ဝေဖန်သူတွေရှိနေပေမယ့်မီးမီးတစ်‌ယောက် ပြိုလဲမသွားအောင် လက်ဆောင်လေးပေးပြီး Suprise တိုက်ခဲ့တဲ့ မြတ်သူသူ

Celebrity Local News
ဝေဖန်သူတွေရှိနေပေမယ့်မီးမီးတစ်‌ယောက် ပြိုလဲမသွားအောင်
လက်ဆောင်လေးပေးပြီး Suprise တိုက်ခဲ့တဲ့ မြတ်သူသူ

2022ရဲ့ အလှမယ်တစ်ယောက်ဖြစ်ခဲ့တဲ့ မီးမီးကတော့ အခုအချိန်ထိ ပရိတ်သတ်အချစ်ကိုရရှိနေဆဲပါဘဲ။စိတ်သဘောဖြူစင်ပြီး လူတကာပေါ်မှာ ကောင်းလွန်းခဲ့တဲ့ သူ့ရဲ့ စိတ်ဓာတ်ကြောင့် ချစ်ခင်သူတွေများစွာရှိပေမယ့် ဝေဖန်သူတွေကလည်း မနည်းမနောပါဘဲ။မီးမီးက ပရိတ်သတ်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံ‌
ရေးရှိသလို ဆရာဖြစ်သူကိုဆိုရင်လည်း အမြဲတမ်း ရိုသေတတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ပြိုင်ပွဲပြီးသွားတာ 2နှစ်ကျော်ခဲ့ပေမယ့် ဆရာဖြစ်သူထူးအံ့လွင် လိုအပ်တာတွေကို အခုထိလုပ်ကိုင်ပေးတတ်သလို ဂျူနီယာအလှမယ်တွေကိုလည်း အကောင်းဆုံး Supporting ပေးနေသူတစ်ယောက်ပါ။

သူ့ရဲ့ စိတ်ထားဖြူစင်မှုတွေကြောင့် အရင်က မချစ်ခဲ့တဲ့ ပရိတ်သတ်တွေတောင် အခုဆိုမီးမီးမှ မီးမီးဖြစ်လို့နေခဲ့ပါပြီ။သူ့ရဲ့ ပုံစံကြောင့် အခုဆိုရင်ချစ်ခင်တဲ့ လူတွေပေါနေပေမယ့် ဝေဖန်သူတွေကလည်း ကျားချောင်းချောင်းနေကြဆဲလည်းဖြစ်ပါတယ်။အခုအချိန်မှာ မီးမီးက ဝေဖန်သူတွေရှိနေလည်း သဲစုငြိမ်းကို အပြတ်အသက် Supporting ပေးနေခဲ့တာ ပရိတ်သတ်အမြင်ပါဘဲ။မီးမီးကတော့ ဘယ်သူ့ Attention မှလိုချင်လို့ အခုလိုတွေလုပ်ပြနေတာမဟုတ်တာကို ပရိတ်သတ်တွေက သိကြပေမယ့် ဝေဖန်သူတွေကတော့ မရှိရှိတာကို အပစ်တင်ဝေဖန်နေတော့တာပါဘဲ။

စိတ်ထားကောင်းလွန်းတဲ့ မီးမီးရဲ့ ပုံစံကို မကြိုက်တဲ့ လူတွေကတော့ Unplaced မရတဲ့ မယ်ဆိုပြီး နှိမ်ကြသလို စိတ်ထားကောင်းတာ လူတွေရဲ့ Attention လိုချင်လို့ဆိုတဲ့ စကားလုံးတွေနဲ့ တိုက်ခိုက်နေကြတာ မြင်လို့တောင်မကောင်းပါဘူး။ဘယ်လို အငုံစိတ်မျိုးနဲ့ ဝေဖန်တိုက်ခိုက်ကြလည်းမသိပေမယ့် မီးမီးရဲ့ စိတ်ထားလေးကြောင့် အားပေးချစ်ခင်တဲ့ ပရိတ်သတ်တွေကအများကြီးပါဘဲ။စိတ်ထားကောင်း
တဲ့ မီးမီးကို ချစ်တဲ့ထဲမှာ သာမာန်ပရိတ်သတ်တွေလည်းပါသလို အနုပညာရှင်တွေကပါ ဝိုင်းဝန်းချစ်ခင်ခဲ့ကြတဲ့အထိပါဘဲ။မီးမီးရဲ့ စိတ်ဓာတ်ကို အင်တာဗျူးတွေမှာ ပြောပြရင်း အသိအမှတ်ပြုကြတာတွေရှိသလို အခုလို မင်းသမီးလေး မြတ်သူသူက လက်ဆောင်ပေးပြီး ချစ်ကြောင်းပြသလာခဲ့ပါပြီ။

ပရိတ်သတ်အချစ်ကိုရထားပြီး အောင်မြင်ခဲ့တဲ့ မင်းသမီးချောလေးမြတ်သူသူကတော့ စိတ်ထားကောင်းတဲ့ မီးမီးကို ဘယ်လောက်ချစ်လဲဆိုတာက အခုပေးတဲ့ လက်ဆောင်က အဖြေပါဘဲ။ကိုယ်တိုင်ကလည်း အနုပညာရှင်တစ်ယောက်မို့ ဝေဖန်မှုတွေကို အလူးအလဲခံခဲ့ရတာမို့ မီးမီးကိုသနားပြီး ပိုလို့တောင်ချစ်ခင်နေခဲ့တာလည်းဖြစ်ပါတယ်။မြတ်သူသူတစ်ယောက် မီးမီးကို ချစ်တာက ဖြူစင်လွန်းတဲ့ စိတ်ထားကြောင့်ပါဘဲ။ဆရာပေါ်လည်း ကျေးဇူးမမေ့တတ်သလို အငယ်တွေပေါ်ကိုလည်း စီနီယာဆိုတာထက် အမကြီးစိတ်ဓာတ်အပြည့်ရှိတာကြောင့်လည်းပါပါတယ်။

Miss grand အတွက် အမြဲတွေးပေးနေတဲ့ မီးမီးကတော့ အခုမြန်မာနိုင်ငံမှာ commercial တွေလာရိုက်နေတာ ငွေလိုနေတဲ့ ဆရာဖြစ်သူကို ကူညီဖို့လည်းပါပါတယ်။ပြိုင်ပွဲမှာ နိုင်ငံအကူးအပြောင်းကြောင့်ငွေကြေးဆုံးရှုံးခဲ့ရတဲ့ ဆရာဖြစ်သူကို တတ်နိုင်သလောက်ကူညီပေးချင်တဲ့ စိတ်နဲ့ မြန်မာနိုင်ငံမှာ Commercial
တွေ၊Live sale တွေရောင်းရင်း ငွေရှာနေခဲ့တာလည်းဖြစ်ပါတယ်။အခုလိုမျိုးအားလုံးအပေါ်မှာ စိတ်ကောင်းထားတဲ့ မီးမီးရဲ့ ပုံစံကြောင့် မြတ်သူသူကတော့ မချစ်ဘဲကို မနေနိုင်အောင်ဖြစ်နေပါပြီ။မြတ်သူသူကတော့ မီးမီးကို ချစ်သလို ဝေဖန်တိုက်ခိုက်သူတွေကြောင့် သနားနေခဲ့ပါတယ်။

ဝေဖန်သူတွေကြောင့် စိတ်ပျက်မှာ မလိုလားဘဲ သူ့လိုမျိုးချစ်တဲ့ လူတွေအများကြီးရှိတယ်ဆိုတာကို သိစေချင်တာကြောင့် လက်ဆောင်ပေးပြီး Suprise တိုက်ခဲ့ပါတယ်။မြတ်သူသူကတော့ မီးမီးကို တိုက်ရိုက်လက်ဆောင်သွားပေးတာမဟုတ်ဘဲ မီးမီးLive sale ရောင်းနေတဲ့ နေရာကနေ Suprise တိုက်ခဲ့တာလည်းဖြစ်ပါတယ်။မီးမီးတစ်ယောက် အိတ်တွေ Live လွှင့်ရောင်း‌နေတဲ့ အချိန်မှာ မီးမီးအကြိုက်ဖြစ်စေမယ့် အိတ်လေးတစ်လုံးကို လက်ဆောင်ပေးခဲ့တာပါ။မြတ်သူသူကတော့ 2သိန်းတန်းအိတ်တစ်လုံးကို မီးမီးအတွက် မမလက်ဆောင်ဆိုပြီး စာသားလေးတစ်ကြောင်းနဲ့ လက်ဆောင်ဝယ်ပေးခဲ့တာလည်းဖြစ်ပါတယ်။

မြတ်သူသူက‌တော့ ‌ငွေကြေးနည်းတာ ၊များတာထက် မီးမီးရဲ့ စိတ်ထားကောင်းလေးတွေကို အသိအမှတ်ပြုချင်လို့ လုပ်ပေးခဲ့တာလို့ဆိုပါတယ်။မြတ်သူသူကတော့ မီးမီးကို ဝေဖန်သူတွေရှိနေလည်း သူ့လိုချစ်တဲ့ လူတွေအများကြီးရှိတာကိုသိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပေးခဲ့သလို စိတ်ထားကောင်းလို့ တစ်ရက်ထက် တစ်ရက်ပိုချစ်တယ်ဆိုပြီး သူ့ရဲ့အချစ်တွေကိုမီးမီးမြင်အောင်ပြသလာခဲ့ပါတယ်

။မီးမီးကတော့ လက်ဆောင်ရလို့ ဝမ်းသာတာထက် န်ိင်ငံကျော်မင်းသမီးတစ်ယောက်က သူ့အပေါ်ချစ်ပေးနေတာကို ဂုဏ်ယူဝမ်းသာဖြစ်နေရတာလည်းဖြစ်ပါတယ်။မီးမီးရဲ့အပျော်တွေကိုတော့ Live ကြည့်တဲ့ လူတိုင်းသိနိုင်ပါတယ်။မြတ်သူသူက ပေးတယ်ဆိုတဲ့ စကားကြောင့် အံ့ဩမဆုံးဖြစ်ခဲ့ရသလို ဝမ်းနည်း၊ဝမ်းသာဖြစ်ခဲ့ရတာအသေအချာပါဘဲနော်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...