နိုင်ငံကျော်မင်းသားဆိုတဲ့ ဂုဏ်ပုဒ်ကိုမေ့ထားပြီး တောရွာလေးက Food blogger နားမူ‌လေး ဆီမှာ ထမင်းသွားစားခဲ့တဲ့ အောင်ရဲလင်း

Celebrity Local News
နိုင်ငံကျော်မင်းသားဆိုတဲ့ ဂုဏ်ပုဒ်ကိုမေ့ထားပြီး တောရွာလေးက
Food blogger နားမူ‌လေး ဆီမှာ ထမင်းသွားစားခဲ့တဲ့ အောင်ရဲလင်း

နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲမင်းသားတစ်လတ်ဖြစ်တဲ့ မင်းသားချောအောင်ရဲလင်းကတော့ နိုင်ငံကျော်မင်းသားဆိုတဲ့ ဂုဏ်ပုဒ်ကိုမေ့ထားပြီး တောရွာလေးမှာနေထိုင်တဲ့ Food blogger ‌မလေး နားမူဆီမှာ ထမင်းသွားစားခဲ့ တာကြောင့် အားလုံးက အံ့ဩခဲ့ကြရပါတယ်။နာမည်ကြီးအနုပညာရှင်အများစုက အချေ
တလိုင်းနေထိုင်တတ်ကြပေမယ့် အောင်ရဲလင်းကတော့ မာန်မာနမရှိသလို အဆင့်အတန်းမခွဲခြားတတ်တဲ့ လူတစ်ယောက်ဆိုတာကို ပရိတ်သတ်တွေသိအောင်ပြသနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

ဘယ်လောက်ဘဲ နိုင်ငံကျော်ကျော်လူသားထဲက လူသားတစ်ယောက်မို့ အစားအသောက်ခုံမင်တတ်တဲ့ အောင်ရဲလင်းကတော့ ညဆိုရင် Food blog တွေကြည့်ရင်း သားရေယို‌နေတတ်သူတစ်ယောက်ပါ။အစားအသောက်တွေစားပြနေတာကို ထိုင်ကြည့်ရင်း သားရေယိုနေတတ်သူဖြစ်ပေမယ့် ဈေးကြီးပြီး ခမ်းနားတဲ့ အစားအသောက်ထက် ပကာသန မပါဘဲသဘာဝကျကျချက်ပြုတ်ထားတဲ့ အစားအသောက်တွေကိုသာ ကြိုက်နှစ်သက်သူလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ food blogger တွေအများကြီးရှိပေမယ့် အောင်ရဲလင်းကတော့ နားမူလေးနဲ့ အောင်ချမ်းအေးတို့နှစ်ယောက်ကို သဘောကျတယ်လို့ဆိုပါတယ်။

အောင်ချမ်းအေးကလည်း ငပိရည်၊တို့စရာအစုံနဲ့ အားရပါးရ စားပြနေတာကို သဘောကျသလို ၊နနားမူလေးရဲ့ တောသဘာဝချက်ပြုတ်စားပြတဲ့ ပုံစံကို ကြိုက်တာကြောင့် နားမူလေးဆီမှာ သွားစားဖို့ ခွင့်တောင်းခဲ့တာလည်းဖြစ်ပါတယ်။တိုင်းရင်းသူလေးနားမူကတော့ ဧရာဝတီတိုင်းဘက်မှာ နေထိုင်သူတစ်ယောက်ပါ။ကြီးကျယ်ခမ်းနားတဲ့ အပြင်အဆင်တွေမရှိဘဲ ရိုးရှင်းတဲ့ ချက်ပြုတ်ပုံလေးတွေနဲ့ အားလုံးကို ဆွဲဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဝယ်ပြီး ချက်ပြုတ်ပြတာမဟုတ်ဘဲ လတ်ဆက်တဲ့ အသီးအနှံတွေကို ခူးပြီး ချက်ပြုတ်တတ်သလို အသား၊ငါးဆိုရင်လည်း ကိုယ်တိုင်ဖမ်းပြီး ချက်ပြုတ်စားသောက်ပြတတ်သူလည်းဖြစ်ပါတယ်။

တောဓလေ့ကို ပုံဖော်ပြတတ်သလို မိသားစုတွေနဲ့ စုပေါင်းစားသောက်ပြီး နွေးထွေးမှုကို ပြတတ်တာကြောင့် သူ့ရဲ့ Video လေးတွေဆိုရင် အားလုံးက တကူးတက ကြည့်ရတဲ့အထိပါဘဲ။ရိုးရှင်းပြီး စားချင်စားဖွယ်ကောင်းအောင် စားပြတတ်တဲ့ နားမူလေးရဲ့ Video ကိုစောင့်ကြည့်တဲ့ထဲမှာ မင်းသား‌ချောအောင်ရဲလင်းကတစ်ယောက်အပါပါဘဲ။နားမူလေးရဲ့စားသောက်ပုံတွေကြည့်ရင် သားရေယိုနေခဲ့ရတဲ့ အောင်ရဲလင်းကတော့ ငွေဆောင်မှာ ရိုက်ကူး‌ရေးသွားရတဲ့အချိန်မှာ နားမူးတို့အိမ်မှာ ထမင်းဝင်စားခဲ့ပါတယ်။ထမင်းစားဖို့ အားခဲထားတဲ့ အောင်ရဲလင်းကတော့ နားမူတို့အိမ်အရောက်မှာ စုံလင်တဲ့ ဟင်းတွေကြောင့် ထမင်း၃ပန်းကန်လောက်ကုန်သွားတဲ့ အထိ စားကောင်းခဲ့တာလည်းဖြစ်ပါတယ်။

ဟင်းအမယ် 8မျိုးလောက်ကို ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ထားပြီး ဟင်းတွေရဲ့ အရသာက နားမူစား‌ပြတဲ့ အတိုင်းအရသာ ရှိလွန်းတယ်လို့ဆိုပါတယ်။အောင်ရဲလင်းကတော့ နားမူချက်ထားတဲ့ အစားအသောက်ပုံစံကိုလည်း ကြိုက်တဲ့ အပြင် အေးချမ်းပြီး လောဘစိတ်ကင်းတဲ့ သူတို့ရဲ့ ပုံစံကိုတောင် ပြန်အားကျနေရတဲ့ အနေအထားပါဘဲ။ဟင်းချက်ကောင်းသလို ရိုးသားဖော်ရွေတဲ့ နားမူ‌လေးတို့ မိသားစုကြောင့် သူ့အနေနဲ့ ပျော်ရွှင်နေရမှာအမှန်ပါဘဲ။နားမူရဲ့ အကိုဖြစ်သူကလည်း ရွာမှာ ဂဏာန်းတွေရတာတောင် အောင်ရဲလင်းကိုသတိတရ သွားပို့ပေးခဲ့တာမို့ အောင်ရဲလင်းကတော့ ကျေးဇူးအရမ်းတင်နေခဲ့တာလည်းဖြစ်ပါတယ်။

အောင်ရဲလင်းကတော့ စားကောင်းတဲ့ နားမူတို့ လက်ရာကိုလည်း အခုထိသတိတရရှိသလို ကြုံကြိုက်ရင်လည်း နောက်ထပ်စားချင်စိတ်ပေါ်နေမိတဲ့ အနေအထားပါဘဲ။အောင်ရဲလင်းကတော့ ရိုးသားပြီး စိတ်ထားကောင်းတဲ့ နားမူ‌လေးတို့ မိသားစုကို ထမင်းစားခွင့်ပေးလို့ကျေးဇူးတင်နေတဲ့ အကြောင်းကို Media ကနေ ကျေးဇူးတင်စကားဆိုလာခဲ့တာလည်းဖြစ်ပါတယ်ာ

ပရိတ်သတ်တွေကတော့ ရိုးရှင်းတဲ့ အောင်ရဲလင်းရဲ့ စိတ်ထားကိုလည်း ချီးကျူးခဲ့ကြသလို နားမူလေးကိုတောင်ပြန်အားကျနေကြရပါပြီ။နိုင်ငံကျော်မင်းသားတစ်‌ယောက်နဲ့ တွေ့ဆုံဖို့က လွယ်ကူတဲ့ အရာမဟုတ်ပေမယ့် ကံကောင်းတဲ့ နားမူလေးကတော့ မင်းသားကို အနီးကပ်တွေ့ခွင့်ရလိုက်တာကို အားကျနေခဲ့ကြတာလည်းဖြစ်ပါတယ်။

အခုအဖြစ်အပျက်ကြောင့်ပရိတ်သတ်တွေကလည်း အောင်ရဲလင်းကို အပြိုင်အဆိုင်ဟင်းချင်ကျွေးချင်နေကြပါပြီ။လတ်ဆက်တဲ့ အစားအစာတွေနဲ့ စားကောင်းအောင် ချက်ကျွေးချင်ပေမယ့် ဆိုးတာက နားမူလို မချက်တတ်တာပါဘဲ။ကိုယ်တိုင်ကသေချာမချက်တတ်ပေမယ့် နားမူလေးနေရာကို အစားထိုးဝင်ချင်နေကြတဲ့အထိအောင်ရဲလင်းကို ကြိုက်ကြတာလည်းဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...