အပြိုင်အဆိုင်လာကမ်းလှမ်းတဲ့ Producer တွေကြောင့် လက်ရှိရုပ်ရည်နဲ့ဘဲ မင်းသားလုပ်သွားမယ်ဆိုတဲ့ စစ်နိုင်သီဟဦး

Celebrity Local News
အပြိုင်အဆိုင်လာကမ်းလှမ်းတဲ့ Producer တွေကြောင့် လက်ရှိရုပ်ရည်နဲ့ဘဲ
မင်းသားလုပ်သွားမယ်ဆိုတဲ့ စစ်နိုင်သီဟဦး

စစ်နိုင်သီဟဦးကတော့ ဖခင်သီဟတင်စိုးရဲ့ ခြေရာကို နင်းဖို့ကြိုးစားနေသူတစ်ဦးလည်းဖြစ်ပါတယ်။အနုပညာလောကကို ကလေးဘဝမှာ စတင်ဝင်ရောက်ခဲ့ပေမယ့် ရိုက်ခဲ့တဲ့ ဇာတ်ကားတွေကနည်းပါတယ်။ငယ်ငယ်က ချစ်စရာကောင်းတဲ့ မျက်နှာအသွင်အပြင်လေးကြောင့် ပရိတ်သတ်ချစ်ခင်မှုကို ရခဲ့တဲ့ စစ်နိုင်သီဟဦးကတော့ အခုအချိန်မှာ ဝေဖန်ခံနေရပြီလည်းဖြစ်ပါတယ်။အဓိကကတော့ ပြောင်းလဲသွားတဲ့ ရုပ်ရည်အသွင်အပြင်ရယ်နဲ့ သူ့ရဲ့ ခံယူချက်ကြောင့်ပါဘဲ။စစ်နိုင်သီဟဦးကတော့ မိဘတွေ သေဆုံးပြီးချိန်မှာ ကိုယ်ဘဝကို စတင်ရုန်းကန်လာခဲ့ရတာပါ။

အရင်က လူဆိုးတစ်ယောက်လိုမျိုး ဆိုးမိုက်ပြီး မသိတတ်ခဲ့ပေမယ့် အခုအခါမှာတော့ လိမ္မာနေရပါပြီ။ဖခင်ရှိနေချိန်မှာ သရုပ်ဆောင်ဖြစ်ဖို့ စိတ်ကူးမရှိဘဲ အခုအချိန်မှာ အနုပညာလောကထဲကို မျက်စိသားငယ်နားသားငယ်နဲ့ရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။စစ်နိုင်သီဟဦးက အမှန်တကယ်ဝါသနာပါတာ အဆိုပိုင်းဖြစ်ပေမယ့် မျိုးရိုးတိမ်ကောသွားမှာဆိုးတာကြောင့် သရုပ်ဆောင်လောကထဲကို ဝင်ဖို့ ကြိုးစားခဲ့ပေမယ့် အစမှာတင်ဝေဖန်ခံနေရပြီလည်းဖြစ်ပါတယ်။မိဘတွေရဲ့ အမွေကို ထိန်းသိမ်းဖို့ မင်းသားလုပ်ဖို့ စီစဉ်နေပေမယ့် မင်းသားတစ်ယောက်ဖြစ်ဖို့ ရုပ်ရည်မရှိတာကြောင့် ပရိတ်သတ်တွေက ပစ်တင်ဝေဖန်ခဲ့ကြတာပါ။

တစ်ချို့မင်းသားတွေက ရုပ်မချောပေမယ့် ရုပ်ဆိုးတဲ့ ထဲလည်းမပါဘဲ သူတို့မှာအားသာချက်တွေကရှိပြီးသားလည်းဖြစ်ပါတယ်။သူ့အနေနဲ့ မင်းသားဖြစ်ချင်ပေမယ့် ကြည့်ပျော်ရူပျော်ရုပ်ရည်‌တောင်မရှိတာကြောင့်ပြသာနာဖြစ်ခဲ့ရတာလည်းဖြစ်ပါတယ်။ပုံမှန်ဆိုရင် ပရိတ်သတ်တွေက သူ့ရဲ့ သရုပ်ဆောင်ချက်ကို ကြည့်ပြီး ဆုံးဖြတ်မှာဖြစ်ပေမယ့် အခုတော့ အစမှာတင် ဇာတ်သိမ်းခန်းကို ရောက်ခဲ့ရတာလည်းဖြစ်ပါတယ်။စစ်နိုင်သီဟဦးကတော့ ငယ်ငယ်တုန်းက ချစ်စရာကောင်းသလောက် အခုကတော့ ပရိတ်သတ်ဝေဖန်တာခံရတဲ့အထိရုပ်ရည်ပိုင်းမှာ ပြသနာရှိနေခဲ့တာပါ။

အရပ်လည်းပုသလို၊လူကလည်းဝပြီး အသားလည်းမဲတဲ့အပြင် သွားတွေကပါ ကွမ်းဂျိုးတတ်ပြီး မညီမညာဖြစ်နေတဲ့ သူ့ရဲ့ ပုံစံကြောင့် ပရိတ်သတ်တွေက မင်းသားမလုပ်ဖို့ပြောဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။ပရိတ်သတ်တွေဝေဖန်နေပေမယ့်လည်း သူ့ကိုမြေတောင်မြောက်ပေးနေတဲ့ လူတွေကြောင့် ပန်းပျိုးလက်ဆိုတဲ့ ဇာတ်လမ်းတွဲကိုစတင်ရိုက်ကူးခဲ့ရပါပြီ။ပန်းပျိုးလက်ဆိုတဲ့ ဇာတ်လမ်းတွဲမှာတော့ မြို့ငပွေးတစ်ယောက်အနေနဲ့ ပါဝင်ရိုက်ကူးထားရတာကြောင့် ပရိတ်သတ်တွေကတော့ စလာကတည်းက ကြောင်တောင်တောင်နဲ့ စလာပြီဆိုပြီးပြောဆိုနေကြပါပြီ။

အဖေက တော်လှန်ရေးမင်းသားကြီးဖြစ်ပေမယ့် သားကတော့ လူလိမ် ငပွေးတစ်ယောက်အနေနဲ့ရိုက်ကူးတော့မှာမို့ ပရိတ်သတ်တွေက မနှစ်သက်ကြပါဘူး။စစ်နိုင်သီဟဦး ကတော့ မြို့ငပွေးကာရိုက်တာနဲ့ ရိုက်ကူးရတာ အပြင်ကာရိုက်တာနဲ့ ထပ်တူကျနေလို့ပါဘဲ။အပြင်မှာလည်း အရင်ကငပွေးတစ်ယောက်မို့ ရိုက်ကူးရတာ လွယ်ကူလို့ လက်ခံဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။စစ်နိုင်သီဟဦးတစ်ယောက် ဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ လုပ်ချင်တာလုပ်နေခဲ့တာ ဇာတ်ကားရိုက်ဖို့ အပြိုင်အဆိုင်ကမ်းလှမ်းနေတဲ့ Producerတွေကြောင့်ပါဘဲ။ရုပ်ရည်ကိုမကြည့်ဘဲ ခေါင်းဆောင်မင်းသားတင်ရိုက်ဖို့ ကမ်းလှမ်းထားတဲ့ Producer တွေအများကြီး‌ရှိတာကြောင့် သူ့အနေနဲ့ မင်းသားတစ်လတ်ဖြစ်ဖို့သေချာသလောက်ဖြစ်နေပါပြီ။

စစ်နိုင်သီဟဦးကတော့ မင်းသားတစ်‌ယောက်ဖြစ်လာတဲ့ အပေါ်မှာ လူတွေ ဝေဖန်ကြပေမယ့် သူ့အနေနဲ့ ရုပ်ရည်ရူပကာ ပြောင်းလဲဖို့ အစီအစဉ်မရှိဘူးလို့ဆိုပါတယ်။ပရိတ်သတ်အကြိုက်လိုက်ပြီး ခွဲစိတ်ပြုပြင်ပြောင်းလဲဖို့ အစီအစဉ်မရှိဘဲ အခုရုပ်ရည်ကို လူတွေလက်ခံနိုင်အောင်ကြိုးစားသွားမှာလည်းဖြစ်ပါတယ်။

စစ်နိုင်သီဟဦးကတော့ အချစ်ကားတွေရိုက်ဖို့အတွက် အခုပုံစံနဲ့မဖြစ်နိုင်တာကြောင့် လိုက်ဖက်မယ့် ဖိုက်တင်မင်းသားတစ်လတ်ဖြစ်အောင် ကြိုးစားသွားတော့မှာလည်းဖြစ်ပါတယ်။ဖခင်ရဲ့ အမွေကို ဆက်ခံသွားမှာမို့ တော်လှန်ရေးကားတွေကမ်းလှမ်းရင်လည်း ရိုက်ကူးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ဒီတစ်ခေါက်မှာ အနုပညာနဲ့ ပတ်သက်ရင် သေချာလုပ်မှာမို့ ပရိတ်သတ်တွေအားပေးဖို့ သေချာပြင်ဆင်သင့်ပါပြီနော်။ရုပ်ရည်က အဓိကမကျဘဲ ပရိတ်သတ်အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ ဖိုက်တင်မင်းသားဖြစ်အောင်ကြိုးစားသွားမှာလည်းဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...