ဂျပန်ကို ရောက်ရှိနေပြီလို့ post တင်ပြီး အပြစ်တင်ဖို့ စောင့်ကြည့်နေတဲ့သူတွေကို အရူးလုပ် စနောက်ခဲ့တဲ့ ကိုပေါက်

Celebrity Local News
ဂျပန်ကို ရောက်ရှိနေပြီလို့ post တင်ပြီး အပြစ်တင်ဖို့
စောင့်ကြည့်နေတဲ့သူတွေကို အရူးလုပ် စနောက်ခဲ့တဲ့ ကိုပေါက်

ပရိသတ်ကြီးရေ… ဒါရိုက်တာသရုပ်ဆောင် ကို ပေါက်ကတော့ အနုပညာလောကမှာ နာမည် ကျော်ကြားသူတစ်ယောက်ဖြစ်ပေမယ့်သူဝါသနာပါမြတ်နိုးတဲ့ အနုပညာအလုပ်တွေကို စွန့်လွှတ် ပြီး တိုင်းပြည်အတွက် အလုပ်တွေလုပ်ကိုင်နေသူဖြစ်ပါ တယ်။

ပြီးခဲ့တဲ့ တပတ်က ဂျပန်ကိုရောက်နေပါပြီ ဆိုပြီး ပိုစ့်တင်ခဲ့တဲ့ ကိုပေါက်က ဒီကနေ့မှာတော့ သူ့ကိုအပြစ်ပြောဖို့အမြဲစောင့်ကြည့်နေတဲ့ သူတွေကိုကောင်းကောင်းကြီးပညာပေးခဲ့တာဖြစ်ပါတယ်။ ကိုပေါက်က ”စိတ်အနှောက်အယှက်ဖြစ်ခဲ့ရင်Sorryပါ“
ကျနော် ဂျပန်သွားပြီဆိုတဲ့ post တင်လိုက်တာ ဒီနေ့တပတ်ပြည့်ပါတယ်။
ဘာရယ်မဟုတ် ကျနော်တို့ကို အမြဲအပစ်ပြောဖို့
စောင့်ကြည့်နေကြတဲ့ သူတွေက်ို စ အုံးလိုက်မယ်ဆိုပြီးတင်လိုက်ပါတယ်။
ထင်ထားတဲ့အတိုင်း ဆဲလိုက်ဆိုလိုက် အပစ်ပြောလိုက်ကြတာ မနည်းပါဘူး။
မုန်းကြတဲ့သူတွေက အပစ်ပြော ဆဲဆိုကြ အဆိုးမြင်ကြတယ်။


ချစ်တဲ့ခင်တဲ့သူတွေက အကောင်းမြင်ကြတယ်။
အစွန်းနှစ်ဖက်မှာ ရှိနေကြသူတွေမို့ အကောင်းနဲ့အဆိုး မြင်ကြတာ လူ့သဘောဖြစ်စဉ်ပါပဲ။
ကျနော့မိတ်ဆွေရင်းတွေတောင်လာလာမေးကြတယ်။တချို့တွေကိုဆို ဟုတ်တယ်ရောက်သွားပြီလို့ကို တမင်အတည်နဲ့နောက်လိုက်ပါသေးတယ်။
လူတွေကို စိတ်စမ်းတာလဲမဟုတ်ပါဘူး။
ဘောမတွေကို ချစ်လွန်းလို့ စတာပါလို့
ကျနော် ဘယ်မှမသွားပါဘူးနော်။
သူတို့တွေလည်း အမှတ်လည်းမရှိကြဘူး။
၂၀၂၂ တုန်းက အမေရိကားသွားပြီလို့ အခုလိုပဲ
စ ခဲ့ဖူးပါသေးတယ်။
အခုလိုပဲ လောင်ခဲ့ကြသေးတယ်။
အခုလဲ တကယ်ထင်ပြီး ထပ်လောင်ကြတယ်။
စိတ်မရှိပါနဲ့ဗျာ။တောင်းပန်ပါတယ်
ကျနော် တင်လိုက်တဲ့ ဂျပန် post ကြောင့် လောင်ခဲ့ကြတဲ့ဘောမတွေတော့ ဘာမှမပြောတော့ပါဘူး။
ကိုယ့် တလရ ဘက်ကအမျိုးတွေအနေနဲ့ ဂျပန် post ကြောင့် facebook ပေါ်မှာ မျက်စေ့နောက်နေတာမျိုးစိတ်အနှောက်အယှက်ဖြစ်သွားရင် နားလည်ပေးကြပါဗျာ။
ဘယ်နေရာမှာရှိရှိ ဘယ်အရပ်ရောက်ရောက်
တ လ ရ ဘက်မှာရှိနေသူအားလုံးဟာ ကျနော်တို့ ရဲဘော်ရဲဘက်တွေပါပဲ။


သူမလုပ်နိုင်တာ ကိုယ်လုပ်
ကိုယ်မလုပ်နိုင်တာ သူလုပ်
ဒီပုံစံနဲ့သွားနေကြတာပါ။
အာဏာရှင်စနစ်ကိုတော်လှန်နေသူအားလုံးဟာ ကျနော်တို့ရဲ့ ချစ်ရတဲ့မိတ်ဆွေတွေပါပဲ။
နိုင်ရာဝန်ထမ်းရင်း ဆက်ချီတက်ကြမယ်။
သူတို့ ကွန့်မင့်တွေဖတ်ပြီး
ကျနော် ပြုံးခဲ့ရတာ ရီခဲ့ရတာ ခဏခဏပါပဲ။
ပြုံးရ ရီရတော့ ဘဝအမောတွေ ခဏတော့ပျောက်သွားခဲ့တယ်။
အားလုံးကျနော့ ဂျပန်postကြောင့်စိတ်အနှောက်အယှက်ဖြစ်ရင် sorry ပါ။
(အခုတော့ လေယာဉ်မောင်းသင်နေပါတယ်)
ဒါလည်း စ တာနော် တကယ်မထင်နဲ့အုံး” ဆိုပြီး ပြောပြလာတာပဲဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...