ကိုယ်ခံအားကို မြင့်တက်​စေသည့် ကြက်သွန်နီသံပုရာသီးဆမ်းစားခြင်း

Health Knowledge
ကိုယ်ခံအားကို မြင့်တက်​စေသည့် ကြက်သွန်နီသံပုရာသီးဆမ်းစားခြင်း

ကိုယ်ခံအားကို မြင့်တက်စေတဲ့အပြင် သွေးတိုး၊ဆီးချိုနှင့် အာရုံကြောအားနည်းပြီး ကိုယ်လက်ထုံကျဥ်တာတွေပါ သက်သာစေပြီး သွေးတွင်းအဆီများခြင်းကြောင့်ဖြစ်တဲ့ နှလုံးသွေးကြောကျဥ်းရောဂါ အတွက်ပါ ကောင်းမွန်စေပါတယ်
ကြက်သွန်နီသံပုရာဆမ်းနဲ့ပတ်သက်ပြီးကောင်းကျိုးလေးတွေကို ဖော်ပြပေးချင်ပါတယ်။ကြက်သွန်နီ သံပု ရာဆမ်း အချဉ်ကို ထမင်းနဲ့ စားစား ဘာနဲ့ စားစား များများစာပေးခြင်းဟာ ခန္ဓာကိုယ်အတွက် အကျိုးများစေပါတယ်။

အလွန်ရိုးရှင် ပြီး လုပ် ရ လွယ်ကူတဲ့ မီးဖိုချောင်ထဲက ဆေးနည်း တမျိုးဖြစ်တဲ့
ကြက်သွန်နီ သံပုရာ ဆမ်း ပြုလုပ်ပုံလေးကတော့..

၁။ ကြက်သွန်နီကို ဖင်ဖြတ်၊ ခေါင်းဖြတ်၊ အခွံခွါပါ။
၂။ ပုံထဲက အတိုင်း အကွင်းလိုက် လှီးထားပါ။ ရေမဆေး ပါနဲ့။
၃။ ကြက်သွန်နီပေါ်ကို သံပုရာသီး ညှစ်ထည့် ပါ။
၄။ ချိုတဲ့ အရသာ ပေါ်လာပါမည် ။ မွန်တဲ့ အနံ့များ ပျောက် သွားမည်။
၅။ ၎င်းကြက်သွန်နီ သံပုရာ ဆမ်းကို မကြာခဏ စားပေးပါ။ ထမင်းနှင့် သော် ၎င်း၊ အခြား အစားအစာများနှင့် သော်၎င်း တွဲစားနိုင် ပါသည်။

ဒီနည်းကတော့ ထမင်းစားခါနီး ၂ မိနစ်အတွင်း အလွယ်တကူ ပြုလုပ်၍ စားသုံးနိုင်တဲ့ အလွယ်နည်း ဖြစ်ပါတယ်။ဒီထက်ပိုအချိန်ပေးပြီး လုပ်နိုင်ပါက ကြက်သွန်နီကို ပါးပါးလှီး၍ သံပုရာသီးညှစ်ထည့်၊ ဆား၊ ငရုတ်သီးစိမ်းတို့ကို အနည်းငယ်စီထည့်၍ ကြက်သွန်နီသုပ်ကို လုပ်၍ စားသုံးနိုင်ပါသည်။ ကျန်းမာရေးကောင်းမွန်ပြီး ချမ်းသာသုခ ရရှိနိုင်ကြပါစေ။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...