Asia Academy Creative Awards 2024 မှာအကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု ဆန်ခါတင်စာရင်း ဝင်ခဲ့တဲ့ ပိုးမမှီသာ

Celebrity Local News
Asia Academy Creative Awards 2024 မှာအကောင်းဆုံး
အမျိုးသမီးဇာတ်ဆောင်ဆု ဆန်ခါတင်စာရင်း ဝင်ခဲ့တဲ့ ပိုးမမှီသာ

ပိုးမမှီသာဆိုရင် Sai Saiရဲ့ သိင်္ဂါရ သီချင်း Mtv မှာစတင် နာမည်ရလာပြီး ပိတောက်ကတဲ့ဂီတ ရုပ်ရှင်မှာလည်းပါဝင်သရုပ်ဆောင်ထားပါတယ်။ အခုလက်ရှိမှာ အနုပညာအလုပ်ကိုဆက်လတ်လုပ်ကိုင်နေပြီး ပိုးမမှီသာ ဟာဆေးကျောင်းသူတစ်ယောက်လည်း ဖြစ်ပါတယ်.ကိုယ်လုံးလေးကသွယ်လျလှပလို မြန်မာဝတ်စုံလေးနဲ့ လိုက်ဖက်ကာ ကျက်သရေရှိသူလေး ဖြစ်ပါတယ်။

အခုလက်ရှိမှာ ရုံတင်ပြသနေတဲ့ “နှောင် ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသားကြီးနေတိုးနဲ့ အတူ တွဲဖက်သရုပ်ဆောင်ထားပြီး သရုပ်ဆောင်စွမ်းရည်ကြောင့် ပရိသတ်တွေကြားရေပန်းစား နာမည်ကြီးနေတာပဲဖြစ်ပါတယ်။

အခုတစ်ခါမှာလည်း Asia Academy Creative Awards 2024 မှာ ရင်ထဲကြွေတဲ့ကြယ် ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ဆန်ခါတင်စာရင်း ဝင်ခဲ့တဲ့အပေါ် အရမ်းအံ့ဩရသလို ဂုဏ်လည်းယူရတယ်၊ ကိုယ့်အနေနဲ့ ပထမဦးဆုံးရိုက်တဲ့ ဇာတ်လမ်းတွဲလေးမှာ အခုလို အသိမှတ်ပြုခံရတာဆိုတော့ ပီတိလည်း တအားဖြစ်ရတယ်…ဆိုပြီး ဂုဏ်ယူစွာပြောပြပေးလာတာပဲဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...