လှအောင်မငိုတတ်လို့ မင်းသားမဖြစ်နိုင်ပေမယ့် ရုပ်ရည်ပိုင်းမှာ ယုံကြည်ချက်အပြည့်ရှိနေတဲ့ ဟိဏ်းသစ်

Celebrity Local News
လှအောင်မငိုတတ်လို့ မင်းသားမဖြစ်နိုင်ပေမယ့် ရုပ်ရည်ပိုင်းမှာ
ယုံကြည်ချက်အပြည့်ရှိနေတဲ့ ဟိဏ်းသစ်

ပရိတ်သတ်တွေကတော့ ဟိဏ်းသစ်ဆိုတာနဲ့ ထိမိဂွိဆိုတဲ့ စကားလုံးကိုပြေးမြင်ကြမှာပါ။အဆိုတော်တစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ အနုပညာလှုပ်ရှားမှုကို လူသိနည်းခဲ့ပြီး သူ့ရဲ့ စားသောက်ကုန်ကိုသာ လူသိများခဲ့ကြတာလည်းဖြစ်ပါတယ်။ပရိတ်သတ်အများစုက ဟိဏ်းသစ်ကို ထမင်းဟင်းတွေကို မြိန်ရေရှက်ရေချက်ပြုတ်စားသောက်ပြနေတဲ့ Food blogger တစ်ယောက်အဖြစ်သာ သိခဲ့ကြတာလည်းဖြစ်ပါတယ်။

ဟိဏ်းသစ်ကတော့ အခုအချိန်မှာ ထိမိဂွိထုတ်ကုန်ကို အောင်အောင်မြင်မြင်ထုတ်ပြီး နာမည်ကြီးနေတဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပေမယ့် သူဝါသနာပါတာကတော့ အနုပညာအလုပ်ပါဘဲ။

ထိမိဂွိထုတ်ကုန်ကို မကြေညာခင်ကတည်းက သီချင်းတွေကိုသီဆိုရင်း ပရိတ်သတ်တွေကို ချပြခဲ့ပါသေးတယ်။ဝါသနာပါရာဂီတ‌အလုပ်တွေကို လုပ်ကိုင်ကာ ပရိတ်သတ်တွေကိုချပြခဲ့ပေမယ့် လူကြိုက်နည်းတဲ့ အနုပညာရှင်တစ်ယောက်အနေနဲ့သာ ရှိနေခဲ့တာပါ။သီချင်းများစွာကိုဖန်တီးသီဆိုရင်းအောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ဖို့ ကြိုးစားခဲ့ပေမယ့် သီချင်းနဲ့ မအောင်မြင်ဘဲ influencer တစ်ယောက်အနေနဲ့သာ အောင်မြင်ကျော်ကြားလာခဲ့တာပါ။ထမင်းတွေကို သူ့ရဲ့ ထုတ်ကုန် ထိမိဂွိနဲ့ စားသောက်ပြရင်းကနေ ပရိတ်သတ်တွေကြားနာမည်ရပြီး အောင်မြင်ကျော်ကြားတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။

ဟိဏ်းသစ်ကတော့ သူ့ရဲ့ ထုတ်ကုန်ကြောင့်ကောင်းသတင်းနဲ့ နာမည်ကြီးခဲ့သလို ဝေဖန်မှုနဲ့လည်း နာမည်ကျော်ကြားခဲ့ပါသေးတယ်။အရသာရှိတဲ့ သူ့ရဲ့ စားသောက်ကုန်ကြောင့် လူအများကြားနာမည်ကောင်းနဲ့ ကျော်ကြားခဲ့သလို အရည်အသွေးမပြည့်မှီဘူးဆိုတဲ့ USA ရဲ့ထုတ်ပြန်ချက်ကြောင့်လည်း လူအများကြားမှာ ဝေဖန်ပြောဆိုစရာတစ်ခုဖြစ်ခဲ့ရပါတယ်။အမေရိကန်ကစလိုက်တဲ့ ဇာတ်လမ်းက အခုအချိန် မြန်မာနိုင်ငံမှာပါ ဂရတ်တွေထလို့နေပြီလည်းဖြစ်ပါတယ်။

ဟိဏ်းသစ်ကတော့ သူ့ရဲ့ ထုတ်ကုန်က အရည်အသွေးမမှီလို့ မဟုတ်ဘဲ အမေရိကန်တွေစားလို့ရအောင် အဆင့်မှီအောင်ထုတ်ထားမဟုတ်ဘူးဆိုပြီး ဖြေရှင်းခဲ့တာကြောင့် ဝေဖန်သံတွေက ပိုလို့တောင်ဆိုးလာခဲ့ပါသေးတယ်။အရင်က စားကောင်းလို့ ဝိုင်းကြိုက်ခဲ့ကြတဲ့ သူ့ရဲ့ ထုတ်ကုန်က အခုအချိန်မှာ စားပြီး ဝမ်းသွားတယ် မကောင်းဖူးဆိုတဲ့ Bad review တွေက ပေါ်ပေါက်လာခဲ့ပါပြီ။ဟိဏ်းသစ်ကတော့ သူ့ရဲ့ထုတ်ကုန်ဂရတ်ကြောင့် စိတ်ဓာတ်တွေကျပြီး အခန်းထဲက အခန်းပြင်မထွက်နိုင်အောင် ဖြစ်ခဲ့ပေမယ့် သူ့ရဲ့ အောင်မြင်မှုကတော့ လျှော့မသွားခဲ့ပါဘူး။

ဝေဖန်သူတစ်ချို့ရှိပေမယ့် အားပေးတဲ့ ပရိတ်သတ်တွေကြောင့် အခုအချိန်ထိ အောင်အောင်မြင်မြင်နဲ့ အလုပ်တွေလုပ်ကိုင်နေဆဲပါဘဲ။ဟိဏ်းသစ်ကတော့ သူ့ကိုသိပြီး အားပေးတဲ့ ပရိတ်သတ်တွေများနေတာကြောင့် မင်းသားတစ်ယောက်ဖြစ်လာဖို့ စိတ်ကူးယဉ်နေခဲ့ပါပြီ။

တစ်ချိန်က ဝတုတ်တုတ်ကောင်လေးဟိဏ်းသစ်က မော်ဒယ်တစ်ယောက်အနေနဲ့လည်း ရပ်တည်ခဲ့ဖူးပါတယ်။သူဝါသနာပါရာအနုပညာအလုပ်တွေကို လုပ်ကိုင်ဖို့ မော်ဒယ်တစ်ယောက်အဖြစ်လုပ်ကိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဂီတလောကကို ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။

အခုတော့သူ့ရဲ့ ဝါသနာတစ်ခုဖြစ်တဲ့ မင်းသားတစ်ယောက်ဖြစ်လာဖို့အရေးကို စောင့်မျှော်နေကြောင်း အားလုံးသိိအောင်ထုတ်ပြောလာခဲ့ပါပြီ။ရုပ်ရည်ပိုင်းနဲ့ ပတ်သက်ရင် Confident အပြည့်ရှိနေတဲ့ ဟိဏ်းသစ်က မင်းသားတစ်ယောက်ဖြစ်ချင်ပေမယ့် ငိုရင် လှအောင်မငိုတတ်လို့ မင်းသားတစ်ယောက်ဖြစ်လာပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေရှိလို့နေခဲ့ပါတယ်။သူ့အနေနဲ့ လှအောင်မငိုတတ်လို့ မင်းသားမဖြစ်နိုင်ဘူးတွေးထင်နေပေမယ့် ပရိတ်သတ်တွေကတော့ အဲ့ရုပ်ရည်နဲ့ မင်းသားမဖြစ်နိုင်ဘူးဆိုပြီး ဝေဖန်နေကြပါပြီ။ပရိတ်သတ်တွေက ရုပ်ရည်ပိုင်းနဲ့ ဝေဖန်နေလည်း ဂရုမစိုက်ဘဲ အောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ်လာဖို့ကိုသာ စိတ်ကူးယဉ်နေခဲ့ပြီလည်းဖြစ်ပါတယ်။

လှအောင်မငိုတတ်ပေမယ့် ရုပ်ရှင်ရိုက်ဖို့ အခွင့်အရေးသာ ပေးလာခဲ့ရင် ဟာသကားနဲ့ အချစ်ကားကို ရိုက်ကူးချင်တဲ့အကြောင်း Producer တွေကို တစ်ခါတည်းအသိပေးလာခဲ့ပါတယ်။ချစ်တတ်တဲ့ နှလုံးသား ငယ်ငယ်ကတည်းက ပါလာတဲ့ ဟိဏ်းသစ်က အချစ်ကားရိုက်ရင် သူ့အတွက် အခက်မရှိနိုင်ဘူးဆိုပြီးချစ်တဲ့ နေရာမှာ ပိုင်နိုင်ကြောင်းပြောလာခဲ့ပါတယ်။အချစ်ကားတွေကျွမ်းကျင်ပေမယ့် တကယ်ရိုက်ကူးရရင် သူ့ရဲ့ ရုပ်ရည်နဲ့ စနှိုက်ကြော် နေရာကနေ ရိုက်ရဖို့ များတယ်ဆိုပြီး ပရိတ်သတ်တွေ မဝေဖန်ခင်မှာ တစ်ခါတည်းကြိုပြီး ပြောလာခဲ့ပြီလည်းဖြစ်တယ် ။ပရိတ်သတ်တွေကတော့ သူ့ရဲ့ ရုပ်ရည်ရူပကာနဲ့ ဆိုရင် BL ကားတွေရိုက်ဖို့ အကြံပေးနေကြပါပြီ။ဟိဏ်း သစ်က‌တော့ မင်းသားဖြစ်၊မဖြစ်မသေချာပေမယ့် သူ့ရဲ့ အပြောကြောင့် အခုတော့ ဝေဖန်မှုတွေပြင်းထန်နေခဲ့ပြီလည်းဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...