Beauty Queen ဖြစ်ဖို့မွေးဖွားလာသလို ပြည့်စုံလွန်းတာကြောင့် နိုင်ငံတကာအလှမယ်တွေကြားမှာ အတိုက်ခိုက်အခံရဆုံးဖြစ်လာတဲ့ သဲသဲ

Celebrity Local News
Beauty Queen ဖြစ်ဖို့မွေးဖွားလာသလို ပြည့်စုံလွန်းတာကြောင့်
နိုင်ငံတကာအလှမယ်တွေကြားမှာ အတိုက်ခိုက်အခံရဆုံးဖြစ်လာတဲ့ သဲသဲ

Miss Grand International ခရီးစဉ်ကြီးမှာပါဝင်နေပြီဖြစ်တဲ့ အလှမယ်သဲသဲက MGI မှာအသက်အငယ်ဆုံး အလှမယ်တစ်ဦးဖြစ်ပေမယ့်နိုင်ငံတကာအလှမယ်တွေကြားထဲမှာ သွက်လပ်ထက်မြတ်လွန်းပြီး ပရိတ်သတ်တွေကို ဆွဲဆောင်ထားနိုင်ပါတယ်။သဲဆုညိမ်းက Miss Grand Myanmar စဖြစ်တဲ့အချိန်မှာ အသက်၁၇နှစ်အရွယ်ကလေးတစ်ယောက်သာဖြစ်ပေမယ့် သူ့ရဲ့ Beauty qeen ဖြစ်ဖို့ ထက်သန်လွန်းတဲ့စိတ်နဲ့ ဘယ်သူနဲ့မှမတူတဲ့ကြိုးစားအားထုတ်မှုမျိုး energy မျိုးရှိတာကြောင့် ND ထူးအံ့လွင်က သဲသဲကိုရွေးချယ်ခဲ့တာလို့ပြောလာဖူးပါတယ်။ဒါကြောင့်ပဲ သဲသဲက နိုင်ငံတကာပြိုင်ပွဲကိုဝင်ပြိုင်ဖို့ ငယ်လွန်းတယ်ဆိုတဲ့သတ်မှတ်ချက်တွေကိုရိုက်ချိုးပြီးဝေဖန်လာသမျှကို ပြုပြင်လာခဲ့တာအားလုံးအသိပါပဲ။

ရလဒ်အနေနဲ့ သဲသဲက နိုင်ငံတကာ ပြိုင်ပွဲကြီးမှာ အပြစ်ပြောစရာမရှိ​အောင် အဖက်ဖက်ကပြည့်စုံတဲ့အလှမယ်တစ်ယောက်ဖြစ်လာပါတယ်။သဲသဲက Miss Grandရဲ့စံချိန်စံနှုန်းသတ်မှတ်ချက်တွေအတိုင်း Body ,Beauty , Brain (၃)ခုစလုံးနဲ့ ပြည့်စုံနေတဲ့အလှမယ်တစ်ယောက်ပါ။

Miss Grand International မပြိုင်ခင်မှာ gym တွေဆော့ training တွေယူပြီး လူတွေကဲ့ရဲ့နေတဲ့ ခန္ဓာကိုယ်ကို အပင်ပန်းခံပြောင်းလဲခဲ့တဲ့သဲဆုညိမ်းကအခုဆိုရင် MGI စင်မြင့်ပေါ်မှာ ခေါင်းမော့နိုင်နေပါပြီ။ငယ်ရွယ်တဲ့ဂုဏ်လေးကြောင့်ရော စိတ်ထားကောင်းတာကြောင့်ပါ သဲသဲရဲ့မျက်နှာလေးက ကြည်လင်လှပလွနါးနေတာတော့ သူ့ရဲ့အားသာချက်တစ်ခုပါပဲ။အချိန်ကြာလာတာနဲ့အမျှ သဲသဲရဲ့ကြိုးစားမှုတွေကို မြင်လာရတဲ့ပရိတ်သတ်ကသဲသဲကိုလည်း အရင်ကထက်ပိုချစ်ပြီး ပိုလက်ခံလာတာအားလုံးအသိပါပဲ။

MGI မပြိုင်ခင်ကအထိ ဝေဖန်နေကြတဲ့ပရိတ်သတ်တွေဟာ အခုအချိန်မှာတော့ သဲသဲရဲ့ အလှနဲ့အရည်အချင်းကို ပါးစပ်အဟောင်းသားနဲ့သာကြည့်နိုင်ပါတော့တယ်။
Body ,Beauty နှစ်ခုပေါင်းစပ်ထားတဲ့သဲသဲရဲ့အလှက နိုင်ငံတကာအလှမယ်တွေကြားထဲ ထင်းထွက်နေတာကြောင့်လည်း နိုင်ငံတကာက pageant fan တွေရဲ့အာရုံစိုက်ခြင်းပါခံနေရပါတယ်။ဝတ်စုံတိုင်းနဲ့လိုက်ဖက်လွန်းနေတာတွေ ၊ အလှမယ်အားလုံးကြားထဲမှာ energy အပြည့်နဲ့ active ဖြစ်လွန်းနေတာတွေ ၊ လူမှုဆက်ဆံရေးအဆင်ပြေနေတာတွေအားလုံးက သဲသဲရဲ့အရွယ်နဲ့မလိုက်အောင် ကြိုးစားအားထုတ်မှုကြောင့်ပါပဲ။

ဒါကြောင့်ပဲလူတကာအာရုံစိုက်ခြင်းခံနေရတဲ့သဲသဲကနိုင်ငံတကာအလှမယ်တွေရဲ့တိုက်ခိုက်ခြင်းကိူပါခံနေရပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံမှာလည်း အလှမယ်အစွဲထားတဲ့ fan အုပ်စုတွေ၊ pageant ကိုအားမပေးတဲ့လူတချို့က ကိုယ့်နိုင်ငံရဲ့Miss ကို ပြန်ဝေဖန်တိုက်ခိုက်နေတာတွေလည်းရှိပါတယ်။ ဒီလိုလူတွေကတော့ သဲသဲရဲ့ကြိူးစားမှုကို အသိအမှတ်မပြုဘဲ သဲသဲလွဲချော်သွားမယ့်အချိန်ကိုပဲစောင့်ပြီး ဝေဖန်ပြောဆိုတတ်ကြပါတယ်။ဒီလိုလူတွေကြောင့် အသက်ငယ်သေးတဲ့သဲသဲက ခံစားပြီး ငိုရတာတွေလည်းရှိပါတယ်။သဲသဲက လူတွေရေ့မှာလူကြီးတစ်ယောက်လို ရင့်ကျက်တည်ငြိမ်စွာနေထိုင်နေပေမယ့် အသက် ၁၈တောင်မပြည့်သေးတဲ့ကောင်မလေးတစ်ယောက်ပါပဲ ။ ဒါ့ကြောင့် ဝေဖန်တိုက်ခိုက်မှုတွေကိုလည်းအရွယ်နဲ့မလိုက်အောင် ရင်တိုင်ကျော်ဖြတ်နေရပါသေးတယ်။

MGM မိသားစုဝင်တွေကတော့ သဲသဲတစ်ယောက်အသက်၁၇နှစ်ထဲနဲ့ ဒီလောက်အထိလုပ်နိုင်တာကို အတော်လေးအားရကျေနပ်နေကြပြီး ချီးကျူးမဆုံးပါပဲ။ ND ထူးအံ့လွင်ကတော့ သူပြုစုပျိုးထောင်ထားတဲ့အလှမယ် သဲသဲအတွက်ဂုဏ်ယူမဆုံးတပြူံးပြုံးဖြစ်နေတာတော့အမှန်ပါပဲ။ သဲသဲဝတ်လိုက်တဲ့ ဝတ်စုံတွေကအစ ပရိတ်သတ်တွေကို wow ခနဲ ဖြစ်စေသလို သဲသဲလုပ်လိုက်တဲ့ လုပ်ဆောင်ချက်တွေကလည်း ဆရာထူးအံ့လွင်ကိုယ်တိုင်တောင် တော်လိုက်တာလို့တဖွဖွချီးကျူးရတဲ့အထိပါပဲ။

ဆရာထူးအံ့လွင်ကလည်း ကိုယ်တွေ အသက်၁၇နှစ်အရွယ်တူန်းကဒါတွေလုပ်ဖို့မပြောနဲ့ဘာတွေလုပ်နေမှန်းတောင် မသိဘူး။ ဒီကလေးကဒီအသက်အရွယ်လေးနဲ့ ဒီလိုအဆင်ပြေအောင် လုပ်နိုင်တာအရမ်းတော်တယ် ဆိုပြီး ချီးကျူးလာပါတယ်။
ဒါကြောင့်လည်း သဲသဲကို အလှမယ်မီးမီးကစလို့ မိတ်ကပ်ဆရာ ၊ ဒီဇိုင်နာတွေကအစ အပြည့်အဝကူညီပံ့ပိုးလာတာပဲဖြစ်ပါတယ်။

သဲသဲရဲ့ကြိုးစားအားထုတ်မှုတွေကိုကြည့်ပြီး ဒီနှစ်MGI crown ကမြန်မာတွေအတွက်ဖြစ်လာမလားဆိုတာအားလုံးကလည်းရင်ခုန်စိတ်လှုပ်ရှားနေကြရပါတယ်။ဆရာထူးအံ့လွင်ကတော့ မြန်မာဆိုတာကို ကမ္ဘာ့အလယ်မှာ ဟစ်ကြွေးနိုင်ဖို့ golden crown ကို အရယူသွားမှာပါ။ မြန်မာသာcrownရခဲ့ရင်မြန်မာအလှမယ်တစ်ယောက်ရဲ့ပြောချင်တဲ့စကားတွေကို နိုင်ငံတကာကသိလာအောင်ပြောခွင့်ရမှာပါ။ဒါ့ကြောင့် မြန်မာနိုင်ငံကfan တွေအနေနဲ့လည်း ဒီလို အလားအလာကောင်းတဲ့ အလှမယ်တစ်ယောက်လို ဒီထက်ပိုပြီး ဝန်းရံပေးဖို့ လိုနေပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...