Miss ပွဲဆိုတာဘာမှန်းမသိပေမယ့် သဲသဲကို ဟိုဟာကြီးဆောင်းပြီး ပြန်လာနိုင်ပါစေဆိုပြီးရိုးသားစွာဆုတောင်းပေးလာတဲ့ ဖြိုးမြတ်အောင်

Celebrity Local News
Miss ပွဲဆိုတာဘာမှန်းမသိပေမယ့် သဲသဲကို ဟိုဟာကြီးဆောင်းပြီး
ပြန်လာနိုင်ပါစေဆိုပြီးရိုးသားစွာဆုတောင်းပေးလာတဲ့ ဖြိုးမြတ်အောင်

ယောကျာ်းလေးအများစုက Miss ပွဲတွေကို တော်ရုံစိတ်မဝင်စားကြတတ်ကြပါဘူး။ဒီအလှမယ်လေးလှတယ်ဆိုတာလောက်သာသိပေမယ့် Grand တွေ Universe ‌ဆိုတဲ့ နာမ်စားတွေကို သိဖို့ ဆိုတာအဝေးကြီးမှာပါဘဲ။လှလှပပပြင်ဆင်ရင်း စင်မြင့်ထက်မှာ လျှောက်လှမ်းနေတာကို သဘောကျပြီး သေချာအားပေးတာကို မိန်းကလေးတွေကသာ စိတ်ဝင်တစားလုပ်ကြတာပါ။ဖြိုးမြတ်အောင်ကလည်း တခြားအမျိုးသားတွေနည်းတူ Miss ဆိုတာ ဘာကြီးလည်းသေချာမသိပေမယ့် သဲသဲကိုတော့ ဆုမွန်ကောင်းတွေ ရိုးသားစွာတောင်းပေးနေတဲ့ ပုံစံကြောင့် ပရိတ်သတ်တွေက သဘောကျနေခဲ့ကြတာလည်းဖြစ်ပါတယ်။


ဖြိုးမြတ်အောင်နဲ့ သဲသဲတို့နှစ်ယောက်က Music MTv ရိုက်ရင်း ခင်မင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ဖြိုးမြတ်အောင်ကတော့ သူ့ရဲ့ သီချင်းမှာသရုပ်ဆောင်ပေးဖို့ သဲသဲကိုကမ်းလှမ်းခဲ့တာလည်းဖြစ်ပါတယ်။ဖြိုးမြတ်အောင်ကတော့ ဂီတလောကကနေ ခဏတာပျောက်ကွယ်ပြီး ပြန်ပေါ်လာချိန်မှာ သဲစုငြိမ်းနဲ့ ပရိတ်သတ်တွေရှေ့ရောက်လာခဲ့တဲ့ အပေါ်မှာ ပရိတ်သတ်တွေ
စိတ်ဝင်တစားရှိခဲ့ကြပါတယ်။Myanmar Idol ရဲ့ Winner ဆုရှင်ဖြစ်တဲ့ ဖြိုးမြတ်အောင်ကတော့ ဂီတလောကမှာ လူကြိုက်များပြီး အောင်မြင်နေတဲ့ အဆို‌တော်တစ်ယောက်ပါ။
ရုပ်ရည်ကြောင့် လူကြိုက်များပြီး အောင်မြင်နေတာမဟုတ်ဘဲ တကယ်အရည်အချင်းရှိတဲ့ အဆိုတော်တစ်ယောက်မို့ ပြိုင်ပွဲမှာအနိုင်ရပြီး အောင်မြင်တဲ့ အဆိုတော်အဖြစ်ရပ်တည်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်နေပေမယ့် ကြားထဲမှာ အနုပညာအလုပ်နဲ့ ကင်းကွာနေတာ ပရိတ်သတ်တို့သတိထားမိမှာပါ။ဖြိုးမြတ်အောင်တစ်ယောက်အနုပညာအလုပ်တွေနဲ့ ကင်းကွာနေခဲ့တာက သူ့ကိုယ်သူဘာဖြစ်ချင်တာလည်းဆိုတာကို အချိန်ယူပြီးမေးခွန်း‌ထုတ်နေခဲ့တာကြောင့်လို့ဆိုပါတယ်။


အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဘဝမှာ နေနေရပေမယ့် သူလျှောက်နေတဲ့ လမ်းကြောင်းနဲ့ သူဖြစ်ချင်တဲ့ အရာတွေက ထပ်တူကျ၊မကျဆိုတာကိုပါ သေချာတွေးတောနေခဲ့တာလည်းဖြစ်ပါတယ်။ဖြိုးမြတ်အောင်ကတော့ အလုပ်တွေနားနေချိန်မှာ အလကားမနေခဲ့ဘဲ ဘုရားတရား နေ့စဉ်လုပ်ကိုင်သလို ရှမ်းပြည်မှာပါဘုရားတစ်ဆူတည်ထားနိုင်ခဲ့တဲ့အထိ အကျိုးရှိအောင်လုပ်နိုင်ခဲ့ပါပြီ။အခုအချိန်မှာတော့ တွေးတောတာတွေရပ်ပြီး အဆိုတော်ဘဝကို အကောင်းဆုံးဖြတ်သန်းသွားဖို့ အတွက် ဂီတလောကထဲကို ပြန်ဝင်လာခဲ့ပြီလည်းဖြစ်ပါတယ်။


ဖြစ်ချင်တဲ့ အရာကိုသေချာတွေးပြီး ဂီတလောကထဲပြန်ဝင်လာဖို့ စိတ်ကူးချိန်မှာ အမှတ်မထင်သဲသဲကို တွေ့ခဲ့တာပါ။Missပွဲ ဆိုတာဘာမှန်းတောင်မသိတဲ့ ဖြိုးမြတ်အောင်က သဲသဲကိုအရမ်းလှတာဘဲ ဆိုပြီး သူငယ်ချင်းကိုပြောရင်း ကြေညာရိုက်ဖို့ကမ်းလှမ်းခိုင်းခဲ့တာပါ။ဖြိုးမြတ်အောင်ကတော့ ခြွင်းချက်မရှိဆိုတဲ့ သီချင်းနဲ့ သဲသဲနဲ့ အတူသရုပ်ဆောင်ရင်း ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုကို ပြန်ရခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ အနုပညာလောကထဲမှာ ပိုပြီး အောင်မြင်အောင်ကြိုးစားရင်း ဖြတ်သန်း‌လို့နေတာလည်းဖြစ်ပါတယ်။
ဖြိုးမြတ်အောင်ကတော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေရပေမယ့် မအားလပ်တဲ့ကြားက‌နေအတူတူ သရုပ်ဆောင်ခဲ့တဲ့ သဲသဲကို အားပေးစကားဆိုလာခဲ့ပါတယ်။ရိုးသားတဲ့ ဟင်္သာတသားလေးဖြိုးမြတ်အောင်ကတော့ လူရိုးကြီးတစ်ယောက်ဖြစ်တာကို ဆုတောင်းစကားနားထောင်ရုံနဲ့ တင်မှန်းလို့ရပါတယ်။ရိုးရိုးအေးအေး ယောကျာ်းတစ်ယောက်မို့ Miss ပွဲတွေက ဘယ်လိုပုံစံတွေ၊ဘာတွေရှိလဲဆိုတာ မသိတာတော့ အသေအချာပါ။အခုလည်း သဲသဲသွားပြိုင်တဲ့ ပွဲက Miss grand ဟုတ်လားဆိုပြီးမေးရတဲ့အထိပါဘဲ။


Social media တစ်ခုလုံး Miss grand myanmar ဆိုပြီး သဲစုငြိမ်းပုံတွေပလူပျံနေပေမယ့် ဘာMiss မှန်းအသေအချာမသိဖြစ်နေခဲ့ဝာာပါ။ဖြိုးမြတ်အောင်ကတော့ သဲသဲကို အားပေးတာ ကိုယ်လူမျိုးဆိုတဲ့ အစွဲလည်းပါပေမယ့် အဓိကကတော့ သဲသဲမို့လို့ကို အားပေးနေခဲ့တာလည်းဖြစ်ပါတယ်။အတူတူအလုပ်လုပ်ခဲ့ဖူးတဲ့ အချောလေးမို့ အားပေးဖြစ်သလို ဆုတောင်းပေးဖြစ်နေခဲ့ဝာာလည်းဖြစ်ပါတယ်။ဖြိုးမြတ်အောင် ကတော့ သဲသဲကို Miss grand လားဘာလားမသိပေမယ့် ခေါင်းပေါ်မှာ ဆောင်းပြီး ပြန်လာနိုင်ပါစေဆိုပြီး ဆုတောင်းပေးလာခဲ့ပါတယ်။

ဖြိုးမြတ်အောင်ကတော့ လူစိတ်ဝင်စားပါစေဆိုပြီးပြောခဲ့ဝာာမဟုတ်ပေမယ့် ရိုးသားတဲ့ သူ့ရဲ့ စကားကြောင့် ပရိတ်သတ်တွေက သဘောကျနေခဲ့ရပါပြီ။ပရိတ်သတ်တွေက ဖြိုးမြတ်အောင်ရဲ့ ဆုတောင်းကို သဘောကျပြီး သဲသဲဟိုဟာကြီးဆောင်းပြီး ပြန်လာနိုင်ဖို့ ရယ်ရယ်မောမောဆုတောင်းပေးနေခဲ့ကြပါတယ်။

 

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...