အရှက်တွေ၊ဘာတွေငဲ့တွက်မနေဘဲ သဲသဲကို Supporting ပေးဖို့အတွက် ပရိတ်သတ်တွေနဲ့challenge ခေါ်ခဲ့တဲ့အတိုင်းကပြခဲ့တဲ့ မီးမီး

Celebrity Local News
အရှက်တွေ၊ဘာတွေငဲ့တွက်မနေဘဲ သဲသဲကို Supporting ပေးဖို့အတွက်
ပရိတ်သတ်တွေနဲ့challenge ခေါ်ခဲ့တဲ့အတိုင်းကပြခဲ့တဲ့ မီးမီး


မီးမီးကတော့ အလှမယ်လောကမှာ စိတ်ထားကောင်းတဲ့ အလှမယ်တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသူပါ။ အပြိုင်အဆိုင်တွေများနေတဲ့ လောကကြီးမှာ ကိုယ့်ထက်သာရင်မနာလိုတတ်ကြပေမယ့် မီးမီးကတော့ အားလုံးနဲ့‌ဆန့်ကျင်
ဘက်ပါဘဲ။မနာလိုဖြစ်တာတွေက လူအများကြားမှာ ရှိတတ်သလို အနုပညာရှင်တွေဆီမှာပိုလို့တောင်ဆိုးပါတယ်။ကိုယ့်ထက်သာသွားမှာဆိုးလို့ မနာလိုဖြစ်တာတွေ၊ဂုန်းတိုက်တာတွေရှိကြပေမယ့် မီးမီးကတော့ စိတ်ထားကောင်းလေးကို ပိုင်ဆိုင်ထားတာမို့ ပရိတ်သတ်သတ်အချစ်ကို အလုံးစုံရရှိနေတာလည်းဖြစ်ပါတယ်။

2022 Miss grand Myanmarရဲ့ Winner ဆုရှင်ဖြစ်တဲ့ မီးမီးကတော့ စိတ်ထားကောင်းလွန်းပြီး ဂျူနီယာဖြစ်တဲ့ အလှမယ်တွေအပေါ်မှာ Supporting အပြည့်ပေးထားသူတစ်ယောက်အဖြစ်နာမည်ကြီးပါတယ်။အလှမယ်တွေတိုင်းက Winner ဆုရပြီးရင် Organization ဘက်ကို လုပ်ပေးစရာရှိတာ လုပ်ပေးပြီးရင် ကိုယ့်အလုပ်ကိုလုပ်ကာ ဘဝကို ဆက်လျှောက်ကြတာများပါတယ်။မီးမီးကတော့ Winner ရပြီး နောက် 2နှစ်ကျော်အထိကို Organization ဘက်ကို ပြန်ကြည့်ပေးသလို နောက်တက်လာတဲ့ အလှမယ်တွေကိုလည်း အစစအရာရာ လုပ်ကိုင်ပေးနေခဲ့တာကလည်း မနာလိုစိတ်ကင်းတဲ့ သူ့ရဲ့ စိတ်ဓာတ်‌ကြောင့်ပါဘဲ။

မီးမီးကတော့ 2023 ရဲ့ Winner ဆုရှင် နီနီလင်းအိမ်ကိုလည်းအကောင်းဆုံး support ပေးခဲ့တာ အားလုံးမျက်မြင်ပါဘဲ။လူတိုင်းအပေါ်စိတ်ထားကောင်းကောင်းနဲ့ ဆက်ဆံတတ်ပေမယ့် ဝေဖန်သူတစ်ချို့ကြောင့် စိတ်ညစ်ခဲ့ရဖူးပါတယ်။international မှာသွားပြိုင်ပြီး Unplaced မရတဲ့ အလှမယ်ဆိုပြီး နှိမ်ပြီးပြောပေမယ့် သူ့အလုပ်ကိုသူဆက်လုပ်နေဆဲလည်းဖြစ်ပါတယ်။အနှိမ်ခံရတာတွေရှိပေမယ့် စီနီယာတစ်ယောက် အမကြီးတစ်ယောက်ပီသလွန်းတဲ့ မီးမီးက နီနီလင်းအိမ်အလှည့်မှာ အစစအရာရာ ကူညီဖေးမပေးသလို 2024 ရဲ့ Winner ဆုရှင်သဲသဲကိုလည်း သနားစိတ်ကြောင့် ပိုလို့တောင် ကူညီထောက်ပံ့ပေးနေခဲ့တာလည်းဖြစ်ပါတယ်။

မီးမီးကတော့ ကပ်စီးနည်းသူအဖြစ်နာမည်ကြီးပေမယ့် သဲသဲအတွက် ဖိနပ်တွေ၊အိတ် တွေကအစ ဝယ်ပေးသလို ထိုင်းနိုင်ငံမှာ Training လာယူတဲ့ သဲသဲရဲ့ နောက်ကနေ တကောက်ကောက်လိုက်နေခဲ့တာလည်းဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာလည်း တကောက်ကောက်လိုက်ပြီး ကူညီပေးခဲ့တာမို့ မန်နေဂျာလားလို့ အမေးခံရတဲ့အထိပါဘဲ။အခုလည်း ပြိုင်ပွဲပြိုင်တဲ့ သဲသဲနောက်ကိုလိုက်ပြီး အကောင်းဆုံး Support ပေးတဲ့အထိ သူ့စိတ်ကဖြူစင်ခဲ့တာလည်းဖြစ်ပါတယ်။ပရိတ်သတ်တွေကတော့ မီးမီးရဲ့ စိတ်ထားကောင်းလေးကြောင့် အခုအချိန်ထိ ချစ်ခင်အားပေးကြရတာလည်းဖြစ်ပါတယ်။

မီးမီးကတော့ အခုအချိန်မှာ အလုပ်အပျက်ခံပြီး ဆရာဖြစ်သူနဲ့အတူ သဲသဲနောက်ကိုလိုက်ကာ Supporting ပေးနေခဲ့တာလည်းဖြစ်ပါတယ်။ သူ့ကိုယ်သူ အလှမယ်တစ်ယောက်ဆိုတာကို မေ့ထားခဲ့ပြီး သာမာန်အဝတ်အစားလေးတွေဝတ်ကာ သဲသဲကိုလိုက်ပြီး စောင့်ရှောက်ပေးတဲ့ ပုံစံက ချစ်စရာကောင်းနေခဲ့တာ အမှန်ပါဘဲ။မီးမီးကတော့ ကျန်တာတွေ စိတ်မဝင်စားဘဲ သဲသဲတစ်ယောက် Winner crown ကြီးကို ပိုင်ဆိုင်နိုင်ဖို့အတွက် သူ့ဘက်က အစွမ်းကုန် Supporting ပေးနေခဲ့တာက အခုတစ်ခါလုပ်ရက်ကိုကြည့်ရင်သိနိုင်ပါတယ်။

အနောက်ကတကောက်ကောက်လိုက်ပြီး ကူညီပေးနေတဲ့ မီးမီးကတော့ အခုလည်း အရှက်တွေဘာတွေငဲ့မနေဘဲ သဲသဲကို အကောင်းဆုံးကူညီပေးနိုင်ဖို့ပရိတ်သတ်တွေကို challance ခေါ်လိုက်ပါပြီ။အခုအချိန်မှာ သဲသဲအတွက် လိုအပ်တာက Social media ပေါ်ကနေ အားပေးဖို့ပါဘဲ။သူများနိုင်ငံမှာ သွားပြီးပြိုင်နေရတဲ့ သဲသဲအတွက် များများVote ပေးနိုင်ဖို့ လိုသလို Social app တွေမှာပါ Follower များဖို့ လိုအပ်နေတာလည်းဖြစ်ပါတယ်။

မီးမီးကတော့ အခုအခါမှာ သဲသဲရဲ့ Instagram မှာ လူများဖို့အတွက် ပရိတ်သတ်တွေကို အကူအညီတောင်းလာခဲ့ပါပြီ။သဲသဲရဲ့ Instagram မှာ 1M ပြည့်ဖို့ အတွက် ပရိတ်သတ်တွေကိုအကူအညီတောင်းခံလာခဲ့တာလည်းဖြစ်ပါတယ်။ရိုးရိုးတန်းတန်း အကူအညီတောင်းရင် ပရိတ်သတ်တွေ စိတ်မဝင်စားမှာဆိုးတာကြောင့် မီးမီးကတော့ ပရိတ်သတ်တွေစိတ်ဝင်စားအောင် သူ့ရဲ့ အရှက်ကိုမငဲ့ဘဲ အပေးအယူလုပ်လိုက်ပြီလည်းဖြစ်ပါတယ်။အဲ့ဒါကတော့ တစ်ခြားမဟုတ်ဘဲ သဲသဲရဲ့ Instagram မှာ 1Million ပြည့်ရင် မီးမီးတစ်ယောက် သိုးဝတ်စုံဝတ်ပြီး ကပြ‌မယ်ဆိုပြီး အပေးအယူလုပ်လာခဲ့တာလည်းဖြစ်ပါတယ်။

မီးမီးကတော့ သူတစ်ယောက်တည်းကမှာ မဟုတ်ဘဲ ဆရာဖြစ်သူ ထူးအံ့လွင်နဲ့အတူ သိုးဝတ်စုံဝတ်ကာ သိုးပုံစံလုပ်ပြီး ကပြမယ်ဆိုပြီး ပရိတ်သတ်တွေကို ဖျားယောင်းလာခဲ့တာလည်းဖြစ်ပါတယ်။ သဲသဲရဲ့ IG မှာ Follower One Million ပြည့်လို့ သိုးမဲလေးတွေအဖြစ် ပြင်ဆင်ကာ ကပြခဲ့တာလဲ ဖြစ်ပါတယ်….

ပါးပါးနပ်ဝပ်က IG မှာ Follower များမှ သဘောကျတာမလို့ မီးမီးနဲ့ ထူးအံ့လွင်တို့က သဲသဲရဲ့ IGအကောင့်မှာ Follower 1M ပြည့်အောင် Follow ပေးကြမယ်ဆိုရင် သိုးမဲလေးတွေအဖြစ်နေပေးကြမယ်လို့ ကတိပေးခဲ့ကြတာပါ။ဒါကြောင့်မလို့ ကတိအတိုင်းဆရာတပည့်နှစ်ယောက်လုံး သိုးမဲလေးတွေအဖြစ် ကပြပေးခဲ့တာလဲ ဖြစ်ပါတယ်…

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...