ဘတ်သန်း၅၀ အကုန်အကျခံရိုက်ကူးမယ့်ရုပ်ရှင်မှာ ထိုင်းနိုင်ငံရဲ့နာမည်ကြီး ထိပ်တန်းမင်းသားနဲ့အတူရိုက်ကူးသွားမယ့် Zell

Celebrity Local News
ဘတ်သန်း၅၀ အကုန်အကျခံရိုက်ကူးမယ့်ရုပ်ရှင်မှာ

မြန်မာ့commercial ဗီဒီယိုလောကမှာ ကြော်ငြာတစ်ပုဒ်ကို သိန်းထောင်ကျော်အကုန်အကျခံပီးရိုက်ကူးခဲ့တယ်ဆိုတဲ့ Zell ကအခုလည်း ထိုင်းမင်းသားနဲ့ ရုပ်ရှင်ရိုက်ကူးမယ့်အကြောင်းကြွားဝါလာပါတယ်။ဘောလိဝုဒ်မင်းသားတွေရဲ့ဆိုက်ဂိုက်အပြည့်ရှိတဲ့Zell က မင်းသားရုပ်ရည်ရှိပေမယ့်ရုပ်ရှင်ဇာတ်ကားတွေမရိုက်ကူးရဘဲ ကြော်ငြာတွေကိုသာ ကြွားလုံးထုတ်ပြီးရိုက်ပြလာပါတယ်။

ကြော်ငြာတစ်ပုဒ်ကို သိန်းပေါင်းထောင်နဲ့ချီအကုန်အကျခံရိုက်ကူးခဲ့တဲ့Zell က မြန်မာနိုင်ငံမှာအကုန်အကျအများဆုံးကြော်ငြာကိုရိုက်ကူးခဲ့တယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားခဲ့ပြီး အခုအခါမှာလည်း ထိုင်းမင်းသားနဲ့ရုပ်ရှင်အတူရိုက်ကူးတော့မှာဖြစ်ကြောင့်အသိပေးလာပါတယ်။Zell ကဘာမှမချပြနိုင်သေးခင်မှာ အခုလိုပြောလာတာကြောင့် Zellကိူအပြောကြီးသာရှိတဲ့မင်းသားလို့တောင် ပရိတ်သတ်ကထင်နေကြပါတယ်။

Zell မှာသူများနဲ့မတူတဲ့အရည်အချင်းတွေရှိပေမယ့် Zell ကနေရာစုံမှာ သရုပ်ဆောင်မလာဘဲ အခုလိုအကုန်အကျများတဲ့ရိုက်ကူးရေးတွေ ၊ လူသိများမယ့် project တွေကိုသာရွေးလုပ်လာတာကြောင့်ပါပဲ။ဒါ့ကြောင့် Zell ကို သရုပ်ကောင်းတစ်ယောက်အနေနဲ့မတွေ့ရဘဲ လူသိများမယ့်အရာတွေကိုသာအနုပညာလို့သတ်မှတ်ပြီး လူပ်ချင်နေတာကြောင့် ပရိတ်သတ်တွေက ပြောချင်နေကြပါတယ်။

နာမည်ကြီးတွေနဲ့ပေါင်းပြီး ငွေကြေးများစွာသုံးစွဲနိုင်မှနာမည်ကြီးအောင်မြင်မယ်ထင်နေတဲ့Zell က အခုလည်း ထိုင်းရဲ့နာမည်ကြီးထိပ်တန်းမင်းသားတစ်ယောက်နဲ့ရုပ်ရှင်ရိုက်ဖို့ကမ်းလှမ်းခံထားရတယ်လို့ဆိုပါတယ်။Zell က ထိုင်းနိုင်ငံရဲ့ထိပ်တန်းမင်းသားတစ်လက်နဲ့ ရုပ်ရှင်ရိုက်ဖို့ကမ်းလှမ်းခံရတယ်ဆိုသော်ငြားလည်း အဲ့ဒီမင်းသားရဲ့နာမည်ကိုတော့ထုတ်ဖော်မပြောလာပါဘူး။

ထိုင်းငံမှာ ထိပ်တန်းမင်းသား။အရမ်းနာမည်ကြီးတယ်။အရမ်းလည်းချောတယ်ဆိုပြီးသာပြောလာပါတယ်။Zell ကအရှေ့မှာလည်းသိန်းပေါင်းထောင်ချီ သုံးရတဲ့ကြော်ငြာတွေရိုက်ကူးခဲ့ပြီး သူရိုက်ကူးတဲ့project တိုင်းက အင်တာနေရှင်နယ်တန်းဝင်မယ့်ဟာတွေဖြစ်ကြောင်းပြောလာတာကြောင့် Zell ကိူ လေလုံးကြီးတယ်ဆိုပြီး သဘောမကျသူတွေလည်းရှိပါတယ်။

Zell ကအခုလည်းထိုင်းမင်းသားနဲ့ရိုက်ကူးမယ့်ရုပ်ရှင်ကထိုင်းဘတ် သန်း၅၀အထိသုံးပြီးရိုက်သွားမယ့် ရုပ်ရှင်ကားတစ်ကားဖြစ်တယ်လို့ဆိုပါတယ်။ထိုင်းမင်းသားနဲ့တွဲရိုက်ရတဲ့အပြင် ဘတ်ဂျက်များစွာသုံးမယ့်ဒီရုပ်ရှင်က အာဆီယံနိုင်ငံတွေအပြင် မြန်မာနိုင်ငံမှာပါရုံတင်သွားဦးမှာပါ။ဒီအခွင့်အရေးက Zell အတွက်တော့ ဘဝမှတ်တိုင်တစ်ခုဖြစ်လာမှာပါ။

ဒါကလည်းZell တစ်ယောက်အရှေ့မှာ ဘယ်သူနဲ့မှမတူတဲ့ ထုးခြား ဆန်းပြားတဲ့ကြော်ငြာတွေကိုရိုက်ကူးခဲ့တာကြောင့်ပါပဲ။အရှေ့မှာသိန်း၁သောင်းနီးပါးအကုန်အကျခံရိုက်ကူးထားတဲ့Zell ရဲ့ကြော်ငြာကလည်း နိုင်ငံခြားကစတန့်အဖွဲ့တွေကိုပါ ငှါးပြီးရိုက်ကူးခဲ့တာကြောင့် နိုင်ငံခြားကရိုက်ကူးတဲ့သူတွေကလည်း Zell ရဲ့ကြော်ငြာဗီဒီယိုကိုကြည့်ဖြစ်ခဲ့ကြပါတယ်။ဒါကြောင့်ပဲ သူတို့ရဲ့အက်ရှင်ရုပ်ရှင်ကားမှာ ပါဝင်ဖို့အခုလိုကမ်းလှမ်းခံရတာပါလို့လည်း Zell ကပြောပြလာပါတယ်။

Zellရဲ့အပြောထက်လက်တွေ့လုပ်ပြခဲ့တဲ့အရာတွေကနေ ရလာတဲ့အသီးအပွင့်တွေပါပဲ။မကြာခင်မှာ Zell ရိုက်မယ့်ရုပ်ရှင်ကအာဆီယံနိုင်ငံပေါင်းများစွာမှာပြပြီး မြန်မာနိုင်ငံမှာပါ ရုံတင်ပြသသွားမှာဖြစ်တာကြောင့် Zell ကတော့အပျော်ကြီးပျော်နေပါတယ်။မြန်မာနိင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံတကာမှာ ထိုးဖောက်ဝင်ရောက်ရဖို့အတွက် Zell ကအခွင့်အရေးကြီးတစ်ခုကိုရလိုက်တာပါပဲ။

ထိုင်းနိုင်ငံရဲ့နာမည်ကြီးမင်းသားနဲ့အတူ Zell ကလည်း ရုပ်ရှင်ထဲမှာ အပြိုင်မင်းသားတစ်လက်ပါပဲ။ကိုယ့်ရဲ့roll အရ လုပ်ကွက်နည်းလားများလား မေးကြည့်တဲ့အခါမှာလည်းဒီဇာတ်က ထိုင်းမင်းသားကြီးနဲ့Zell တို့နှစ်ယောက်လုံးရဲ့ဇာတ်ပါပဲဆိုလို့လည်းZell ကလက်ခံဖြစ်တာပါ။Zellကလက်ရှိမှာ ဒီအထိပဲပြောပြနိုင်သေးပေမယ့် ရိုက်ကူးရေးအားလုံးပြီးငွါးရင်တော့ ထိုင်းနိုင်ငံကမင်းသားအပါအဝင် ရိုက်ကူးရေးတစ်ဖွဲ့သားလုံးကို မြန်မာနိုင်ငံကိုခေါ်လာပြီးမိတ်ဆက်ပေးသွားမယ်လို့ဆိုပါတယ်။

Zell ကိုလက်ရှိမှာထိုင်းနိုင်ငံအပြင် တခြားသောနိုင်ငံတွေကပါ ကမ်းလှမ်းမှုတွေလုပ်လာပြီး စကားပြောဆိုနေတာတွေရှိနေပါတယ်။မကြာမီZell တစ်ယောက်ခရီးတွေများစွာထွက်ရပြီး နိုင်ငံတကာနဲ့အလုပ်တွေများစွာလုပ်ရတော့မှာပါ။အခုလို နိုင်ငံတကာကတောင်ကမ်းလှမ်းခံနေရတဲ့ မြန်မာနိုင်ငံသားတစ်ဦးရဲ့အရည်အချင်းတွေကိုလည်း မြန်မာနိုင်ငံသားတွေအနေနဲ့အသိအမှတ်ပြုသင့်ပါတယ်။Zell ကလည်း အရည်အချက်းရှိရင်ရှိသလို မြန်မာနိုင်ငံရဲ့ဒုတိယပိုက်ဆံခွန်ဖြစ်လာပြီး နိုင်ငံ့ဂုဏ်ဆောင်မင်းသားတစ်လက် အင်တာနေရှင်နယ်မင်းသားတစ်လက်ဖြစ်လာမှာပါ။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...