သဲစုငြိမ်းကို Top5မှာရပ်တန့်ဖို့ မြင်နေတယ်ဆိုပြီး ဟောကိန်းထုတ်လိုက်တဲ့
ထိုင်းနာမည်ကြီး တားရော့ဆရာမ
ထိုင်းနိုင်ငံရဲ့ နာမည်ကြီးတားရော့ဆရာမတစ်ယောက်ကတော့ ပရိတ်သတ်တွေရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးတဲ့ စကားပြောလာခဲ့ပြီလည်းဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာ နာမည်ကျော်ကြားပြီး စီးပွားရေးလုပ်ငန်းရှင်တွေ၊အနုပညာရှင်တွေရဲ့ လက်စွဲဖြစ်တဲ့ တားရော့ဆရာမတစ်ယောက်ကတော့ သဲစုငြိမ်းရဲ့ Final ရလာဒ်ကို ဟောကိန်းထုတ်လာခဲ့တာလည်းဖြစ်ပါတယ်။
အခုသဲစုငြိမ်းကို ဟောကိန်းထုတ်နေတဲ့ တားရော့ဆရာမကို ပရိတ်သတ်တို့သိကြမှာပါ။မနှစ်က ယှဉ်ပြိုင်ခဲ့တဲ့ နီနီလင်းအိမ် အလှည့်တုန်းကလည်း အရမ်းနာမည်ကြီးပြီး ဟော့ဖြစ်နေချိန်မှာ အဲ့ဒီ့တားရော့ဆရာမက ဟောကိန်းထုတ်ပေးခဲ့ဘူးပါတယ်။
နီနီလင်းအိမ်အလှည့်မှာ ဟောကိန်းထုတ်တာမှန်ကန်ခဲ့လို့ ပရိတ်သတ်တွေက အံ့ဩခဲ့ရသလို အခုလည်း သဲစုငြိမ်းအလှည့်မှာ တားရော့ဖတ်ပြီး ဟောကိန်းထုတ်ပေးခဲ့ပြန်ပါပြီ။သူ့အနေနဲ့ တားရော့ကတ်ဖတ်ပေးခဲ့ပြီး မြင်တာကိုပြောခဲ့ပေမယ့် ပရိတ်သတ်တွေကြားမှာတော့ စိုးရိမ်ပူပန်မှုတွေရှိနေကြပြီလည်းဖြစ်ပါတယ်။ပရိတ်သတ်တွေကတော့ ဒီနှစ်မှာ သဲသဲကို Winner ရဖို့ မှန်းထားကြတာပါ။သဲသဲက အသက်ငယ်ပေမယ့် အလှမယ်တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေနဲ့ ပြီးပြည့်စုံနေတာကြောင့်
ပရိတ်သတ်တွေက Winner crown မှန်းထားတာလည်းဖြစ်ပါတယ်။
ပရိတ်သတ်တွေကလည်း Winner ဆုကြီး မျှော်မှန်းထားသလို သဲသဲအပါအဝင် သူတို့ Miss grand Myanmar Organization တစ်ခုလုံးကလည်း သဲသဲသာ Winner crown မရရင် ရူးသွားမယ့် အနေအထားမျိုးမှာရှိပါတယ်။၂၀၂၄ miss grand international ပြိုင်ပွဲကို အလှမယ်တစ်ယောက်ဖြစ်တဲ့ သဲသဲတစ်ယောက်တည်းကြိုးစားနေတာမဟုတ်ဘဲ Organization တစ်ခုလုံးက ကြိုးစားပြီး လုပ်ကိုင်နေခဲ့တာ အားလုံးအမြင်ပါဘဲ။ပွဲနေ့မှာ တစ်နေ့တစ်မျိုးမရိုးဘဲ လှပနေအောင် အဝတ်အစားအပြင်၊Makeup ကအစ အစစအရာရာသေချာပြင်ဆင်ပေးနေခဲ့သလို အလှမယ်သဲစုငြိမ်းကိုယ်တိုင်ကလည်း သေချာကြိုးစားနေတာ အားလုံးအမြင်ပါဘဲနော်။
ကြိုးစားပြီး ပြုပြင်လွန်းလို့ အရင်ကမုန်းပြီး ဝေဖန်နေကြတဲ့ ပရိတ်သတ်တွေတောင် သဘောကျပြီး အားပေးနေကြတဲ့အထိပါဘဲ။သဲစုငြိမ်းကတော့ အလှမယ်တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်း တွေအကုန်ပြီးပြည့်စုံနေပြီး ထင်ပေါ်နေတာကြောင့် နိုင်ငံတကာက လူတွေရဲ့ မနာလိုတိုက်ခိုက်တာကိုပါ ခံနေရတဲ့အထိပါဘဲ။ဝေဖန်တိုက်ခိုက်မှုတွေဘယ်လောက်ဘဲ များများ သဲစုငြိမ်းရဲ့ ပန်းတိုင်ကတော့ Winner crown ပိုင်ဆိုင်ရဖို့ပါဘဲ။Miss grand Myanmar ပွဲကြီးပြီးဆုံးကတည်းက ရလာဒ်ကောင်းရဖို့ သေချာပြင်ဆင်ကြိုးစားလာခဲ့တဲ့အပေါ်မှာ အားလုံးက Winner ဆိုပြီး ကြွေးကျော်နေခဲ့ကြပေမယ့် ထိုင်းနိုင်ငံကတားရော့ဆရာမရဲ့ ဟောကိန်းကြောင့် ပရိတ်သတ်တွေကတော့ စိတ်ဓာတ်ကျနေရပါပြီ။
အမြဲတမ်းနီးပါးမှန်နေတတ်တဲ့ တားရော့ဆရာမက အခုလည်း သဲစုငြိမ်းနဲ့ Winner crown ရဲ့ အခြေအနေကို ကြည့်ပေးခဲ့ပေမယ့် သူမြင်နေတဲ့ အရာက တော့ အခက်အခဲတွေနဲ့ Top 5မှာ ရပ်တန့်နိုင်တယ်ဆိုတာပါဘဲ။တားရော့ဆရာမက နီနီလင်းအိမ်တုန်းကလိုဘဲ သဲစုငြိမ်းကိုသေချာကြည့်ပေးခဲ့တာလည်းဖြစ်ပါတယ်။Top 20မှာ ပြောစရာမလိုအောင် အဆင်ပြေပြေဝင်နိုင်သလို ၊Top 10နဲ့ Top 5မှာလည်း အခက်အခဲအခဲမရှိခဲ့ပါဘူး။သူ့ရဲ့ ရလာဒ်တွေကတော့ Top 5ထိကို ကောင်းကောင်းဝင်နိုင်ပေမယ့် Top 5ကနေ Winner ကိုတတ်တဲ့ နေရာမှာ အပြိုင်အဆိုင်၊အတိုက်အခိုက်၊လွဲချော်မှုတွေကြောင့်မသေချာတဲ့ ပုံစံမျိုးဟောကိန်းထုတ်လာခဲ့တာလည်းဖြစ်ပါတယ်။
သဲစုငြိမ်းကတော့ နောက်ဆုံး Final နေ့မှာ Top 5ထိရောက်နိုင်ပေမယ့် ထပ်တတ်မယ့်နေရာမှာ အမေးအဖြေလွဲတဲ့ ပုံစံမျိုးတွေ၊အတိုက်အခိုက်ရှိတဲ့ ပုံစံမျိုးတွေကြောင့် Winner ရဖို့ ကိုသေချာကျော်ဖြတ်ရမယ့် ပုံစံပါဘဲ။သူ့ရဲ့ အမြင် အရတော့ Winner မရနိုင်ဘူးဘိုင်သေပြောတာမဟုတ်ဘဲ ရဖို့အရမ်းခက်ခဲနေသလို ကံ၊ဉာဏ်နဲ့ယှဉ်ပြိုင်ပြီး ဘေးပယောဂတွေကို အာရုံထဲမထည့်ဘဲ ယှဉ်ပြိုင်မှသာ တော်ကာကျမယ့်ပုံစံမျိုးပြောထားတာလည်းဖြစ်ပါတယ်။သူ့ရဲ့ ဟောကိန်းအရကတော့ သူ့အနေနဲ့ သဲစုငြိမ်းကို မသေချာသေးတာမို့ Top4ထိဘဲ မှန်းထားလို့ရအုံးမယ်ဆိုပြီး ပြောခဲ့သလို Final နေ့မှာ ရွှေရောင်နဲ့ အဝါရောင် ဝတ်ဆင်ဖို့ မှာကြားခဲ့ပါတယ်။
ပရိတ်သတ်တွေကတော့ တားရော့ဆရာမစကားကြောင့် စိတ်ပူပန်ရတာအမှန်ပါဘဲ။ထိုင်းနိုင်ငံမှာလည်း အားလုံးနီးပါးယုံကြည်ကြတဲ့ နာမည်ကြီးတစ်ယောက်ဖြစ်သလို နီနီ့အလှည့်မှာလည်းမှန်ခဲ့တာမို့ အားလုံးက စိုးရိမ်ခဲ့ကြတာပါ။ပရိတ်သတ်တွေကတော့ စိတ်ပူပေမယ့်လည်း တားရော့ဆရာမပြောခဲ့တာက Winner မရဘူးပြောတာမဟုတ်ဘဲ Winner ရဖို့ အတိုက်အခိုက်တွေနဲ့ ခက်ခဲလိမ့်မယ်ဆိုပြီးပြောလာတာမို့ သဲသဲကို သေချာအာရုံစိုက်ပြီးပြိုင်ဖို့ အားပေးစကားပြောနေကြသလို Winner ရဖို့လည်း ဝိုင်းပြီး ဆုတောင်းစကားဆိုနေကြပြီလည်းဖြစ်ပါတယ်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။