Attention ရှာပြီးမှ အောင်မြင်မယ့်အလုပ် ဘယ်တော့မှမလုပ်ဖူးဆိုပြီး သူ့ရဲ့မာနတစ်ချို့ကို ထုတ်ပြောလာတဲ့ မေမီကိုကို

Celebrity Local News
Attention ရှာပြီးမှ အောင်မြင်မယ့်အလုပ် ဘယ်တော့မှမလုပ်ဖူးဆိုပြီး
သူ့ရဲ့မာနတစ်ချို့ကို ထုတ်ပြောလာတဲ့ မေမီကိုကို

 


မင်းသမီးတွေထဲမှာ အောင်မြင်တဲ့ မင်းသမီးတစ်လတ်အဖြစ်ရပ်တည်နေတဲ့ မေမီကိုကိုက‌တော့ အောင်မြင်မှုနဲ့အတူ ဝေဖန်မှုတွေကပါ ယှဉ်တွဲနေခဲ့သူလည်းဖြစ်ပါတယ်။အနုပညာလောကထဲကို Forever group နဲ့ လက်တွဲပြီး ဝင်ရောက်လာခဲ့တဲ့ မေမီကိုကိုက‌ အခု အချိန်မှာ ရုပ်ရှင်ဇာတ်ကားများစွာကို ရိုက်ကူးရင်း ပရိတ်သတ်တွေရဲ့ အားပေးမှုကို များစွာရရှိခဲ့ပြီလည်းဖြစ်ပါတယ်။

ရုပ်ချောတဲ့ မင်းသမီးတွေအတွက်ကတော့ သရုပ်ဆောင်မကောင်းလည်း သူ့ရဲ့ ရုပ်ရည်ကြောင့် လူစိတ်ဝင်စားမှုများပြီး အောင်မြင်တာမြန်ပေမယ့် မေမီကိုကိုကတော့ အောင်မြင်ဖို့ရာ ခက်ခဲနေခဲ့တာသူရဲ့ ရုပ်ရည်ကြောင့်ပါဘဲ။

သရုပ်ဆောင်ကောင်းပြီး ပီပြင်တာကိုသိပ်စိတ်မဝင်စားတဲ့ ပရိတ်သတ်တွေကြောင့် အနုပညာလောကမှာနေရာတစ်နေရာရဖို့ အချိန်အတော်ကြာကြိုးစားခဲ့ရတာ အားလုံးတွေ့မြင်ရမှာပါ။MRTV4 နဲ့ လက်တွဲပြီး ဇာတ်လမ်းတွဲများစွာကို နှစ်အတော်ကြာရိုက်ကူးခဲ့ပေမယ့် ပရိတ်သတ်တွေသူ့ကိုသိခဲ့တာ မြိုင်ဆိုတဲ့ ဇာတ်ရုပ်နဲ့မှ လူသိများအောင်မြင်ခဲ့ရတာလည်းဖြစ်ပါတယ်။မေမီကိုကိုကတော့ သရုပ်‌ဆောင်ပီပြင်လို့ ပရိတ်သတ်ရဲ့ အားပေးမှုကိုရခဲ့ပေမယ့် ဝေဖန်မှုတွေကတော့ အားပေးမှုထက်တောင်များပါတယ်။မင်းသမီးတစ်ယောက်ဖြစ်ရမယ့် ရုပ်ဆင်းအင်္ဂါမရှိဘူးဆိုပြီး ဝေဖန်နေကြတဲ့ လူကပိုများပါတယ်။

မေမီကတော့ ရုပ်ရည်ကြောင့် ဝေဖန်ခံရတဲ့ အပြင် ၊အချစ်ရေးမှာပါ ဝေဖန်ခံခဲ့ရသူတစ်ဦးပါ။ဘာလုပ်လုပ်အပစ်မလွတ်အောင်ဝေဖန်နေကြတဲ့ လူတွေကြောင့် Social media မှာတော့သူမရဲ့ သတင်းက popular ဖြစ်နေခဲ့တဲ့အထိပါဘဲ။ကြိုးစားချင်စိတ်ကြောင့် ဒါရိုက်တာတစ်ယောက်အနေနဲ့လုပ်ကြည့်ရင်လည်း ဝေဖန်ခံနေရတာကြောင့် မေမီကိုကိုရဲ့ သတင်းဆိုရင် အမြဲဂရတ်ထတာမို့လူတိုင်းက စိတ်ဝင်စားခဲ့ကြတာလည်းဖြစ်ပါတယ်။Social media ခေတ်မှာ အဓိက အောင်မြင်ချင်ရင် အရည်အချင်းရှိဖို့ မလိုဘဲ လူစိတ်ဝင်စားဖို့ဘဲ လိုတာပါ။

ပရိတ်သတ်စိတ်ဝင်စားမှုကိုရတာနဲ့ အနောက်ကနေ အမြတ်ထုတ်ဖို့ စောင့်နေတဲ့ လုပ်ငန်းရှင်တွေကလည်း အများကြီးရှိလို့နေကြပါတယ်။မေမီကလည်း ပရိတ်သတ်စိတ်ဝင်စားတာခံနေရတဲ့ အနုပညာရှင်တစ်ယောက်မို့ အဲ့ဒီ့စိတ်ဝင်စားမှုကို အသုံးချပြီး စီးပွားရေးသမားတစ်ချို့က အမြတ်ထုတ်ဖို့ ကြိုးစားနေပေမယ့် သူကတော့ ဘယ်သူ့အမြတ်ထုတ်တာမှမခံခဲ့ပါဘူး။အနုပညာအလုပ်တွေကို ပုံမှန်အတိုင်းအကောင်းဆုံးဖြစ်အောင်လုပ်ကိုင်တာတောင် ဝေဖန်မှုတွေပြင်းထန်နေတဲ့ချိန်မှာ လူတွေအမြင်ကတ်အောင် မလုပ်ဖို့ ဆုံးဖြတ်ချက်ချထားတာပါ။

ဝေဖန်မှု‌နဲ့ ကျော်ကြားချိန်မှာ လာအပ်တဲ့ အလုပ်တွေကိုသာလက်ခံလိုက်ရင် ပရိတ်သတ်တွေသူ့ကို အမြင်စောင်းသွားမှာကိုမလိုလားတာကြောင့် လာအပ်တဲ့ Commercial တွေ၊ကြေညာတွေကို ငြင်းပယ်ခဲ့တာလည်းဖြစ်ပါတယ်။မေမီကတော့ ပရိတ်သတ်တွေရဲ့ အချစ်ကိုသာ ရချင်တာမို့ အနုပညာပိုင်းကို သူများတွေနဲ့ မတူအောင်ကြိုးစားအားထုတ်ခဲ့တာကို အားလုံးတွေ့မြင်ရမှာပါ။

အနုပညာရှင်အများစုကို ငွေနောက်လိုက်ပြီး ပွဲခုတ်တတ်ပေမယ့် မေမီကတော့ တစ်ကားဆိုတစ်ကား အာရုံစိုက်ပြီး ရိုက်ကူးတတ်သူတစ်ယောက်ပါ။ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ လက်ခံထားလိုက်ရင် အဲ့ ဇာတ်လမ်းတွဲ မပြီးမချင်း တစ်ခြားဇာတ်ကားကိုလည်း လက်မခံသလို ၊ပွဲတတ်တွေ၊ကြေညာတွေတောင်လက်ခံရိုက်ကူးလေ့မရှိအောင် အာရုံစိုက်ပြီး လုပ်ကိုင်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။

သရုပ်ဆောင်ပီပြင်အောင် အာရုံစိုက်ပြီး လုပ်ကိုင်တတ်တဲ့ သူ့ရဲ့ စိတ်ကြောင့်ဘဲ ပရိတ်သတ်တွေနဲ့ အလှမ်းဝေးသလို ဖြစ်ခဲ့ရတာကိုတော့ သူ့အနေနဲ့ စိတ်မကောင်းဖြစ်နေခဲ့ရပါတယ်။သူ့ကိုမြင်တဲ့ ပရိတ်သတ်တိုင်းက ပျောက်နေတာကြာပြီနော်ဆိုတဲ့ စကားနဲ့ နှုတ်ဆက်တတ်တာကြောင့် မေမီကတော့ အခုသူလုပ်နေတဲ့ အလုပ်အပေါ်မှာတောင် သံသယဝင်ခဲ့မိတာလည်းဖြစ်ပါတယ်။

မေမီကတော့ ပရိတ်သတ်တွေရဲ့ စကားကြောင့် သူ့လုပ်ရက်တွေ မှားနေပြီလားဆိုပြီး သံသယဝင်ခဲ့ပေမယ့် အခုအချိန်မှာတော့ သူ့ရဲ့ ကြိုးစားမှုတစ်ခုဖြစ်တဲ့ သဘင်သည်မြနှင်းဆီဇာတ်ကားနဲ့ ပရိတ်သတ်အားပေးမှုအခိုင်အမာရသလို အကယ်ဒမီတောင် ရင်ခုန်ခွင့်ရနေပြီလည်းဖြစ်ပါတယ်။

မေမီကတော့ သူ့နာမည်တစ်ရှိန်ထိုးကြီးလာဖို့ ဖြတ်လမ်းနည်းတွေလိုက်လို့ရပေမယ့် သမရိုးကျနည်းနဲ့ ကြိုးစားနေခဲ့တာ သူ့ရဲ့ မာနတစ်ခုကြောင့်ပါဘဲ။အနုပညာနဲ့ပတ်သက်ရင် မာနရှိတာမို့ ပရိတ်သတ်အထင်လွဲစေမယ့် အလုပ်မျိုးမလုပ်ဘူးဆိုပြီး သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပွင့်ပွင့်လင်းလင်းနဲ့ အပြတ်သားဆုံးပြောလာခဲ့တာလည်းဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...