“သံယောဇဉ်လွန်းတင်သည့်ကြိုး “သီချင်းထဲမှာ မင်းဦးလာခဲ့တာကို
ပရိသတ်တွေက လာရှင်းပြနေရတုန်း ဆိုတဲ့ ပပဝင်းခင်
သရုပ်ဆောင်ပပဝင်းခင်ကတော့ အနုပညာခေတ်တစ်ခေတ်ရဲ့အောင်မြင်ခဲ့တဲ့ မင်းသမီးတစ် ယောက်ဖြစ်ပါတယ်။ယနေ့တိုင်တောင် တစ်ကိုယ်တည်းဖြစ်နေဆဲမိသားစုကိုအချိန် ပေးကာအချစ်မရှာသေးတဲ့ အပျိုကြီးပပဝင်းခင်ကတော့ တူ တွေတူမလေးတွေနဲ့ပျော်နေပြီပဲ ဖြစ်ပါတယ်။
သရုပ်ဆောင် လောကနဲ့ ကင်းကွာနေတဲ့ ပပဝင်းခင်က ပရိ သတ်နဲ့ ဝေးနေတယ်လို့ မခံစားရပါဘူးလို့ သူမရဲ့ အနေအထား ကို ပြောပြခဲ့ပါတယ်။ လတ်တလာမှာတော့ ပိုးထည် ကြော်ညာတွေအတွက် ဓာတ်ပုံ ရိုက်ပေးဖြစ်နေတဲ့ ပပဝင်းခင်က သူမဖခင်ရဲ့ အိမ်ခြံမြေ ရောင်းဝယ်ရေး အလုပ်မှာ ပါဝင်ကူညီပေးနေတယ်လို့ရပါတယ်။
“သံယောဇဉ်လွန်းတင်သည့်ကြိုး” သီချင်းကို Update ရို-က်ဖို့ကမ်းလှမ်းကြတယ်။ တစ်နိုင်ငံလုံးချစ်တဲ့သီချင်း ဖြစ်လို့ ပရိသတ် ညားစေချင်လား၊ ဘယ်လိုဖြစ်စေချင်လဲခွင့်တောင်းရမယ်။ ချစ်ဖို့ကောင်းတာက အခုထိ ပပချစ်ပရိသတ်တွေက ပပကိုအမြဲတွေ့တာနဲ့ရှင်းပြချင်နေတာ။ ပပလည်းအမြဲနားထောင်နေတာ။ (၁၅)နှစ်ကျော် ပရိသတ်နဲ့ကိုယ်နဲ့ ချစ်စရာကောင်းတဲ့ အကြောင်းအရာတစ်ခုဖြစ်ခဲ့တာပေါ့။ ကိုမင်းဦးကတစ်ခုခုဆို အမြဲဖိတ်ပေးပေမယ့် သီချင်းမှာလွဲပြီးကတည်းက အစ်ကိုနဲ့အပြင်မှာပါလွဲနေတုန်းပါ”ဆိုပြီး စနောက်ပြောပြလာတာပဲဖြစ်ပါတယ်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။