ကိုခင်လှိုင် ဒါရိုက်တာလုပ်ချိန်ဆို အပူသည်ကြီးလိုပဲ ဆိုတဲ့မြင့်မြတ်

Celebrity Local News
ကိုခင်လှိုင် ဒါရိုက်တာလုပ်ချိန်ဆို အပူသည်ကြီးလိုပဲ ဆိုတဲ့မြင့်မြတ်

.မင်းသား မြင့်မြတ်ကတော့ အနုပညာလောကမှာ ဇာတ် ရုပ်ပေါင်းစုံကို သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် ဇာတ် လိုက်ဆိုတဲ့ နာမည်ပြောင်နဲ့ အောင်မြင်မှု ရရှိခဲ့သူ ဖြစ်ပါတယ်။ မြင့်မြတ် နာမည်ကြီးမင်းသားတစ်လက်ဖြစ်သလို အောင်မြင်မှုကလည်း ထိပ်ဆုံး မှာရှိ နေတာမို့ အလုပ်တွေကို နေ့နေ့ ညညလုပ်ကိုင်နေရသူ တစ်ယောက် လည်းဖြစ်ပါတယ်။အလုပ်တွေအရမ်းများပေမယ့် မိသားစုကို တန်ဖိုးထားပြီး အချိန်ပေးတဲ့ မြင့် မြတ်ဟာ သူ့ရဲ့ ဇနီးနဲ့ သား မြတ်သူသမီး မေသူ တို့နဲ့ အမြဲတမ်း အချိန် ကုန်ဆုံးတတ်သူဖြစ်ပါတယ်။

အခုတစ်ခါမှာလည်း မြင့်မြတ်ပါဝင်သရုပ်ဆောင်ထားတဲ့ “သူကြောက်ကိုယ်ကြောက်”
ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးစဉ်အမှတ်တရတွေကို ဒါရိုက်တာခင်လှိုင်နဲ့ မြင့်မြတ်တို့ကဝေမျှပေးလာတာပဲဖြစ်ပါတယ်။

“အန်ကယ်အခုလို ဒါရိုက်တာဖြစ်တာ မြင့်မြတ်ကြောင့်ပါတယ် ။သူတို့​ကအတင်းတွေလုပ်ခိုင်းတာကြောင့်ပါ ။ညီအကိုတွေက ချစ်ချစ်ခင်ခင်ပါပဲ ။ မြင့်မြတ်နဲ့ဖြိုးငွေစိုးက စတာချင်းတူပေမယ့် ဖြိုးငွေစိုးကစရင် တဆုံးပဲစတာဆိုတဲ့ “ခင်လှိုင်က မြင့်မြတ်နဲ့ဆက်ဆံရေးကိုပြောပြလာပါတယ်။

မြင့်မြတ်ကလည်း “ကိုခင်လှိုင်ဒါရိုက်တာလုပ်ချိန်ဆိုအပူသည်ကြီးတစ်ယောက်လိုပဲ ။ ရုပ်ပျက်ဆင်းပျက်ကိုဖြစ်နေတာ ။ ဝိုင်းပြီးကြိုးစားပေးကြရတာပေါ့” ဆိုပြီး အပြန်အလှန်စနောက်ခဲ့ကြတာပဲဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...