သရုပ်ဆောင် ဝေလာရီ မှ မွေးနေ့အမှတ်တရအဖြစ် လူအယောက်(၅၀၀)စာ ကျွေးမွေးလှူဒါန်းမှုပြုလုပ်ခဲ့

Celebrity Local News
သရုပ်ဆောင် ဝေလာရီ မှ မွေးနေ့အမှတ်တရအဖြစ်
လူအယောက်(၅၀၀)စာ ကျွေးမွေးလှူဒါန်းမှုပြုလုပ်ခဲ့

ဝေလာရီကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေးပဲဖြစ်ပါတယ်။ ဝေလာရီက ပရိသတ်တွေအပေါ်မှာလည်း ဟန်ဆောင်မာနမရှိပဲ ပွင့်လင်းစွာဆက်ဆံတတ်တဲ့ သူတစ်ယောက်လည်းဖြစ်သလို မိသားစုအပေါ်မှာလည်း တာဝန်ကျေသိတက်လွန်းလှတာလည်း ပရိသတ်သိရှိပြီးသားဖြစ်မှာပါ။ဝေလာရီကတော့ MRTV 4မှာ ထုတ်လွှင့်ပြခဲ့တဲ့ ဇာတ်လမ်း တွဲများစွာ မှာ ပီပြင်တဲ့ သရုပ်ဆောင်ချက်ကြောင့် ပရိသတ်က လက်ခံလာတဲ့ သရုပ်ဆောင်တစ်ယောက် ပဲဖြစ်ပါတယ်

ထုတ်လွှင့်ပြသခဲ့ပြီးဖြစ်တဲ့MRTV 4 ရုပ်သံဇာတ်လမ်းတွဲမှာလည်း ရေနံ့သာခင်ခင်ကြီး ငယ်ဘဝအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဇာတ်ကောင်တိကျမှုနဲ့သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ပရိသတ်အကြားအတော်လေးနာမည်ကြီးရေပန်းစားသွားခဲ့ပါသေးတယ်။

အခုတစ်ခါမှာတော့ သရုပ်ဆောင် ဝေလာရီ ရဲ့ အသက်(၂၆)နှစ်ပြည့်မွေးနေ့အလှူကို အောက်တိုဘာလ (၁)ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်ရှိ သူမနေအိမ်မှာပြုလုပ်ခဲ့ပြီး ထမင်း၊ ကြက်သား ဟင်း၊ ငါးဖယ်ဟင်း၊ ပဲဟင်း ၊ အရွက်ကြော်နှင့် ငပိရည်တို့စရာအစုံတို့ဖြင့် လူအယောက်(၅၀၀)စာ အားကျွေးမွေးလှူဒါန်းကုသိုလ် ပြုလုပ်ခဲ့ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...