အစာအိမ်နာ​ပျောက်ဆေး

Health Knowledge
အစာအိမ်နာ​ပျောက်ဆေး

အာလူး( ၁၅ )ကျပ်သားကို အခွံမခွါပဲ ရေစင်အောင်ဆေးပြီးနုတ်နုတ်စင်းပါ
ပြီးရင် ရေနည်းနည်းနဲ့ ဆန်ပြုတ်
ပြုတ်သလိုပြုတ်ပါ
အားလုံးပြီးရင် ပျားရည်တဇွန်းထည့်ပြီး
သောက်လိုက်ပါ ။ ။

( ၁၅ ) ရက်လောက်ပုံမှန် သောက်ပေးပါ အစာအိမ်ရောဂါ
လုံးဝပျောက်သွားမှာပါ ။ ။
ရောဂါပျောက်သွားလို့ အာလူးဆန်ပြုတ်ကြိုက်ရင် ဆက်ပြီး
သောက်လို့ရပါတယ် ။ ။

မေတ္တာဖြင့်
မြန်မာ့ဆေးစွမ်းနှင့်အိမ်တွင်းဆေးမြီးတိုများ

နောက်တနည်း
အစာအိမ်ရောဂါပျောက်တဲ့ သဘာဝဆေးနည်း

အစာအိမ်ရောဂါအတွက် ဆေးအမျိုးမျိုးသုံးပြီး မသက်သာလို့ စ်ိတ်ညစ်နေသူများ အောက်ပါ သဘာဝဆေးနည်းလေးကို သုံးကြည့်နိုင်ပါတယ်။
လက်တွေ့ ပျောက်တဲ့ဆေးနည်းလေးမို့ ပြန်လည်မျှဝေပေး
လိုက်ပါတယ်။

ပါဝင်သော ပစ္စည်းများ-

၁။ အာလူးစိမ်း
၂။ ဂျင်း
၃။ ပျားရည်

ပြုလုပ်နည်း

၁။ အာလူး ၁၅ ကျပ်သား (၃ လုံး၊ ၄ လုံးခန့် ) ကို ရေစင်အောင် ဆေးပြီး အခွံမခွါပဲ နုတ်နုတ်စင်းလိုက်ပါ။
၂။ ရေအနည်းငယ်ဖြင့် ဆန်ပြုတ် ပြုတ်သကဲ့သို့ ပြုတ်ပေးပါ။
၃။ ဂျင်းအနည်းငယ်ကို ထည့်ပေးပါ။
(ရင်ပြည့်ရင်ကယ်မဖြစ်စေရန်)
၄။ ၄င်းအာလူးစိမ်းပြုတ်ရည်ကိုပျားရည်စစ်စစ်တစ်ဇွန်းခန့်ထည့်ပြီး သောက်ပါ။
၂ ပတ်ကို တစ်ကြိမ်ခန့် သောက်ပေးပါက အစာအိမ်ရောဂါ ပျောက်ကင်းသွားပါလိမ့်မယ်။

(သတိပြုရန်)

၁။ အစိမ်းရောင်ဖြစ်နေသော အာလူးများကို လုံးဝမသုံးရပါ။ အစိမ်းရောင်ဖြစ်နေသော နေရာများကို ကွင်းပြီး ထုတ်ပစ်ရမည်။

၂။ အာလူးမှာ ကစီဓါတ်များစွာပါဝင်နေသည့်အတွက်
ဆီးချို၊သွေးချိုသမားများအတွက်
သောက်ရန် မသင့်ပါ။
အစာအိမ်သမားများ ရောဂါသက်သာပျောက်ကင်းပြီး
ကျန်းမာ​ပျော်​ရွင်​သောဘဝကို
ပိုင်​ဆိုင်​ပါကြ​စေ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...