ကျားမနိုင်မြစ် ( ခေါ် ) ကျားခြေရာ

Health Knowledge
ကျားမနိုင်မြစ် ( ခေါ် ) ကျားခြေရာ

စအိုသွေးကျလျှင်
ကျားမနိုင်မြစ်ကို သွေးပြီး စအိုကို လိမ်းပေးပါ။
တစ်ပတ် ဆယ်ရက်ခန့် လိမ်းရုံမျှဖြင့်
စအိုသွေးကျခြင်း ပျောက်ကင်းပါလိမ့်မည်။
ရောဂါနုလျှင် ၃ ကြိမ်ခန့် လိမ်းရုံမျှဖြင့် ပျောက်ကင်းပါသည်။

အမျိုးသားခွန်အား ရှိလိုပါလျှင်
ကျားမနိုင်မြစ်ကို ခုတ်ထစ်၍
ပျားရည်နှင့် စိမ်သောက်နိုင်သလို
အရက်နှင့်လည်း စိမ်သောက်နိုင်၏

ဝက်ခြံဖုထွက်လျှင် သွေးလိမ်းပါ။
နုလျှင်ပျောက် , ရင့်လျှင်ပေါက်၍
၀က်ခြံဖုများ ပျောက်သွားပါမည်။

အပူဖု အကျိတ်များ ကြေစေသည်။
အရောင်ကျစေသည်။ သက်တံ့နာကိုပင် နိုင်သည်။

လည်ပင်းကြီးရောဂါအတွက်
ကျားမနိုင်ဆေးမြစ်ကို သွေးပြီး လည်ပင်းတွင်လိမ်းလျှင် သက်သာပြီး အသက်ရှူကောင်းလာပါမည်။
ရေရှည်နေ့စဉ်လိမ်းပေးပါ။
အကုန်အစင်ပျောက်သွားပြီဟု မဆိုနိုင်သော်လည်း
လည်ပင်းမှာ ကြည့်ပျော် ရှုပျော်အနေအထားသို့
ရောက်လာပါလိမ့်မည်။

မျက်စိနာလျှင်
ရိုးရာဆေးအသုံးအဖြစ် သွေး၍ ကွင်းနိုင်သည်။

နှာပိတ်လျှင်
ကျားမနိုင်မြစ်ကို သွေးပြီး နှာခေါင်းမှာတန်းပေးပါ။
နှာပိတ်ခြင်း ပျောက်ကင်းစေပါသည်။

အာသီးရောင်ခြင်း ၊ လည်ချောင်းနာခြင်း , လည်ပင်းနာ, အသံ၀င်ခြင်း , ချောင်းဆိုး၍ လေပြွန်ရောင်ခြင်းများအတွက်လည်ပင်းမှာ ကျားမနိုင်မြစ် သွေးလိမ်းပါ။

ထမင်းရည်ပူပူ ဆားခပ်သောက်ပါ။

ဖီးကြမ်းငှက်ပျောသီးမီးဖုတ် စားနိုင်သမျှစားပါ။

ညအိပ်ယာဝင် ခြေဖဝါးဆားပွတ်
ဒူးအထက်မှအောက် ရေလောင်းခြေဆေးပေးရင်
အမြန်သက်သာစေပါသည်။

ဆီကြော် ဆီပျံဟင်းများ မစားရပါ။
ရေခဲရေ မရပါ။ ရေနွေးကြမ်း အအေးခံသောက်ပါ။
ဆားအနည်းငယ် ထည့်သောက်ပါ။

ပဲရာဇာလက်တစ်ဆုပ်
ဆန်လက်တစ်ဆုပ် ရောပြုတ်သောက်ပါ။

စအိုအောင့်နာ။ စအိုပူနာ
အတွင်းလိပ်ခေါင်း လက္ခဏာ(သွေးကျ)
ညအိပ်ယာ၀င်ဆားခါး၂ဇွန်း + ရှောက်ရည်၄ဇွန်း + ပျားရည်၁ဇွန်းစပ် သောက်ပါ။၀မ်းသန့်သွားအောင်ပါ။

သွေးကျခဲ့ရင်
ပန်းလဲပွင့်ခြောက်( ပရဆေးဆိုင် မေး၀ယ်ပါ )
ရေနွေး မတ်ခွက် တစ်လုံးမှာ
လက်ဘက်ခြောက်ခပ်သလို ခပ်သောက်ပါ။
သွေးကျပျောက်ပါတယ်။

ကျားမနိုင်မြစ်သွေးပြီး အုန်းဆီနဲ့ရော၍
စအိုထဲ၀င်အောင်လိမ်းပါ။
စအိုယောင်တာကျစေပါတယ်။

စအိုပူစပ်လျှင်
ရှားစောင်းလက်ပတ်အနှစ်( ဂျယ်လီကဲ့သို့ )
စအိုဝတွင် ကပ်ပေးရင် သက်သာပါတယ်။
စူထွက်ရင်လည်း ပြန်ကျုံ့ဝင်ပါတယ်။

✅ လိပ်ခေါင်းအပြင် အနည်းငယ်ထွက်နေလျှင်
ကျားမနိုင် (နွယ်) သွေးလိမ်းပါ။
အအေးလိုင်း ဖြစ်ပါသည်။မပူမစပ်ပါ။

လိပ်ခေါင်း, ဂရင်ဂျီနာ, ပြင်ပမှသွေးလိမ်းပေးရုံသာ။

ရေနွေးတွင် ၀မ်းနုတ်သည့် ဆားခါး ထည့်ဖျော်ပြီး
အင်တုံ သို့မဟုတ် ပလပ်စတစ်ဇလုံ
ဖင်ထိုင်နိုင်သည့်အရွယ်၀ယ်ပြီး ဖင်ထိုင်ပေးလျှင်
လိပ်ခေါင်း ပြန်၀င်ပါသည်။
မ၀င်ပဲကျန်နေသည့် အသားပိုကို
ကျားမနိုင် သွေးလိမ်းပါ။
လက်တွေ့ပျောက်ကင်းသူ များစွာရှိပါသည်။

အပြင်ထွက်သည့်လိပ်ခေါင်းကိုပင်
သွေးလိမ်းလျှင်ပျောက်သည်။

ဝမ်းချုပ်ပြီး အိမ်သာ အထိုင်ကြာလို့
ညှစ်လို့ လိပ်ခေါင်းဖြစ်တာပါ။
ဝမ်းနုတ်ဆေး/ လိပ်ခေါင်းဆေးတွေ ဝယ်ပြီးအမြဲစားရင် အူမကြီး ချွဲမြှေးတွေ ကုန်ပြီး
အူပါးအူပေါက် ဖြစ်တတ်ပါတယ်။

အသားစားရင်
အသီးအရွက် လေးဆ
(၁:၄)စားပေးရပါမယ်။
ကောက်ညှင်း။ဆန်စေး မတည့်ပါ။
အထိုင်များရင်လည်း လိပ်ခေါင်းမပျောက်ပါ။

နံနက်စောစောထ ရေများများသောက်
လမ်းများများလျှောက်ရင် လိပ်ခေါင်းပျောက်ပါတယ်။

ကျားမနိုင်အကြောင်း
*******************
ကျားမနိုင်သည် နွယ်ပင်ကြီးဖြစ်ပါသည်။
ထက်ပိုင်းဖြတ်လိုက်သောအခါ ထိပ်တွင်
ကျားခြေရာကဲ့သို့ ပုံပါသဖြင့်
ကျားမနိုင် ဆေးနွယ်မြစ်ဟု ခေါ်ခြင်းဖြစ်သည်။

သွေးသားတလျှောက်, အကြောတလျှောက်
အဆစ်အမြစ်တစ်လျှောက်၌ပိတ်ဆို့မှုမှန်သမျှကို တွန်းကန်ဖျက်ဆီးတတ်သောကြောင့်
အကြောတက်, အညောင်း, ခြေလက်တုန့်ဆွဲခြင်း
အကိုက်အခဲ , လေးဖက်နာရောဂါတို့ကိုများစွာ အကျိုးပြုသည်။

ကျားမနိုင်မြစ်ရဲ့ ထူးခြားချက်ကတော့
အခြားဆေးမြစ်တွေလို လှဲပြီးသွေးလို့ မရပါဘူး။
သူ့ရဲ့ အဆီ အနှစ်က အတွင်းမှာ ရှိတဲ့ အတွက်ကြောင့်
ဆေးမြစ် သွေးသည့်အခါ ထောင်၍ သွေးရပါသည်။

စတုမတူနှင့်ရောစပ်ပြီး
နာတာရှည်ဖျား/အဖျားအိုတို့တွင် စားသုံးကြ၏။
နေ့စဉ်အမြဲ အနည်းငယ်စီ စားသုံးသွားသော်
ချွေးသံများရပြီးလျှင် အပူအအေးကိုခံနိုင်၏။

ကျန်းမာ၏။ အားအင်ကို ပြည့်ဖြိုးစေ၏။
အသက်ရှည်ဆေးအဖြစ် အကျိုးပြု၏။
အအေးဆေးမြစ်ဖြစ်သည် ( အပူမလောင်ပါ။ )

“ဂုဏ်သတ္တိ ”
***********
ဝမ်းသက်ပြီးချွေးထွက်တတ်သည်။
နွယ်ပင်ကြီးမျိုးဖြစ်သည်။
အစားလွန်လျှင် ကိုယ်ခန္ဓာ ကိုယ်ဒွာရကိုးပေါက်လုံးမှ
အညစ်အကြေးများ ထွက်တတ်သည်။

လေတိုက်လျှင် အအေးခံလျှင် ချွေးပိုထွက်တတ်သည်။
အစားလွန်လျှင် မီးကင်ပြီး
ကိုယ်ကိုကျပ်ထုတ်ထိုးပြီးဖြစ်စေ ပြုလုပ်ပေးရ၏။
ထောပတ် , ပျားရည်တို့နှင့်တွဲစားရ၏။

တနေကုန် အခန်းအောင်းပြီး ကျားမနိုင် အဆီသတ်သတ်စားပြီးဝမ်းသွား ချွေးထွက် မျက်ဝတ်များထွက်, ဆီးများသွားပြီးနောက် နောက်တနေ့မှစပြီး အသက်၉၀/၁၀၀တိုင်အောင်ဘာရောဂါမှမဖြစ်ပဲနေသွားသော ရှေးလူကြီးများအား မြင်ဖူးပါသည်။

ရှေးက သမားတော်ကြီးများက ကျားမနိုင်ကို
သ၊ မ၊ ထော၊ ပျား၊ တောကကျားဆိုပြီး
ဆေးဖော်သုံးလေ့ရှိကြပါတယ်။

🔺 သ ဆိုတာ ( သကြား )
🔺 မဆိုတာ ( မန်ကျီးသီးမှည့် )
🔺 ထော ဆိုတာ ( ထောပတ် )
🔺 ပျားဆိုတာ ( ပျားရည် )
🔺 တောက ကျားဆိုတာတော့ ( ကျားမနိုင်ပင် ) ပါ။

အညောင်းအကိုက် ဒူလာပါဒရက် အကြောဆွဲနာ
ကြာရှည်စွဲသော အဖျားအိုနာတို့ကို နိုင်၏။
ပိတ်ဆို့မှုမှန်သမျှကိုဖျက်နိုင်၏။
အချို့ကျားမနိုင်စားပြီး ကိုယ်ခံပြီးသည်ဟု ဆိုပြီး
၁၀/၁၅နှစ်ကျော် စွဲစားကြသည်ကို တွေ့ဖူးသည်။

အာရုံကြောများကို သန်စွမ်းစေပြီး
ကျားသတ္တဝါကိုပင် ယှဉ်ပြိုင်သတ်နိုင်စွမ်း ရှိစေ၏။
ကျန်းမာသန်စွမ်းသည်။
လောကဓံကို သည်းခံ ရောင့်ရဲနိုင်စွမ်းရှိသည်ကို
တွေ့ဘူးလေသည်။
သီတ/ဝါယော အလွန်များသော နွယ်ပင်မျိုးဖြစ်သည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...