အိန္ဒိယရိုးရာကို ထိပါးစေသည့်ရုပ်ရှင်နှင့်ပတ်သက်၍ ဝေဖန်ခဲ့သူ ဖမ်းဆီးခံရ

Celebrity Local News
အိန္ဒိယရိုးရာကို ထိပါးစေသည့်ရုပ်ရှင်နှင့်ပတ်သက်၍ ဝေဖန်ခဲ့သူ ဖမ်းဆီးခံရ

မြန်မာရုပ်ရှင်ဇာတ်ကားတစ်ကားအား အိန္ဒိယရိုးရာကို ထိပါး၊ လှောင်ပြောင်ရာရောက်ကြောင်း ဝေဖန်ခဲ့သူ ကိုရှိုင်းထက်အောင် (ခ)ဟာဆယ်ယွန်အား လှိုင်မြို့မရဲစခန်း၌ ဖမ်းဆီးထားကြောင်း နစက က ယနေ့ (အောက်တိုဘာ ၃၁ ရက်) ထုတ်နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြသည်။

ယင်းသတင်းဖော်ပြချက်တွင် အောက်တိုဘာလ ၂၉ ရက်နေ့တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန်ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် Her Sal Yon (Ko King) Facebook အကောင့် ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ် (၉) ရပ်ကွက်နေ ရှိုင်းထက်အောင် (ခ) ဗွီးထက်ကူးမားအား ည ၆ နာရီ ၄၀ မိနစ်တွင် လှိုင်မြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။

ကိုရှိုင်းထက်အောင် (ခ) ဟာဆယ်ယွန်သည် ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးပြီး ထပ်ဆင့်အကယ်ဒမီလွင်မိုး၊ ထပ်ဆင့်အကယ်ဒမီခိုင်သင်းကြည်၊ အကယ်ဒမီခန့်စည်သူနှင့် အကယ်ဒမီရွှေမှုံရတီတို့ပါဝင်ထားသော “ဂျစ်ကားစီးဖူးသလား ဂျားကစ်စားဖူးသရီး” ရုံတင်ကားနှင့် ပတ်သက်ပြီး ၎င်း၏အမြင်ကို လူမှုကွန်ရက်တွင်ဝေဖန်ရေးသားခဲ့သည်။

ထိုသို့ ရေးသားပြီးနောက် အောက်တိုဘာ ၂၆ ရက်က မရမ်းကုန်းမြို့နယ်၊ ခဝဲခြံမျက်မမြင်ကျောင်းတွင် အသံလှူနေစဉ် ၎င်းထံဖုန်းတစ်လုံးဝင်လာ၍ ဖုန်းပြောမည်ဟုဆိုကာ အဆက်သွယ်ပြတ်သွားခဲ့ပြီးနောက် နစက က သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...