အာရုံကြော အားနည်းခြင်း နောက်ဆက်တွဲဘာတွေ ဖြစ်လာနိုင်လဲ ?
အာရုံကြော အားနည်းရောဂါသည် အာရုံကြောများ ပျက်စီးမှု ကြောင့် ဖြစ်သော ရောဂါဖြစ်ပါသည်။ အာရုံကြောများ၏ တာဝန်မှာ ဦးနှောက်နှင့် ပင်မအာရုံကြောမကြီးမှ သတင်းအချက်အလက်များကို ခန္ဓာကိုယ်၏ ကျန်အစိတ်အပိုင်းများသို့ ပို့လွှတ်ပေးပါသည်။
ရောဂါလက္ခဏာများမှာ လက်များ၊ ခြေထောက်များ လှုပ်ရှားမှု အားနည်းခြင်း၊ ပင်အပ်နှင့် ထိုးသကဲ့သို့ စူးကနဲ၊ ပူကနဲ ဖြစ်ခြင်း၊ ထုံကျင်ခြင်း၊ အထိမခံနိုင်ဖြစ်ခြင်းတို့ ဖြစ်ပါသည်။ အချို့လူနာများတွင် ချွေးထွက်မမှန်ကန်ခြင်း၊ အထိုင်အထ မိုက်ခနဲဖြစ်ခြင်း၊ ဆီးဝမ်းနှင့် အစာခြေဆိုင်ရာ ပြဿနာများအားနည်းခြင်းတို့ ဖြစ်နိုင်ပါသည်။
ဖြစ်စေသောအကြောင်းရင်းများမှာ
ထိခိုက် ဒဏ်ရာများ၊ ရောဂါ ပိုးများ၊ ဇီဝဖြစ်စဉ် ပြဿနာများ၊ ဆီးချိုရောဂါ၊ အရက်သောက်ခြင်း၊ အာရုံကြောကို ဖိမိခြင်း၊ Vitamin ချို့တဲ့ခြင်း၊ ရိုးတွင်းချဉ်ဆီ ပြဿနာများ အလိုအလျောက် ခုခံမှုအား ဆိုင်ရာရောဂါများ၊ ကျောက်ကပ်အသည်းရောဂါများ၊ မျိုးရိုးလိုက်သော ရောဂါများ၊ အဆိပ်အတောက်များ ထိတွေ့မှု တို့ကြောင့် ဖြစ်နိုင်ပါသည်။
နောက်ဆက်တွဲပြဿနာများ
ထုံနေခြင်းကြောင့် အရေပြားထိခိုက် လွယ်ခြင်း၊ အပူလောင်လွယ်ခြင်း၊ ထိခိုက်ရှနာဖြစ်လွယ်ခြင်း၊ ပိုးဝင်လွယ်ခြင်း၊ ဟန်ချက်မညီပဲ ချော်လဲလွယ်ခြင်း။
ဆောင်ရန်ရှောင်ရန်များ
အာရုံကြောအားကောင်းစေသော ရဲယို၊ မြင်းခွာရွက်၊ ဒန့်သလွန်ရွက်၊ ဆင်တုံးမနွယ်တို့ကို မကြာခဏ စားပေးသင့်သည်။ ထို့ပြင် ငါးကြင်း၊ ငါးလူး၊ ငါးသလဲထိုး တို့ကို ကင်ပွန်းချဉ်ရွက်နှင့် ချက်စားခြင်း၊ ရှောက်သီးသုပ်၊ သံပရာသီးသုပ်တို့ကို မကြာခဏ စားပေးသင့်သည်။ မျှတသော၊ ကြေညက်လွယ်သော အာဟာရတို့ကို စားပေးရမည်။
သွေး အားကောင်းစေသော အစားအစာ၊အသီးအနှံများကိုလည်း စားသုံးပေးသင့်သည်။ အာရုံကြောအားနည်း ရောဂါတွင် အအေးခံလွန်းခြင်း
အအေးစာများကို လွန်စွာစားသုံးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အစာကိုအချိန်မှန်မစားခြင်း၊ ကွမ်းစားခြင်း၊ အတက်စာများ အစားများခြင်း၊အိပ်ရေးပျက်ခံခြင်း၊ ပင်ပန်းသောအလုပ်များ လွန်စွာ လုပ်ကိုင်ခြင်းတို့ကို ရှောင်ကြဉ်ရမည်။
အာရုံကြော အားနည်းရောဂါကို သက်သာစေရန်အတွက် သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ပေးသင့်သည်။ စားသောက်ချိန်ကို အချိန်မှန်စေခြင်း၊ အချိန်မှန်မှန် အိပ်ခြင်း၊ စိတ်ဖိစီးမှုလျော့နည်းစေရန်အတွက် တရားထိုင်ခြင်း၊ နွေးနွေး
ထွေးထွေးနှင့် သန့်ရှင်းလတ်ဆတ်သော နေရာတွင်နေခြင်း၊ နံနက်စောစောတွင် နေပူဆာလှုံခြင်းတို့ကို ပြုလုပ်ပေးသင့်သည်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။