သရုပ်ဆောင်လုပ်တုန်းကလူမသိခဲ့ဘဲ ပရဟိတလုပ်တော့မှ နာမည်ကြီးမင်းသားတွေထက်တောင် ပိုအချစ်ခံလာရတဲ့ ကိုထွန်းမင်း

Celebrity Local News
သရုပ်ဆောင်လုပ်တုန်းကလူမသိခဲ့ဘဲ ပရဟိတလုပ်တော့မှ
နာမည်ကြီးမင်းသားတွေထက်တောင် ပိုအချစ်ခံလာရတဲ့ ကိုထွန်းမင်း

ပရဟိအကျိုးတော်ဆောင်အနေနဲ့ နာမည်ကြီးနေတဲ့ အနုပညာရှင်တွေထဲမှာ မင်းသမီးကြီးခိုင်နှင်းဝေကထိပ်ဆုံးကဖြစ်နေပေမယ့် မင်းသမီးခိုင်နှင်းဝေလိုပဲ အနုပညာလောကကနေ ပရဟိတသမားဖြစ်လာခဲ့သူကတော့ ကိုထွန်းမင်းပါပဲ။အခုအချိန်မှာ ကိုထွန်းမင်းက ပရဟိတအကျိုးတော်ဆောင်အနေနဲ့နာမည်ကြီးလူသိ
များပေမယ့် ကိုထွန်းမင်းကို အနုပညာသမားဆိုတာလူအတော်များများကမသိကြပါဘူး။

ဘာသာခြားတစ်ယောက်ဖြစ်တဲ့ကိုထွန်းမင်းက စေတနာသဒ္ဓါတရားထက်သန်တဲ့လူတစ်ယောက်ဖြစ်ပြီး သေရင်ကိုယ့်နောက်ပါတဲ့အရာက ကုသိုလ်ကောင်းမှုပဲဖြစ်တာကြောင့် အများအကျိုးဆောင်ကူညီတဲ့ ပရဟိတအလုပ်တွေမှာအားသွန်ခွန်စိုက်လုပ်ပေးလာတာဖြစ်ပါတယ်။ပရဟိတကိုစိတ်ရောကိုယ်ရောနှစ်ပြီး လူမျိုးဘာသာမရွေး ၊အဆင့်အတန်းမခွဲခြားဘဲ လိုက်လံကူညီတတ်တဲ့ ကိုထွန်းမင်းကို ဘယ်သူမှမလေးစားပဲနေနိုင်မှာမဟုတ်ပါဘူး။

ကူကယ်ရာမဲ့နေတဲ့အခြေခံလူတန်းစားတွေရဲ့ဘဝမှာ ကိုထွန်းမင်းကြောင့် အသက်ရှင်ခဲ့ရတာတွေရှိသလို၊ ကိုထွန်းမင်းကြောင့် အိမ်ခြေရာမဲ့ဘဝက လွတ်မြောက်ခဲ့တာလည်းရှိပါတယ်။စားဝတ်နေရေးအပြင် အခြေခံမိသားစုတွေက ကလေးတွေရဲ့ကျန်းမာရေး၊ပညာရေး လိုအပ်ချက်တွေကို အလှုရှင်တွေရဲ့ပံ့ပိုးကူညီမှုနဲ့ လိုအပ်နေသူတွေဆီ ကိုထွန်းမင်းက အိမ်တိုင်ရာရောက်အကူအညီတွေများစွာပေးခဲ့ပါတယ်။ကိုထွန်းမင်းရဲ့လုပ်ရပ်တွေက လူတိုင်းလိုက်မလုပ်နိုင်သလို သူ့ရဲ့စိတ်ကလည်း လူတိုင်းမှာမရှိတဲ့ ပရဟိတစိတ်မျိုးရှိနေတာကြောင့် လူပေါင်းများစွာရဲ့အသိအမှတ်ပြု ချီးကျူးခြင်းကိုရထားတာဖြစ်ပါတယ်။

ဒါကြောင့်လည်းပရဟိတထွန်းမင်းဆိုပြီး နာမည်တစ်လုံးနဲ့အခြေခံလူတန်းစားတွေအတွက် နတ်သားတစ်ပါးလို ကယ်တင်ရှင်လို ဖြစ်လာတဲ့ကိုထွန်းမင်းကို မသိသူမရှိလောက်အောင်ရှားပါတယ်။လူတွေမသိကြတာတော့ ကိူထွန်းမင်းက အခုအချိန်ကျမှ လူပေါင်းများစွာရှေ့ကိုရောက်လာတာမဟုတ်ဘဲ လွန်ခဲ့တဲ့နှစ်တွေကတည်းက လူပေါင်းများစွာရဲ့အရှေ့မှာရှိနေခဲ့တာပါ။ကိူထွန်းမင်းက ဗီဒီယိုနဲ့ရုပ်ရှင်ကားတွေမှာ ဇာတ်ပို့အနေနဲ့ပါဝင်သရုပ်ဆောင်ရင်း လူပေါင်းများစွာရဲ့အရှေ့မှာ ရပ်နေခဲ့ပေမယ့် ဘယ်သူကမှသတိမထားမိခဲ့ကြပါဘူး။ကိုထွန်းမင်းက အနုပညာပိုးပါသူဖြစ်တာကြောင့် ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေမှာ ကျရာအခန်းကဏ္ဍကနေ သရုပ်ဆောင်ခဲ့ပြီး သူ့ရဲ့အနုပညာကိုပြသခဲ့ပါသေးတယ်။ သို့ပေမယ့် ကိုထွန်းမင်းကလည်း သာမန်ဇာတ်ပို့ဇာတ်ရံတွေလို ပရိတ်သတ်အသိအမှတ်ပြုခြင်းမခံရတဲ့ဘဝမျိုးသာရခဲ့ပါတယ်။


သို့ပေမယ့် ပရဟိတအများအကျိုးဆောင်တဲ့လုပ်ရပ်တွေက ကိုထွန်းမင်းရဲ့ဘဝ ကိုတဆစ်ချိုးပြောင်းလဲပေးလိုက်သလိုပါပဲ။ကံကံ၏အကျိုးအတိုင်း ကိုထွန်းမင်းကအများအကျိုးဆောင်ရင်းကိုယ့်အကျိုးအောင်သွားခဲ့တယ်လို့ဆိုရမှာပါပဲ။

အခုဆိုရင် လူပေါင်းများစွာကိုကိုထွန်းမင်းကို မိတ်ဆက်စရာမလိုဘဲသိနေကြပြီးပရဟိတထွန်းမင်းဆိုပြီး မြန်မာနိုင်ငံတဝှမ်းမှာနာမည်ကြီးလို့နေပါတယ်။လူတကာကြည့်ရတဲ့ ရုပ်ရှင်ဗီဒီယိုတွေမှာပါတုန်းကတောင် လူမသိခဲ့ရတဲ့ ကိုထွန်းမင်းက ပရဟိတအလုပ်တွေများစွာလုပ်မှ လူသိများနာမည်ကြီးလာခဲ့ပြီး အခုဆိုရင် လူတွေက နာမည်ကြီးမင်းသားတွေထက် ပရဟိတထွန်းမင်းကိုတောင် ပိုချစ်နေကြပါတယ်။ဒါ့ကြောင့်လည်း တချိန်က ကိုထွန်းမင်းပါဝင်ခဲ့တဲ့ရုပ်ရှင်ကားတွေကိုပြန်ကြည့်ပြီး ပြန်အားပေးနေကြတဲ့အထိပါပဲ။ကိုထွန်းမင်းက မင်းသားနေတိုးနဲ့အတူ “မဟူရာရုပ်ရှင်ရုံ”ဆိုတဲ့ horror ကားကြီးမှာဇာတ်ပို့နေရာကနေပါဝင်သရုပ်ဆောင်ထားခဲ့ပြီး ကိုထွန်းမင်းပါဝင်သရုပ်တောင်ထားတဲ့ရုပ်ရှင်ထဲကအခန်းတွေဟာ အခုအချိန်ကျမှပရိတ်သတ်တွေကြားပြန်လည်ရောက်ရှိလာပြီးနာမည်ကြီးနေပါတယ်။

ကိုထွန်းမင်းကအနုပညာကိုဝါသနာကြီးတဲ့သူဖြစ်တာကြောင့် ဒီရုပ်ရှင်မှာပါဝင်ရမယ့် အဘိုးကြီးအခန်းအတွက် ဂျိုင်းထောက် ထောက်ပြီးသွားရမယ့်ပုံစံကိုတစ်ပတ်လောက်လေ့ကျင့်ခဲ့ရတယ်လို့ဆိုပါတယ်။ဒီထဲမှာ အသက်ကြီးကြီးလူတစ်ယောက်အနေနဲ့ ဒိုင်ယာလော့ခ်တွေအများကြီးပြောပြီးတည်ငြိမ်စွာသရုပ်ဆောင်ထားတဲ့ ကိုထွန်ူမင်းကိုပရိတ်သတ်တွေကလည်းသဘောကျနေကြပါတယ်။ကိုထွန်းမင်းကတော့ ဒီရုပ်ရှင်မှာပါဝင်တုန်းကဒိုင်ယာလော့ခ်တွေအများကြီးပြောတတ်ဖို့ မင်းသားနေတိုးကအများကြီးသင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အခုအချိန်မှာ ပရဟိတအလုပ်တွေသာ လုပ်နေပေမယ့် အခွင့်အရေးရရင်တော့ အရင်လို သရုပ်ဆောင်အလုပ်တွေလည်းလုပ်ဖို့ ကိုထွန်ူမင်းမှာ အနုပညာပိုးကလည်းအပြည့်ပါပဲ။

ကိုထွန်းမင်းကတော့ သူ့ရဲ့ဘဝမှာ အနုပညာနဲ့ ပရဟိတပိုးနှစ်ခုပါလာခဲ့ပေမယ့် လူတွေဒုက္ခရောက်နေတာကိုကူညီဖို့သာပိုစိတ်အားထက်သန်ပြီး ပရဟိတအလုပ်ကိုပဲ
ဦးစားပေးလုပ်ဖြစ်သွားမှာပါ။ဝါသနာနှစ်ခုပါတာတောင်
ကိုထွန်းမင်းက သူ့ရဲ့အတ္တကိုရှေ့တန်းမတင်ဘဲ ပရဟိတစိတ်ကိုသာရှေ့တင်းတင်ထားတဲ့အထိ လေးစားဖွယ်ကောင်းတဲ့သူပါ။

ဒါ့ကြောင့်လည်း အခုဆိုရင် ကိုထွန်းမင်းက နာမည်ကြီးအနုပညာရှင်တွေထက်လည်းပရိတ်သတ်ချစ်ခင်အားပေးမှုရနေတဲ့အပြင်နာမည်ကြီးအနုပညာရှင်တွေကတော့ ထိရောက်တဲ့အလှူအတန်းတွေလုပ်ချင်လာတဲ့အခါ ကိုထွန်းမင်းကိူပဲ ဆက်သွယ်
အကူအညီတောင်းလာကြရတာပါ။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...