အသည်း၊ရေဖျင်းအတွက် ဗောက်လောက်ညို

Health Knowledge
အသည်း၊ရေဖျင်းအတွက် ဗောက်လောက်ညို

ဗောက်လောက်ညိုပဉ္စ(၅)ပါးကို သုံးခွက်တစ်ခွက်တင်ပြုတ်ကျိုပြီး နံက်ညရေနွေးကြမ်း ပန်းကန်တစ်လုံးစာ ညနေတိုက်ခြင်းသာဖြစ်သည်။ ထိုပြင်အရွက်ကိုသုပ်ပြီး အနည်းငယ်မျှစားစေပြန်သည်။တစ်ပတ်အတွင်းပူဖေါင်းနေသောဗိုက်သိသိသာသာကြီးကျဆင်းသွားသည်။ ဆီးလည်းခဏခဏ သွားလေသည်။

ထိုအပင်သည်မိုးဦးကျ၌ စိမ်းလန်းစိုပြေစွာ အလိုလျောက် ပေါက်လာတတ်၏။ မြေဆွေး အမှိုက်ပုံများရှိရာ နေရာတို့၌ အထူးသဖြင့် မြောက်များစွာ ပေါက်ရောက်တတ်၏။ မသိသောသူတို့သည် နှုတ်ပစ်ဖယ်ရှား ကျော်လွှားသွားကြကုန်၏။ အောက်ပါဆေးနည်း များအတိုင်း ဖော်စားကြကုန်၏။

ပုံသဏ္ဌန်

၁-ပေမှ ၃-ပေအထိမြင့်၏။ အခက်အလက်များကောက်ကွေး၏။
အရွက် လုံး၍ရှည်၏။
အပွင့်ဖြူ၏။
အသီးနုသောအခါ စိမ်း၍ ရင့်သောအခါ နီ၏။
ထို့နောက် မှည့်သောအခါ ညို၏။

ဂုဏ်နှင့်စွမ်းရည်

ပဉ္စငါးပါးကို အသုံးပြုရသည်။
ခါးစပှ၏။ ပူ၏။
ဝိပါက၌ စပ်၏။ ပြေပြစ်၏။
အသံကို မှန်အောင် ထိန်းပေးတတ်၏။
မျက်စိကို အကျိုးပြု၏။
ဒေါသသုံးပါးကို နိုင်၏။

ရောင်တင်းခြင်း၊ နူနာ၊ မြင်းသရိုက် ၊ အဖျား ၊
တုလာသရော ၊ ကြို့ထိုး ၊ နှလုံးရောဂါ စသည်ကို ပျောက်ကင်းစေပါသည်။

အသည်းရောင်ရောဂါ

၄င်းအပင်၏ ပဉ္စငါးပါး၏ သတ္တုရည်ကို
၁၀-ကျပ်သားမှ ၁၅-ကျပ်သားအထိ ယူ၍
မီးနွေးနွေးဖြင့် နှင်းဆီရောင်သန်းလာသည်အထိ ချက်ပါ။
၄င်းချက်ထားသောအရည်ကို
အသည်းရောင်သောသူအား တိုက်ကျွေးပါလျှင် အလွန်နှစ်ကာလရှည်စွာ ဖြစ်နေသောရောဂါပင် ဖြစ်စေကာမူ လျှင်မြန်စွာ ပျောက်ကင်းသည်။

ဝမ်းမီးနုံ့သောရောဂါ

၄င်းဗောက်လောက်ညိုကို
၄-ဖို့ ၁-ဖို့ကြွင်း ပြုတ်၍
ပိတ်ချင်းသီးမှုန့်အနည်းငယ်မျှ ထည့်၍
သောက်က ဝမ်းမီးနုံရောဂါ ပျောက်ကင်း၏။

အပူဖျား ရောဂါ

ဗောက်လောက်ညို
၄ – ဖို့ ၁ – ဖို့ကြွင်းပြုတ်၍
သင့်တော်ရုံသောက်ပါက အပူဖျားများ သက်သာရာရ၏။

အိပ်မပျော်သောရောဂါ

၄င်းဗောက်လောက်ညို၏ အမြစ်ကို
သန့်ရှင်းစွာယူပြီးလျှင် ပြုတ်ရည်ပြု၍
၄င်းတွင် ထန်းလျက်သင့်တော်ရုံထည့်၍
သောက်သော် ကြာမြင့်စွာ အိပ်မပျော်သူများ အိပ်ပျော်လာပါလိမ့်မည်။

ခွေးရူးကိုက်ရောဂါ

ဗောက်လောက်ညိုကို သုံးခွက် တခွက်တင်ကျိုပြီးလျှင် ခွေးရူးကိုက်ခံရသောသူအား သောက်စေရာ၏။ ၄င်းပြုတ်ရည်ဖြင့် ခွေးရူးကိုက်ခံရသော နေရာကို ဆေးကြောပေးရာ၏။
အနာလည်းပျောက် ခွေးရူးဆိပ်လည်း ကျ၏။

ကျောက်ကလေး

၄င်းဗောက်လောက်ညိုပဉ္စငါးပါးကို ပြုတ်ပြီးလျှင် ၄င်းအရည်ကို သောက်စေသော် ငုပ်နေသော ကျောက်ကလေးများ အပြင်သို့ထွက်လာပါလိမ့်မည်။

ရေဖျင်း နှင့် နှလုံးရောဂါ

ဗောက်လောက်ညို၏ အရွက် အသီး အကိုင်းအခက်များကို သတ္တုရည်ထုတ်၍
၂-ပဲသားမှ ၈-ပဲသားအထိ
တနေ့ တကြိမ် သို့မဟုတ် နှစ်ကြိမ်
အခြေအနေကြည့်၍ တိုက်ခဲ့သော်
ရေဖျင်းရောဂါနှင့်
နှလုံးရောဂါအမျိုးမျိုးကို ပျောက်ကင်းပေနိုင်၏။

လျှာအာကွဲနာ

ဗောက်လောက်ညိုရွက်ကို ဝါးပေးလျှင် စောလျှင်စွာ လျှာကွဲခြင်း ပါးစပ်ကွဲခြင်း ပျောက်ကင်းပါလိမ့်မည်။

ဆီအောင့်ရောဂါ(မုတ္တကိစ်)

ဗောက်လောက်ညို၏သတ္တုရည်တွင်
သကြားခဲ ခပ်၍သောက်ပါလျှင်
ဆီးအောင့်ရောဂါများ လျှင်မြန်စွာပျောက်ကင်းပါလိမ့်မည်။
(ကျင်ငယ်ဆင်းသောအခါ အနံ့မခံနိုင်အောင်ဆိုးသော ကျင်ပုပ်ရောဂါ၌ အထက်ဖော်ပြပါအတိုင်း အသုံးပြုရ၏။)

သွားနဲ့ရောဂါ

သွားမခိုင်ဘဲ ကျိုးတော့မည့်အခါတွင်
လွန်စွာနာကျင်သဖြင့် ဒုက္ခဝေဒနာခံစားရသော် ၄င်းအပင်၏ သတ္တုရည်နှင့်
ဆီ (သို့) ထောပတ်စစ်စစ်တို့ကိုရော၍
သွားရင်း၌ သိပ်ပေးခဲ့သော် နာကျင်ခြင်းကင်းလျှက် အလိုလို သွားထွက်သွားပါလိမ့်မည်။

ပျို့အန်သောရောဂါ

၄င်းအပင်၏ သတ္တုရည်ကို လက်ချားအစိမ်းရော၍ တိုက်ခဲ့သော် ပျို့အန်သောရောဂါများ ပျောက်ကင်းပါလိမ့်မည်။

အဖုအပိမ့်အနီထရောဂါ

၄င်းသတ္တုရည်ကို ရောဂါအခြေအနေအရ တိုက်ကျွေးခဲ့သော် တကိုယ်လုံး အနှံ့အပြား အနီရော အဖုအပိန့်များ ဆောလျင်စွာ ပျောက်ကင်းပါလိမ့်မည်။
ကျန်းမာချမ်းသာကြပါစေ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...