သီတင်းကျွတ်ရောက်တိုင်းငယ်ဘဝကိုသတိရတယ် ဆိုတဲ့ ညီထွဋ်ခေါင်

Celebrity Local News
သီတင်းကျွတ်ရောက်တိုင်းငယ်ဘဝကိုသတိရတယ် ဆိုတဲ့ ညီထွဋ်ခေါင်

မြန်မာဆန်ဆန် မျက်လုံး ၊ မျက်ခုံး နဲ့ ခပ်တောင့်တောင့် ခန္ဓာကိုယ် ၊ ပီပြင်ပိုင်နိုင်တဲ့သရုပ်ဆောင်ချက်နဲ့ ပရိတ်သတ်ရဲ့ ရင်ထဲကို ထိုးဖောက်ဝင်ရောက်လာ သူလို့ဆိုရရင်တော့ ပရိတ်သတ်အချစ်တော် မင်းသား ညီထွဋ်ခေါင် ကိုပဲဖော်ပြရမှာဖြစ်ပါတယ်။

… သရုပ်ဆောင် ညီထွ ဋ်ခေါင် ကတော ယောကျာ် ပီသတဲ့ အသွင်အပြင် ရုပ်ရည်နဲ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိ ထားသူတစ်ယောက်ပဲ ဖြစ်ပါ သယ်၊ ညီထွဋ်ခေါင်ဟာ အနုပညာအလုပ်တွေ ကို လုပ်ကိုင်နေသလို တဖက်မှာ လည် ချို့တဲ့ သူတွေကို စာနာလှူဒါန် ပေးနေတာပဲဖြစ်ပါ တယ်။

မင်းသား ညီထွဋ်ခေါင် ဟာ ရုံတင် ရုပ်ရှင် ဇာတ်ကားကြီးများ ရုပ်ရှင်ဇာတ်လမ်းတွဲများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူ့ရဲ့ သဘာဝကျပြီးပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်ရဲ့ အားပေးမှုကိုရရှိခဲ့တာဖြစ်ပါတယ်။ ညီထွဋ်ခေါင် ဟာ ပရိတ်သတ်တွေချစ်ခင်မှုကို ရရှိပြီးကံကောင်းခဲ့ပေမယ့် အချစ်ရေးမှာတော့ ချစ်ရသူနဲ့ ကွဲကာရတဲ့ ဒုက္ခကို ခံစားခဲ့ရပါတယ်။

အခုတစ်ခါမှာလည်း ညီထွဋ်ခေါင်က သူ့ရဲ့သီတင်းကျွတ်အမှတ်တရတွေကို ပြောပြလာတာပဲဖြစ်ပါတယ်။ “သီတင်းကျွတ်ရောက်တိုင်းငယ်ဘဝကိုသတိရတယ်။ငယ်ငယ်ကဆို မီးရှူးမီးပန်းလေးတွေရောင်းပြီးပိုက်ဆံရှာတယ်။ ကန်တော့ပြီးတော့လည်း ပိုက်ဆံရှာတယ်။ ငယ်ငယ်က စီးပွားရေးလာဘ်မြင်ပြီးပိုက်ဆံရှာတတ်တယ်။အနုပညာဝါသနာပါမှ စီးပွားရေးအမြင်မရှိတော့တာတွေတွေးမိတယ်။ အိမ်ကလည်း အလုပ်လုပ်တတ်တဲ့အကျင့်ရှိအောင်သင်ပေးတယ်။ နွေရာသီကျောင်းပိတ်ရက်တိုင်းပိုက်ဆံရတာအကုန်လုပ်တယ်” ဆိုပြီး ပရိသတ်ကြီးကိုဝေမျှပေးလာတာပဲဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...