သက်လျာခင်ကာရိုက်တာ က ဗီလိန် မဟုတ်ပါဘူး ဆိုတဲ့ပိုးမမှီသာ

Celebrity Local News
သက်လျာခင်ကာရိုက်တာ က ဗီလိန် မဟုတ်ပါဘူး ဆိုတဲ့ပိုးမမှီသာ

ပိုးမမှီသာကတော့ ဆေးကျောင်းသူလေးတစ်ဦး ဖြစ်ပြီး သူမရဲ့ယဉ်ယဉ်လေးနဲ့လှတဲ့အလှကြောင့် နာမည်ကြီးအောင်မြင်လာသူလေး ဖြစ်ပါတယ်။ စိုင်းစိုင်းရဲ့ “သိင်္ဂါရ သီချင်း” ထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး မဟာဆန်တဲ့သူမကို အားလုံးက စိတ်ဝင်စားအားပေးခဲ့တာ ဖြစ်ပါတယ်။ ကိုယ်လုံးလေးကသွယ်လျလှပလို မြန်မာဝတ်စုံလေးနဲ့ လိုက်ဖက်ကာ ကျက်သရေရှိသူလေး ဖြစ်ပါတယ်။

အခုတစ်ခါမှာလည်း “နှောင် ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသားကြီးနေတိုးနဲ့ အတူ တွဲဖက်သရုပ်ဆောင်ထားပြီး သရုပ်ဆောင်စွမ်းရည်ကြောင့် ပရိသတ်တွေကြားရေပန်းစား နာမည်ကြီးနေတာပဲဖြစ်ပါတယ်။

 

“နောင်” ရုပ်ရှင်ကားကြီးက သူမရဲ့ဇာတ်ကောင်ဖြစ်တဲ့ သက်လျာခင်နဲ့ပက်သက်ပြီး ပိုးမမှီသာက အခုလိုပဲရှင်းပြပေးလာတာပဲဖြစ်ပါတယ်။”သက်လျာခင်ကာရိုက်တာကို အွန်လိုင်းမှာအပြောများနေကြတယ်။ အမျိုးမျိုး မှတ်ချက်ပေးပြီးစိတ်ဝင်စားခံရတယ်။ ကွန်းမန့်မျိုးစုံပဲ။ ကိုယ့်ကိုဗီလိန်လို့မြင်ကြတယ်။ သက်လျာခင် ကို တစ်ချို့က အသည်းယားတယ်။ တစ်ချို့က မမြင်ချင်ဘူးဆိုလည်း သက်လျာခင်ဆိုတာပိုးမမှီသာသရုပ်ဆောင် ထားတဲ့ စရိုက်လေးတစ်ခုပဲဖြစ်ပါတယ်”ဆိုပြီးပြောပြလာတာပဲဖြစ်ပါတယ်။

 

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...