီးအားမယ့်အချိန်ညှိကြရတာ။ခုကျ +one ပါလာပြီဆိုတော့ စဉ်းစားပေးရတာပေါ့။အဲ့ဒါတွေက အဆင်မပြေဘူးပေါ့နော်။အရင်က အတူတူကဲဖော်ကဲဖက် ခု မကဲရတော့ဘူး ယောကျာ်းနားကပ်နေပြီ”ဆိုပြီး ပရိသတ်တွေကို သူငယ်ချင်းအရင်းကြီး အကြောင်းဖောက်သည်ချခဲ့တာဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...