မေသဇင်ချစ်ကိုမွေးစားပြီး နိုင်ငံခြားမှာအခြေချတော့မယ့် ဒေါက်တာစိမ့်စမ်းဖြူ

Celebrity Local News
မေသဇင်ချစ်ကိုမွေးစားပြီး နိုင်ငံခြားမှာအခြေချတော့မယ့်
ဒေါက်တာစိမ့်စမ်းဖြူ

ကျောင်းမတတ်လို့ မူယာမာယာ‌များရင်းကနေ တစ်နိုင်ငံလုံးရဲ့ အချစ်တော် ဆယ်လီမလေးဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။စကားကိုသင်စရာမလိုဘဲ ချစ်စရာကောင်းအောင်ပြောတတ်တဲ့ ဆယ်လီမလေးမေသဇင်ချစ်ကတော့ အခုနောက်ပိုင်းမှာကြေညာတွေများစွာရိုက်ကူးခွင့်ရနေပါပြီ။အဓိကကတော့ ပညာရေးနဲ့ ပတ်သက်တဲ့ ကြေညာတွေရိုက်ကူးရသလို ကျန်းမာရေးကြေညာတွေနဲ့ အစားအသောက်ကြေညာတွေကို အဓိက ရိုက်ကူးခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဆယ်လီတစ်ယောက်ဖြစ်လာပေမယ့် အခုအချိန်ထိ ပျောက်ပျက်မသွားတာက ရိုးသားတဲ့ မိဘတွေကြောင့်လည်း ပါပါတယ်။

ကြေညာတွေများစွာလာကမ်းလှမ်းကြပေမယ့် သမီးရဲ့ ကျောင်းပညာရေးကို ထိခိုက်မှာ စိုး‌တာကြောင့် ကျောင်းပိတ်ရက်လိုနေ့မျိုးမှာသာ သမီးဖြစ်သူရဲ့ ဆန္ဒအရ ရိုက်ကူးပေးခဲ့တာလည်းဖြစ်ပါတယ်။ငွေရရင်ပြီးရောဆိုတဲ့ စိတ်မျိုးနဲ့ မလုပ်ဘဲ ဘဝကိုရိုးရိုးသားသားဖြတ်သန်းတဲ့ မိသားစုလေးမို့ အခုအချိန်ထိ ပရိတ်သတ်‌ကြားမှာ ထင်ပါ်နေဆဲပါဘဲ။မေသဇင်ချစ်က စကားဆိုရင်လည်း လူချစ်အောင်ပြောတတ်သလို သရုပ်ဆောင်တဲ့ အခါမှာလည်း သဘာဝကျကျ ပြောတတ်တာကြောင့် အားလုံးက သဘောကျခဲ့ရပြီး ကြေညာတွေအပြိုင်အဆိုင်အပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

စကားပြောကောင်းတဲ့ အတတ်ပတက်မလေးမေသဇင်ချစ်ကတော့ ကလေးပီပီလူတိုင်းကိုတော့ မခင်တွယ်တတ်ပါဘူးနော်။သူစကားမပြောချင်ရင် ဘယ်လိုမှ ချော့ပြီးပြောခိုင်းလို့ရမရဘဲ တစ်ယောက်တည်းနေတတ်တဲ့ အချေမလေးတစ်ယောက်ပါ။မိသားစုက လွဲရင် ဘယ်သူ့ကိုမှ သိပ်မရောတတ်တဲ့ မေသဇင်ချစ်ကတောဘ ဒေါက်တာစိမ့်နဲ့ ဆိုရင်တော့ ပြောလွန်းလို့ မိဘတွေကတောင် တားယူရတဲ့အထိပါဘဲ။နှစ်ယောက်သားက 7887 ကျန်းမာရေးအခမဲ့ဆွေးနွေးတဲ့ ကြေညာရိုက်တာချိန်မှာ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ကြပြီး မေသဇင်ချစ်ကတော့ တွေ့တွေ့ချင်းချင်းမှာဘဲ ဒေါက်တာစိမ့်ကိုခင်တွယ်သွားခဲ့တာ ရိုက်ကူးထားတဲ့ video တွေက သက်သေပါဘဲ။

မေသဇင်ချစ်ကတော့ ဒေါက်တာစိမ့်နဲ့ ပထမဆုံးအကြိမ်‌တွေ့ဆုံချိန်မှာဘဲ မေမေအစစ်ဆိုပြီးအနားနားကမခွာဘဲ စကားတွေဖောင်ဖွဲ့နေခဲ့တာလည်းဖြစ်ပါတယ်။ကလေးချစ်တဲ့ ဒေါက်တာစိမ့်ကတော့ မေသဇင်ချစ်ရဲ့ အပြောတွေမှာ ‌အရေပျော်သွားခဲ့တာအမှန်ပါဘဲ။ဒေါက်တာစိမ့် က ကလေးတိုင်းကိုချစ်တတ်ပေမယ့် စကားတတ်လွန်းပြီး သူအပေါ်ခင်တွယ်နေတဲ့ မေသဇင်ချစ်ကိုမွေးစားဖို့အထိပါ စိတ်ကူးနေခဲ့ပါပြီ။အရင်က သူ့ရဲ့ တူလေးကိုမွေးစားဖို့ လုပ်ထားပေမယ့် အခုတော့ နှစ်ယောက်လုံးကို မွေးစားဖို့အထိတွေးနေပြီလည်းဖြစ်ပါတယ်။

သွေးသားမတော်စပ်ဘဲ မွေးစားမယ်ဆိုတဲ့ ဒေါက်တာစိမ့်ရဲ့ အပြောကို Attention ရှာတယ်လို့ထင်နိုင်ပေမယ့် မမြင်ရတဲ့ ရှေးရေစက်ကြောင့် တစ်ယောက်ကိုတစ်ယောက် သားအမိတွေလိုသံယောဇဉ်ပိုနေခဲ့ကြတာလည်းဖြစ်ပါတယ်။မေသဇင်ချစ်ကလည်း Live လွှင့်တာတောင် ‌ကျန်တဲ့ လူတွေကို စိတ်မဝင်စားဘဲ ဆရာမစိမ့်ဒီအချိန်ဘာလုပ်နေမလဲဆိုပြီး အမဖြစ်သူကို မေးမြန်းတတ်သလို ၊ဆရာမဆီသတိရတဲ့ အကြောင်းတွေ တီတီတာတာပြောတတ်မို့ ဒေါက်တာစိမ့်တစ်ယောက် အချစ်ပိုရတာကလည်း မဆန်းပါဘူးနော်။

ဒေါက်တာစိမ့်ကတော့ သွေးသားမတော်ဆပ်တဲ့ကလေးတစ်ယောက် သူ့ကိုချစ်ပြနေတာကြောင့် သံယောဉ်ဇဉ်တိုးပြီးမွေးစားချင်ကြောင်းပြောလို့လာခဲ့ပါပြီ။မိဘတွေကိုတရားဝင်ပြောလာတမရှိသေးပေမယ့် သူ့အနေနဲ့ UK နိုင်ငံမှာအခြေချလို့ အဆင်ပြေရင် တူဖြစ်သူနဲ့ မေသဇင်ချစ်တို့ကိုခေါ်ပြီး နိုင်ငံခြားမှာပညာသင်ခိုင်းပြီး သူတို့ဘဝကို တိုးတတ်အောင်လုပ်ပေးနိုင်ဖို့ ရည်ရွယ်ထားတာလည်းဖြစ်ပါတယ်။ UK မှာအခြေချဖို့က အစီအစဉ်ချတုန်းမို့ သေချာမသိသေးရသေးပေမယ့် လတ်တလောမေသဇင်ချစ်အဆင်ပြေအောင် လုပ်ပေးဖို့ အစီစဉ်ချနေခဲ့ပါတယ်။

ကြေညာရိုက်တာက ရေရှည်မတည်မြဲနိုင်တာမို့ ရေရှည်တည်မြဲမယ့် အလုပ်တစ်ခုကိုအကောင်အထည်ဖော်ပေးဖို့ စဉ်းစားပေးနေခဲ့တာလည်းဖြစ်ပါတယ်။ဒေါက်တာစိမ့်ကတော့ မေသဇင်ချစ်အတွက် channel ထောင်ပေးပြီး ကိုယ်ပိုင် creation တစ်ခုခုလုပ်ကာ ငွေအမြဲဝင်အောင်လုပ်ပေးဖို့ ပြောလာခဲ့ပါတယ်။

ကြေညာခေါ်မရိုက်ရင် ပျောက်ကွယ်သွားတာမျိုးမဖြစ်စေချင်တာကြောင့် အခုလိုလုပ်ပေးဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။ဒေါက်တာစိမ့်ကတော့ သူနိုင်ငံခြားမ‌သွားခင်စပ်ကြားမှာ မေသဇင်ချစ်အဆင်ပြေအောင်လုပ်ပေးဖို့ စီစဉ်နေသလို သွားဖြစ်ရင်လည်း မွေးစားပြီး ခေါ်သွားမယ်ဆိုပြီး မေသဇင်ချစ်အပေါ်ထားတဲ့ သူ့ရဲ့ မေတ္တာတရားကို အားလုံးသိအောင်ပြောလာခဲ့ပြီလည်းဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...