ရုပ်ရည်နဲ့လိုက်မယ့် အလုပ်ကို လုပ်ကိုင်နေပြီဖြစ်တဲ့ Fashionကျိန်စာမိနေသူ ချယ်ရီသင်း

Celebrity Local News
ရုပ်ရည်နဲ့လိုက်မယ့် အလုပ်ကို လုပ်ကိုင်နေပြီဖြစ်တဲ့ Fashionကျိန်စာမိနေသူ ချယ်ရီသင်း


ဂီတလောကမှာ ပရိတ်သတ်အခိုင်အမာရထားတဲ့ ချယ်ရီသင်းကတော့ အခုအချိန်မှာ ရုပ်ရည်နဲ့ လိုက်ဖက်မယ့် အလုပ်တစ်ခုကိုရွေးချယ်လုပ်ကိုင်နေပါပြီ။ချယ်ရီသင်းကတော့ အဆိုပိုင်းမှာ ထူးချွန်သူတစ်ယောက်ဖြစ်ပေမယ့် ပရိတ်သတ်ဝေဖန်တာကို ခံနေရသူပါ။အဆိုတော်ကောင်းတစ်ယောက်ဖြစ်ဖို့ ရုပ်ချောဖို့ အဓိကမကျပေမယ့် ကောင်းကောင်းမွန်မွန်ဝတ်စားတတ်ဖို့တော့လိုပါတယ်။ပရိတ်သတ်တွေအမြဲစောင့်ကြည့်အားပေးတာခံရတဲ့ celebrityတစ်‌ယောက် ဖြစ်တာမို့ အဝတ်အစားအပြင်အဆင်ကတော့ အရေးကြီးပါတယ်။

ချယ်ရီသင်းကတော့ အဆိုကောင်းပေမယ့် အဝတ်အစားအပြင်အဆင်ဂွမ်းလွန်းတာကြောင့် Fashion ကျိန်စာမိ‌နေတယ်လို့ ပရိတ်သတ်တွေ
လှောင်ပြောင်ပြောဆိုတာကို ခံနေခဲ့ရသူပါ။ပရိတ်သတ်တွေပြောတာကလည်းမှားတော့မမှားပါဘူး။နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်ပေမယ့် ကြည့်လိုက်တာ‌နဲ့ တော်ရုံလူတောင်မဝတ်တဲ့ ပုံစံမျိုးတွေ ဝတ်စားတတ်သလို အဓိကကတော့ ဆံပင် အဖြူအရှည်ကြီးပါဘဲ။ကတုံးတုံးလို့ ဆံပင်တုတပ်ရင်တောင် အဖြူစွပ်စွပ်ကြီးတတ်ပြီး နေတတ်တာမို့ ပရိတ်သတ်တွေက ကြည့်မရဖြစ်ပြီးဝေဖန်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ဝေဖန်မှုတွေနဲ့ ကျင့်သားရနေတဲ့ချယ်ရီသင်းကတော့ အခုလည်း Fashion တွေဂွမ်းတုန်းပါဘဲ။ဝေဖန်မှုတွေကြောင့် စိတ်မညစ်သွားတဲ့ ချယ်ရီသင်းကတော့ အခုဆိုရင် အလုပ်တောင်တိုးချဲ့နေခဲ့ပါပြီ။အနုပညာအလုပ်ကို ဝါသနာပါလို့ လုပ်ကိုင်ခဲ့တဲ့ ချယ်ရီသင်းကတော့ အခုလည်း ဝါသနာထက် သူ့ရဲ့ ပုံစံနဲ့ လိုက်ဖက်တဲ့အလုပ်တစ်ခုကို လုပ်ကိုင်နေခဲ့ပြီလည်းဖြစ်ပါတယ်။အဆိုတော်တစ်ယောက်အနေနဲ့ သီချင်းတွေသီဆို‌ဖျော်ဖြေရင်း ပရိတ်သတ်အခိုင်အမာရထားတဲ့ ချယ်ရီသင်းကတော့ ပွဲလာဌားတဲ့ လုပ်ငန်းရှင်တွေကြောင့် ငွေအများကြီးစုဆောင်းမိတယ်ဆိုတာ အခုသူပြောပြမယ့် အလုပ်ကို ကြည့်ရင်သိနိုင်မှာပါ။ချယ်ရီသင်းကတော့ အခုအချိန်မှာ အာသွက်လျှာသွက်နဲ့ ရေပတ်မဝင်အောင်ပြောနိုင်မှရမယ့် ပွဲစားအလုပ်ကို လုပ်ကိုင်နေပြီလည်းဖြစ်ပါတယ်။

အနုပညာရှင်တော်တော်များများက အိန္ဒြေရရ လုပ်ကိုင်လို့ရမယ့် Fashion ဆိုင်တွေ၊စိန်ရွှေရတနာဆိုင်တွေဖွင့်ကြပေမယ့် ချယ်ရီသင်းကတော့ တစ်မူထူးခြားပါတယ်။တခြားအလုပ်တွေက သူနဲ့ အကျိုးမပေးသလို ဝါသနာမပါဘဲ အိမ်ခြံမြေပွဲစားနဲ့ ကားပွဲစားလုပ်ရတာကို သဘောကျသလို သူပုံစံနဲ့ လည်း အံကိုက်ဘဲ လို့ဆိုပါတယ်။ချယ်ရီသင်းနဲ့ ပွဲစားအလုပ်ကလည်း သေချာတွေးကြည့်လိုက်ရင် အံကိုက်ပါဘဲ။စကားပြောရင် မြန်ဆန်ပြီး သွက်လက်တဲ့ သူ့ပုံစံက ပွဲစားတစ်ယောက်ပုံစံနဲ့ တော်တော်လိုက်ဖက်ပါတယ်။

ချယ်ရီသင်းက သူများတွေလိုမျိုး ပွဲစားသီးသန့်လုပ်တာမဟုတ်ဘဲ ကိုယ်ပိုင် အိမ်တွေ၊ကားတွေကို ဝယ်ရောင်းလုပ်နေခဲ့တာပါ။အနုပညာကြေးက ရတဲ့ ငွေဘယ်လောက်များလည်း ဆိုတာမသိပေမယ့် အိမ်တွေ၊ကားတွေကို ဝယ်ပြီး ပြန်ရောင်းနိုင်တဲ့ အထိအောင်မြင်နေတာလည်းဖြစ်ပါတယ်။ချယ်ရီသင်းကတော့ အနုပညာကြေးရတာနဲ့ တိုက်အသစ်တွေဝယ်စုသလို၊ကားတွေဝယ်ထားခဲ့ပြီး အခုအချိန်မှာ ပြန်ထုတ်ရောင်းခဲ့တာလည်းဖြစ်ပါတယ်။သူ့ရဲ့ တိုက်ခန်းရောင်းတဲ့ နေရာမှာ သူ့ရဲ့ ကျော်ကြားမှုကို အသုံးချပြီး ပွဲစားမလိုအောင် ရောင်းချနေခဲ့တာကြောင့် အခုဆိုရင် တိုက်တွေတော်တော်ရောင်းနေရပါပြီ။

ချယ်ရီသင်းက အခုဆိုရင် တိုက်၄လုံးရောင်းချပြီးပါပြီ။ရောင်းတဲ့နေရာမှာလည်း လူတွေရဲ့ ယုံကြည်မှုကြောင့် တစ်ပွဲနဲ့ တစ်ပွဲက အချိန်ခဏဘဲ ယူရတဲ့အထိ မြန်မြန်ဆန်ဆန်ရောင်းနိုင်တယ်ဆိုပြီး ‌ပွဲစားအလုပ်က သူနဲ့ အကျိုးပေးတယ်ဆိုပြီး ပျော်ရွှင်စွာပြောလာခဲ့ပါတယ်။ချယ်ရီသင်းကတော့သီချင်းတွေသီဆိုရင်း အဆိုတော်တစ်‌ယောက်အနေနဲ့ လုပ်ကိုင်မှာဖြစ်သလို သူနဲ့ အကျိုးပေးတဲ့ ပွဲစားဘဝကိုလည်း လက်မလွှတ်ဘဲ လုပ်ကိုင်သွားအုံးမှာလည်းဖြစ်ပါတယ်။ချယ်ရီသင်းကတော့ အခုအချိန်မှာပွဲစားလုပ်သက်က နုသေးတာမို့ သူများအိမ်တွေကို ပွဲစားမလုပ်သေးဘဲ ကိုယ်ပိုင်အိမ်တွေ၊ကားတွေကိုသာ ရောင်းချသွားမှာပါ။

အိမ်စာချုပ်စာတမ်းက ရှုပ်ထွေးတာမို့ တစ်ခုခုလွဲချော်ရင် နာမည်ပျက်မှာဆိုးတဲ့ ချယ်ရီသင်းကတော့ စာရွက်စာတမ်းခိုင်မာတဲ့ သူ့ရဲ့ အိမ်တွေကိုသာ ရောင်းချသွားမယ်ဆိုပြီး သူ့ရဲ့အိမ်တွေကောင်းကြောင်းPromotion ဆင်းလာခဲ့တာလည်းဖြစ်ပါတယ်။ချယ်ရီသင်းကတော့ အခုအချိန်မှာ ဆန္ဒနဲ့ ဘဝ ထပ်တူကျနေလောက်ပါပြီနော်။သူ့နဲ့ ပုံစံတူတဲ့ အလုပ်လည်းလုပ်ရသလို ဝင်ငွေလည်းကောင်းနေတာမို့ ပျော်ရွှင်နေမှာ အမှန်ပါဘဲနော်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...