အများထပ်ထူးပြီး သတို့သမီးဝတ်စုံကို 100KGလောက်လေးတဲ့
ဝတ်စုံမျိုးဝတ်ဖို့ အခုကတည်းက ပြင်ဆင်နေပြီဖြစ်တဲ့ နေခြည်ဦး
ဘာလုပ်လုပ် ပရိတ်သတ်တွေကြားဂရတ်ထပြီး ပြောစရာဖြစ်ခဲ့ရတဲ့ နေခြည်ဦးကတော့ အခုလည်းအဆန်းအပြားလုပ်လာပြန်ပါပြီ။နေခြည်ဦးကတော့ခွဲစိတ်ပြုပြင်မှုပေါင်းများစွာလုပ်ပြီး ရုပ်ချောချောကောင်မလေးအဖြစ် နေထိုင်ရင်း အိမ်ထောင်ပြုရမယ့်နေရက်တွေကို ထိုင်စောင့်နေသူလည်းဖြစ်ပါတယ်။နေခြည်ဦးကတော့ ယောကျာ်းရဖို့အရေးကို သေချာအားစိုက်နေတာကြောင့် ပရိတ်သတ်တွေကြားမှာ ဝေဖန်စရာတစ်ခုဖြစ်လို့နေခဲ့တာပါ။Social influencer တစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ အစပိုင်းမှာ အလုပ်တွေကို အာရုံစိုက်ပြီး လုံးပန်းနေခဲ့ပေမယ့် လက်ထပ်ခွင့်တောင်းခံရပြီးချိန်မှာတော့ အလုပ်တွေကိုပစ်ပြီး လက်ထပ်ပွဲအတွက် လုံးပန်းလို့နေခဲ့တာလည်းဖြစ်ပါတယ်။
တစ်သက်မှာ တစ်မင်္ဂလာဘဲရှိတာမို့ အမျိုးသမီးတိုင်းက မင်္ဂလာပွဲကိုအကောင်းဆုံးဖြစ်ချင်ကြတာနားလည်ပေမယ့် နေခြည်ဦးကတော့ သူများထက်ပိုထူးပါတယ်။အရင်ကလည်း ဘာလုပ်လုပ်အပိုလုပ်တတ်သူတစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ သူ့ရဲ့ လက်ထပ်ပွဲကိုဘယ်သူနဲ့မှမတူအောင် ဖန်တီးဖို့ လုံးပန်းနေခဲ့တာလည်းဖြစ်ပါတယ်။အရင်ကချောပေ့ဆိုတဲ့ အမျိုးသားတွေနဲ့ တွဲပြီး လက်ထပ်ဖို့ စိတ်ကူးယဉ်ခဲ့ပေမယ့် တကယ်ယူမယ့်အချိန်မှာတော့ ရုပ်ဆိုးတဲ့ ဘဲကြီးနဲ့ ရတာမို့ ပရိတ်သတ်တွေကတော့ ဟာသတစ်ခုလိုဖြစ်နေခဲ့ပါပြီ။နေခြည်ဦးကတော့ ချစ်သူတွေထည်လဲတွဲပြီး လက်ထပ်ရမယ့်နေ့ကို မျှော်နေခဲ့ပေမယ့် အခုအချိန်မှသာ သူ့ရဲ့ ဆန္ဒတွေက ပြည့်ဝခဲ့ရတာပါ။
လက်ထပ်ခွင့်မတောင်းမချင်း အလှတွေပြင်ပြီးထိုင်စောင့်ခဲ့ရတဲ့ နေခြည်ဦးက ကောင်လေးဖိနပ်ကြိုးချည်တာနဲ့ သူ့ကို လက်ထပ်ခွင့်တောင်းမယ်ဆိုပြီး စိတ်ကူးယဉ်နေခဲ့တာပါ။ချစ်သူကောင်လေးရဲ့ လက်ထပ်ခွင့်တောင်းမယ့် အချိန်ကို အလှတွေပြင်ရင်း စောင့်နေတဲ့သူ့ရဲ့သနားစရာပုံစံကြောင့် ပရိတ်သတ်တွေတောင် သူ့ရဲ့ ပုံစံကို ကြည့်မရတော့ဘဲ ဆန္ဒနဲ့ဘဝထပ်တူကြပြီး ယောကျာ်းမြန်မြန်ရဖို့ ဆုတောင်းပေးခဲ့ကြတဲ့အထိပါဘဲ။
နေခြည်ဦးကတော့ လွန်ခဲ့တဲ့ ခရစ်စမတ်က သူမျှော်မှန်းထားတဲ့ လက်ထပ်ခွင့်တောင်းခံပြီးချိန်မှာတော့ သူ့ရဲ့ Professional အလုပ်ပါပြောင်းခဲ့တဲ့အထိပါဘဲ။အရင်က Beauty blogger တစ်ယောက်အဖြစ်နာမည်ကြီးနေပေမယ့် အခုနောက်ပိုင်းမှာ Wedding blogger တစ်ယောက်အဖြစ်မြင်တွေ့ရမှာပါ။လက်ထပ်တာက မိန်းကလေးတွေအတွက် အရေးကြီးတာမှန်ပေမယ့် နေခြည်ဦးကတော့ ပိုပါတယ်။လက်ထပ်ပွဲကို Show ပွဲလိုမျိုးကျင်းပဖို့ သတို့သမီးအရံတွေကို Catwalk လျှောက်တာသင်ပေးနေသလို ဓာတ်ပုံရိုက်ဖို့ ပို့စ်ပေးနည်းကအစ သင်ပေးခဲ့တာပါ။
သူ့ရဲ့လုပ်ရက်တွေက ရူးကြောင်ကြောင်နိုင်ပြီး ပရိတ်သတ်တွေကြားမှာ ပြောစရာဖြစ်နေပေမယ့် နေခြည်ဦးကတော့ အေးဆေးပါဘဲ။သူ့ရဲ့ လက်ထပ်ခွင့်တောင်းခံရတာကနေစပြီး နောက်ပိုင်းအပြင်အဆင်တွေကအစ အကုန်ပရိတ်သတ်တွေကို အစီအစဉ်တစ်ခုလိုချပြဖို့ စီစဉ်နေပြီး မင်္ဂလာဆောင်ရင်တောင် Live လွှင့်အုံးမှာလည်းဖြစ်ပါတယ်။မင်္ဂလာပွဲကိုသူများထက်ထူးပြီးကျင်းပချင် လှချင်နေတဲ့ နေခြည်ဦးကတော့ သတို့သမီးဝတ်စုံနဲ့ လိုက်ဖက်အောင် ဝိတ်ချနေခဲ့တာ အခုဆိုရင် တော်တော်ပြောင်းလဲနေပြီလည်းဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၅လလောက်က သူ့ရဲ့ ပုံပျက်နေတဲ့ ပုံစံနဲ့ အခုပြောင်းလဲသွားတဲ့ သူ့ရဲ့ ပုံစံကြောင့် ပရိတ်သတ်တွေကတောင် အံ့အားသင့်ခဲ့ရတဲ့အထိပါဘဲ။နေခြည်ဦးကတော့ လှပတဲ့ Body လေးဖြစ်ချင်လို့ ဝိတ်ချနေခဲ့သလို သူ့ရဲ့ ကြီးမားလေးလံတဲ့ သတို့သမီးဝတ်စုံကြီးကိုထမ်းနိုင်ဖို့ အလေးတွေမပြီး ကြိုးစားနေခဲ့တာလည်းဖြစ်ပါတယ်။နေခြည်ဦးကတော့ သူ့ရဲ့ပွဲကို Miss ပွဲတစ်လိုဖြစ်ချင်သလို သူ့ရဲ့ အဝတ်အစားတွေကိုလည်း National costume လိုမျိုးဖြစ်ချင်နေပုံပါဘဲ။
သတို့သမီးအရံတွေကိုအမိုက်စားဆင်ပြီး အလှမယ်တွေလို Train ပေးနေသလို ကိုယ်တိုင်ကလည်း ဝိတ်အရမ်းလေးတဲ့ သတို့သမီးဝတ်စုံကိုထမ်းဖို့ အခုကတည်းက ကျင့်နေပြီလည်းဖြစ်ပါတယ်။နေခြည်ဦးကတော့ သူ့ရဲ့ ဝတ်စုံကိုထမ်းနိုင်ဖို့အတွက် 68Kg အလေးတုံးနဲ့ Back squat ထိုင်နေခဲ့ပါပြီ။ဝတ်စုံက ဘယ်လောက်လေးလည်းမသိပေမယ့် မတဲ့ အလေးတုံးက 68Kg တောင်မှပါနော်။နေခြည်ဦးကတော့ မင်္ဂလာပွဲကို သူများနဲ့မတူအောင် ကျင်းပချင်သူတစ်ယောက်မို့ ဝတ်စုံကို ဘယ်လိုပုံစံဝတ်မလည်းဆိုတာ အားလုံးက သိချင်နေကြပါပြီ။
လူတိုင်းကို စိတ်ဝင်စားအောင် လုပ်တတ်သလို ဂရတ်တွေဖန်တီးတတ်တဲ့ နေခြည်ဦးရဲ့ Fashion တွေကို ပရိတ်သတ်တွေကစောင့်မျှော်နေသလို ဝေဖန်ဖို့လည်း အသင့်ဖြစ်လို့နေပြီလည်းဖြစ်ပါတယ်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။