မေမေ လင်း ကြောင့် ရည်းစားမရနိုင်တဲ့ မြူလင်း…
ပရိသတ်တွေရဲ့ တက်သစ်စအချစ်တော်အနုပညာရှင် ထဲမှာ သရုပ်ဆောင်လင်းဇာနည်ဇော်ရဲ့ သမီးချောလေး မြူလင်းကိုကိုကလည်း ပရိ သတ်ရဲ့ အချစ်တွေကို ရယူထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်..။
ဖြူဝင်းပြီး ကျော့ရှင်းတဲ့ အသားအရည်နဲ့ ချစ်စရာကောင်းပြီးချောမောလွန်း လှတဲ့ မျက်နှာဟန်ပန်လေးတွေအပြင် အသည်းယားစရာလှုပ်ရှားမှုပုံ ရိပ်လေးတွေကလည်း ပရိသတ်ကို အချစ်ပိုစေတာပါ..။ပရိ သတ်အသည်းကျော်လေး မြူလင်းကိုကိုက ဩစတေးလျနိုင်ငံမှာ ပညာသင်ကြား ရောက်ရှိနေတာဖြစ်ပြီး ကျောင်းပိတ်ရက်တွေမှာတော့ မြန်မာနိုင်ငံကို အလည်အပတ်ပြန်လာတတ်ပါတယ်.။
အခုတစ်ခါမှာတော့ သူ့ရဲ့အချစ်ရေးနဲ့ပက်သက်ပြီး ပရိသတ်ကြီးကို ပြောပြပေးလာတာပဲဖြစ်ပါတယ်။ မြူလင်းက “မေကြီးကိုပေါက်ကရတွေပြောပြီး စိတ်တိုအောင်လုပ်ရတာကိုကြိုက်တယ်။ ရည်းစားထားဖို့အရင် က ခွင့်မပြုပေမယ့် အခု ဆိုရင် ထားပေါ့။ရတယ်လေ ထားပေါ့ ပြောပေမယ့်စိတ်ပူပြီးဟိုမသွားခိုင်း ဒီမသွားခိုင်းဆိုတော့ ရည်းစားရစရာအကြောင်းမရှိတော့ဘူး။” ဆိုပြီးသူ့ရဲ့ ပရိသတ်တွေကို ပြောပြခဲ့တာပဲဖြစ်ပါတယ်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။