လမ်းလျှောက်ကြပါ၊ ဆေးသောက်တာတွေ နည်းလာစေပါမယ်၊
လူတယောက်ဟာ တနေ့ကို အနည်းဆုံး ၁၅ မိနစ်ကနေ မိနစ်၃၀ လမ်းလျှောက်ရင် ဘာအကျိုး ကျေးဇူးတွေရသလဲ သိဖို့လိုတယ်၊
ကိုယ်လုပ်တဲ့ လုပ်ရပ်မှန်သမျှ အသိနဲ့လုပ်ပြီဆို သာမန် အုတ်ရောရော ကျောက်ရောရော ဒီဇင်ဘာလတလ ထ လမ်းလျှောက်တဲ့ စိတ်မျိုး ဟုတ်ကိုမဟုတ်ပဲ နှစ်သက် စွဲလမ်းလာပါတယ်၊
1. လမ်းလျှောက်ခြင်းဟာ ဦးနှောက်ထဲမှာ အင်ဒိုဖင်း Endorphin ဟော်မုန်းပိုမြင့်လာသလို Stress စိတ်ကျဥ်းကြပ်မှုတွေကို သိသိသာသာလျော့စေပါတယ်၊ ပျော်ရွှင်လာပြီး Alzheimer အယ်လ်ဇိုင်းမားနဲ့ Dementia ဒီမင်းရှားခေါ် အသက်ကြီးပိုင်း သတိမေ့ တဲ့ မမှတ်မိတော့တဲ့ ရောဂါဖြစ်နိုင်မှု လျော့နည်းပါတယ်၊
2. အမြင်အာရုံကိုသန်စွမ်းစေပါတယ်၊ တောင်ကြည့်မြောက်ကြည့်တွေကြောင့်လည်းဖြစ်နိုင်ပါတယ် သွေးတွင်းအချိုဓါတ်ကိုလည်းလျော့စေတယ်၊
3. အမေရိကန် နှလုံးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းကတော့ လမ်းလျှောက်တာဟာပြေးသလိုပါပဲ၊ လေဖြတ်တာ stroke နဲ့ တခြားနှလုံးနဲ့ဆက်စပ်တဲ့ ရောဂါတွေ ဖြစ်ပွားမှုနည်းစေတယ်ဆိုပါတယ်၊ သွေးလည်ပတ်မှုကောင်းသလို ကိုလက်စထရော ကျမယ်| တခါသွေးဖိအားကိုလည်း ထိန်းညှိပေးလာပါတယ်၊
4. အဆုတ်ဟာသန်မာထွားကြိုင်းလာပြီး အောက်ဆီဂျင်စုပ်ယူမှုကောင်းလာတာနဲ့အမျှ ခန္ဓာကိုယ်က မလိုတဲ့ အဆိပ်တွေဖယ်ထုတ်နိုင်ပြီး အဆုတ်နဲ့ ပတ်သက်တဲ့ တခြားရောဂါဖြစ်မှုကို ကာကွယ်ပေးပါတယ်၊
5. ပန်ကရိယကို ပိုကျန်းမာစေပြီး ရှိသင့်တဲ့ သွေးချိုပမာဏကိုရစေတာမို့ ဆီးချိုမဖြစ်ချင်ရင် လမ်းနေ့တိုင်းလျှောက်ပါ၊
6. လမ်းလျှောက်တာဟာ ကလီစာတွေဖြစ်တဲ့ အူတွေ အူမတွေ အစာဟောင်းအိမ်တွေပါ လှုပ်ရှားမှုဖြစ်စေတာမို့ အစာခြေလမ်းကြောင်းတလျှောက် ကျန်းမာစေတယ်၊ ဝမ်းချုပ်သက်သာသလို အူမကြီးကင်ဆာဖြစ်မှု နည်းပါးစေပါတယ်၊
7. ခန္ဓာကြွက်သားတွေဟာကျစ်လစ်သန်မာလာပြီး ကြွက်သားထဲက အဆီတွေနည်းပါးလာမယ်၊ တနေ့ခြေလှမ်း တစ်သောင်း လျှောက်သူတွေဒီအကျိုးကျေးဇူး မုချမသွေရပါမယ်၊ ဖြစ်နိုင်ရင်အတက်အဆင်းမြေပြင်တွေလျှောက်နိုင်လေပိုကောင်းလေပါပဲ၊
8. တနေ့ နာရီဝက်လောက်လျှောက်ရုံနဲ့ အရိုးအဆစ် ဂျွိုင့်တွေ ပျော့ပျောင်းသန်မာပါတယ်။ တောင့်တင်းမနေတော့ပါဘူး၊ အရိုးပျော့မှုတွေလည်း ကာကွယ်လာပါတယ်၊
9. ခါးနာတာ သက်သာစေတယ်၊ သာမန်လမ်းလျှောက်ရုံနဲ့ သွေးလည်ပတ်မှုဟာ ကြောရိုးတလျှောက် ကောင်းမွန်သလိုအနေအထားမှန်ကန်မှုပိုဖြစ်စေလို့ခါးနာခြင်း ကိုသက်သာစေတာပါ၊
10. စိတ်ကျဥ်းကြပ်မှု၊ စိုးရိမ်ပူပန်လွန်မှု၊ စိတ်အားငယ်မှု တွေလျော့ပါးရုံမက နေ့စဥ် တက်ကြွ လန်းဆမ်းတဲ့ စိတ်တွေဖြစ်ပေါ်ပါတယ်၊
လမ်းစလျှောက်ရင် တနာရီ ၃ မိုင်လောက်ရအောင် တော့လျှောက်ပါ၊ တမိုင် ၁၇ မိနစ်လောက်ရအောင်တဖြေးဖြေးချင်း နေ့စဥ် အရှိန်မြှင့်လျှောက်ပေးပါ၊ ထမင်းစားကောင်းရုံလေး လှုပ်တိလှုပ်ဖတ်လေးတော့ မလျှောက်ပါနဲ့၊
တနေ့ကို အနည်းဆုံး နာရီဝက်ရအောင် လျှောက်ဖို့ကြိုးစားပါ၊
ပျှမ်းမျှ ကယ်လိုရီ ၆၀၀ လောက်ကျမယ် နာရီဝက်အနည်းဆုံးလဲ လျှောက်မယ်ဆိုလို့ကတော့ သက်ရှည် ကျန်းမာ နုပျို ရွှင်လန်း စိတ်ချမ်းသာစွာ ဘဝကို ပျော်ပျော်ကြီးဖြတ်နိုင်မယ်ဆိုတာ အသိပေး သတိပေးပါတယ်၊
နောက်ကြုံတဲ့ အခါမှ ဝိတ်ကျအောင်ဘယ်လိုလျှောက်သလဲ ကိုယ်တွေ့ စာတွေ့ရေးပါအုံးမယ်
မိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ရွှင်လန်းကြပါစေ၊
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။