ရမည်းသင်းကျေးရွာများ မှ အိမ်ခြေ၁၀၀၀ခန့် ကို သိန်းပေါင်း၅၀၀၀လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

Celebrity Local News
ရမည်းသင်းကျေးရွာများ မှ အိမ်ခြေ၁၀၀၀ခန့် ကို
သိန်းပေါင်း၅၀၀၀လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

ပရိတ်သတ်ကြီးရေ မင်းသမီး ခိုင်နှင်းဝေ ကတော့ အနုပညာ လောကမှာအောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားရုံမက အားလုံး ကလေးစားအတုယူရတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်.. ခိုင် နှင်းဝေဟာ မိဘမဲ့ကလေးတွေကို စောင့်ရှောက်ထားပြီး ပညာတတ်တွေဖြစ်အောင်ပါ တာဝန်ယူဆောင်ရွက်ပေးထား တာပဲဖြစ်ပါတယ်…

လတ်တလောရေကြီးရေလျှံမှုတွေဖြစ်ပြီး ဒုက္ခရောက်နေရတဲ့ မြန်မာပြည်အနှံ့အပြားကို မင်းသမီးခိုင်နှင်းဝေက သွားရောက်လှူဒါန်းနေခဲ့တာဆိုရင် သိန်းပေါင်းများစွာလှူဒါန်းပြီးနေပြီဖြစ်ပါတယ်။

အခုတစ်ခါမှာလည်း ရမည်းသင်းမြို့ရှိ ကျေးရွာများ ဖြစ်တဲ့ ချောင်းဖျား၊ကျောင်းကုန်း၊ပန်းတောင်၊ဝါးဖြူတောင် အောက် နဲ့ အပေါ်၊ကင်းရွာ ၊ငါးပင်တက် ကျေးရွာများကို အောက်တိုဘာလ ၇ရက်နေ့ က မခိုင်နှင်းဝေ ကိုယ်တိုင်သွားရောက်ပြီး သိန်းပေါင်း၅၀၀၀နဲ့ အစားအသောက် အဝတ်အထည်များကို သွားရောက်လှူဒါန်းခဲ့ပါတယ်။

မခိုင်နှင်းဝေ က လူသူအရောက်အပေါက်နည်းတဲ့ ရွာများမှ အိမ်ခြေ အလုံးစုံပျက်သောသူများ၊ကိုယ်ဝန်ဆောင်များ ၊ ရိက္ခာလိုအပ်သူများ အစရှိတဲ့ အိမ်ခြေပေါင်း ၁၀၀၀ဝန်းကျင် ကို လက်ရောက်လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

မခိုင်က “ရမည်းသင်းမြို့နယ် ရှိ ချောင်းဖျား၊ကျောင်းကုန်း၊ပန်းတောင်၊ဝါးဖြူတောင် အပေါ် ၊ဝါးဖြူတောင် အောက်၊ ကင်းရွာ၊ငါးပင်တက် ရွာတို့မှ အလုံးစုံပျက်စီးအိမ်များ၊ကိုယ်ဝန်ဆောင် နှင့် လိုအပ်သော အိမ်ခြေ (၁၀၀၀) ဝန်းကျင် တို့ကို ငွေသား သိန်း (၅၀၀၀) နှင့် သိန်း (၅၀၀) ဝန်းကျင် ရှိပစ္စည်းများ ကို ဝေမျှ ကူညီဖြစ်ခဲ့ပါတယ်ရှင်…ခုနှစ်ရက် သားသမီး များ အားလုံး ရဲ့ စုပေါင်း ကုသိုလ်လေးများ အား သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေရှင်…” ဆိုပြီး နတ်လူသာဓုခေါ်ဆိုနိုင်ရန် ဝေမျှပေးလာတာပဲဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...