အားဆေးဘုရင် ပေါက်နွယ်ပင်

Health Knowledge
အားဆေးဘုရင် ပေါက်နွယ်ပင်

ပေါက် ၄ပါးတွင် ယနေ့ကမ္ဘာ့နာမည်ကျော် ပန်းသေ ပန်းညိုး ရောဂါ ပျောက်ဆေး လိင်အင်္ဂါကြီးထွား ဆေး အဖြစ် အသုံးပြု ရောင်းချ နေသော ဆေး ပင်မှာ “butea Superba” ခေါ် #ပေါက်နွယ်ပင် #ဖြစ်သည်။
အမျိုးသားတွေ လ်ိင်စိတ်ပျောက်တာ ၊ စွမ်းဆောင်နှုန်းကျဆင်းတာ ၊ စိတ်သွားတိုင်းကိုယ်မပါတာတွေအတွက်အဓိကထားသုံးစွဲလာခဲ့တာ ရှေးအစဉ်အဆက်ထဲကပဲ ဆိုကြပါတော့ ။

Butea Superba လို့ခေါ်တဲ့ ပေါက်နွယ်ဥဟာ ဘယ်လိုအာနိသင်တွေရှိလည်းဆိုတော့

၁- နှလုံးကျန်းမာရေး
ပေါက်နွယ်ဥ မှာ Flavonoids နဲ့Phytoandrogens ဓာတ်တွေက နှလုံးသွေးကြော ကို အားကောင်းစေတယ် ၊

၂- နှလုံးရောဂါ ဖြစ်ပွားနိုင်ချေနဲ့ Cholesterol Level ကိုလည်း လျော့ချပေးပါတယ် ။အတိအကျဆိုရရင် ပေါက်နွယ်ဥ ( Butea Superba) ကို သုံးစွဲသူတွေဟာ ၊ လုံး၀ မသုံးစွဲသူတွေနဲ့ယှဉ်ရင်ခန္ဓာကိုယ်တွင်း Cholesterol Level ကိုသိသိသာသာထိန်းညှိပေးနိုင်တာကို တွေ့ရပါတယ် ။
ဒီလို Cholesterol Level ကို ထိန်းညှိပေးတာကြောင့် နှလုံးရောဂါနဲ့့ပက်သတ်တာတွေကို ကာကွယ်ပြီးသားဖြစ်ပါတယ်

၃- ရောင်ရမ်းခြင်းကို လျော့ချ
အသားတွေရောင်ရမ်းတာဖြစ်ဖြစ် Gout လို့ခေါ်တဲ့အရိုးအဆင်တွေ ရောင်ရမ်းတာမျိုးမှာဖြစ်ဖြစ်
ပေါက်နွယ်ဥကို ဆေးဖက်၀င် အဖြစ်အသုံးပြုလို့ရပါတယ် ။

၄ -ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်
ပေါက်နွယ်ဥ မှာ ပါ၀င်တဲ့တချို့့ဓာတ်တွေဟာ ယေဘုယျအားဖြင့် ကင်ဆာရောဂါကို
အမြစ်ပြတ် ကုသမှုမပေးနိုင်ပေမယ့် ဖြစ်လာမှုနှုန်းနည်းပါးအောင်တော့ ကာကွယ်တိုက်ထုတ်ပေးနိုင်စွမ်းရှိတယ်လို့ ဆိုကြပါတယ် ။ ပေါက်နွယ်ဥ ဟာ
သွေးအတွင်းမှာရှိတဲ့ ကင်ဆာဆဲလ်တွေကို ခွဲခြမ်းစိတ်ဖြာပြီး တွန်းလှန်ဖို့့အတွက်
ဆဲလ်အသစ်တွေကို မွေးဖွားပေးတာပဲဖြစ်ပါတယ် ။

အမြစ် အခေါက် အပွင့် ကို မြွေ ဆိပ်ဖြေဆေး အဖြစ် သုံးသည်။
အပွင့်ကို ကင်းမြီးကောက် အဆိပ်ဖြေဆေး အဖြစ် သုံးသည်။

ပန်းသေ၊ပန်းညှိုး
ယနေ့ နိုင်ငံတကာ သိပ္ပံပညာရှင်များ ဆေးပညာ ရှင်များ လေ့ လာ မှုဖြင့် ပေါက်နွယ်ပွင့် ပေါက်နွယ်ရွက် ပေါက်နွယ်စေး၊ပေါက်နွယ်ဥ၊ပေါက်နွယ်ခေါက်သည် အမျိုးသားကာမဆန္ဒမပြည့်ဝသော ပန်းသေ ပန်းညိုး ရောဂါအတွက် အထိရောက်ဆုံး သော သဘာဝဆေး ဖြစ်သည်။

အပွင့် အရွက်ကို လက်ဖက်ခြောက်လုပ်သောက်ခြင်း၊အခေါက်နှင့်ဥမှုန့် ကို အမှုန့်ပြု ၍ သောက်ခြင်း သည် ပန်းသေ ပန်းညိုး ရောဂါကို ပျောက်စေသည်။
ပေါက်နွယ် စေး ကို ဂျယ်လီ ပုံစံ လိမ်းဆေး အဖြစ် ထုတ် လုပ်ကြပြီး ပိုလီယို ကလေး ငယ်များ နှင့် ကြွက်သားအားနည်း ရောဂါရှင်များ လိမ်းဆေး အဖြစ် အသုံးပြု နိုင်သည်။

အရေပြား ရောဂါအမျိုး မျိုး အတွက် လည်း
လိမ်းဆေး အဖြစ် အသုံးပြုကြသည်။
ဓာတ်မတည့် သဖြင့် အရေပြား အဆိပ်သင့် သူများ လည်း လိမ်းနိုင်သည်။
လိပ်ခေါင်းရောဂါသည်များလဲ လိမ်းနိုင်သည်။
ပေါက်နွယ် ရွက်ကိုအစာအိမ်အူလမ်းကြောင်း ဆီး ပိုးဝင်ခြင်းတွင်ပြုတ်သောက် နိုင်သည်။

ပေါက်နွယ်ဥမှုန့်ကို ခန္ဓာကိုယ် ကြွက်သား တောင့် တင်း စေရန် ပန်းသေ ပန်းညိုး ပျောက်စေရန် အကြောတက်ရောဂါပျောက်စေရန်
အဖိုးတန် ပရဆေး အဖြစ် တနေ့ လျှင် ကော်ဖီ၁ဇွန်း ၂ကြိမ် သောက် သုံး ကြသည်။

**သတိပြုရန် …**

ပေါက်နွယ်သည် ဆေးဘက်ဝင်သကဲ့သို့
ကြာရှည် စား သုံးပါက
*အသည်းကြီးခြင်း
*ဘေလုံးကြီးခြင်း
*သရက်ရွက် ယောင်ခြင်း
*အစာအိမ် ရှိပိုး ကောင်းများ ပါ
*သေဆုံးသဖြင့်
*အစာအိမ် ရောဂါရခြင်း၊
*လေနာရောဂါရခြင်း၊
*သွေးအားနည်းခြင်း
တို့ ဖြစ်နိုင်သည်။

အရွက်ရည်ကို ဒိန်ချဉ်၊ နနွင်း တို့နှင့် ရော၍ ကလေးများ၏ အနာ၊ အဖုများ ပျောက်ကင်းစေရန်သုံးသည်။
အပွင့်ကို ကင်းမြီးကောက် ကိုက်ရာ၌ သုံးသည်။ မြွေဆိပ်ဖြေဆေးအဖြစ်လည်း သုံးသည် ဟု အရှင်နာဂသိန်က ဆိုပါသည်။
ပေါက်နွယ်ဥဆေး၏ အစွမ်းသတ္တိများ…….
အားကုန်အားပြတ်ရောဂါ၊သွေးဒူလာရောဂါ၊
အဆုပ်ရောဂါ၊အမျိုးသမီးများ အရွယ်မလွန်ခင် ရင်သားတွဲကျခြင်း၊အသားအရေ တွဲကျခြင်း၊
ကိုယ်သေအားပြတ် ရောဂါများ ကို ပျောက်ကင်းစေတဲ့အပြင်ကျန်းမာသူများနေ့စဉ် အနည်းငယ်သုံးစွဲမည်ဆိုပါကအရွယ်တင်နုပျိုစေခြင်း၊ အသားအရေ လှပစေခြင်းရောဂါအမျိုးမျိုးကိုလည်း ကာကွယ်ပေးပါတယ်။

အမျိုးသားများစိတ်သွားတိုင်းကိုယ်မပါခြင်း၊အားအင်ကုန်ခမ်းခြင်း၊ အမျိုးသမီးရောဂါများဖြစ်ခြင်းမှကာကွယ်ချင်တယ်ဆိုရင်တော့ အောက်ပါဆေးနည်းလေးမှတ်ထားလိုက်ပါ။

ဆေးနည်း

ပေါက်နွယ်ဥ. ၂ ကျပ်သား
ဆီးဖြူသီး ၁ မူးသား
သစ်ဆိမ့်သီး ၁ မူးသား
ဖန်ခါးသီး ၁ မူးသား
ပေါက်နွယ်ဥ အဆိပ်ထုပ် သန့်စင်ပုံပေါက်နွယ်ဥ ကိုရေစင်ကြယ်စွာဆေးပါအပေါ်ခွံကို ခွာ၍ ဥကိုပါးပါးလှီးပါ

ရေ ၃ ရက်စိမ်ပါ ၁ ရက်၁ကြိမ်ရေလည်းပေးပါ
ထိုနည်းသည် ပေါက်နွယ်ဥအတွင်းမှ အဆိပ်အတောက်များကို
ဖယ်ထုတ် သန့်စင်သောနည်းဖြစ်ပါသည်။
ထို့နောက် ပေါက်နွယ်ဥကို ပေါင်းချောင်တွင် ပေါင်း ပြီးလျှင် နေလှမ်း အခြောက်ခံ၍ အမှုန့်ပြု ဆေးအဖြစ်သုံးလို့ရပါပြီရှင် ။
၄င်းကို ဆေးအဖြစ်အသုံးပြုခြင်းဖြင့် အဖုများထခြင်း၊ အသားအရေများမမှန်ခြင်းမှ ကင်းဝေးပါလိမ့်မယ်။

ပေါက်နွယ်ဥ အမှုန့်အား နွားနို့နဲ့ အမြဲဖျော်၍သောက်ခဲ့သော်
ခြင်္သေ့ကဲ့သို့အားကြီးခြင်း၁၆ နှစ်ကဲ့သို့ သဏ္ဌန်အဆင်းကိုဆောင်စေခြင်း
နို့နှင့်စိမ်၍ စားသော်ဖြူပြီးသား ဆံပင်များ ပြန်နက်လာစေပြီး
ကျွတ်သော ဆံပင်များ ပြန်ပေါက်သောကြောင့် လူကြီးများနှင့် သင့်တော်ပေသည်။
နှမ်းဆီ တွင်စိမ်၍ လိမ်းခဲ့လျှင် ဆံဖြူခြင်း သွားကျိုးခြင်း အရေတွန့်ခြင်း ရောဂါများပျောက်စေပါတယ်
ဆိတ်နို့ဖြင့် စိမ်၍ လိမ်းခဲ့သော် ၆ လမှမမြင်ရသော မျက်စိ ပြန်မြင်ရမည် ဆီးဖြူ ဖန်ခါး သစ်ဆိမ့် တို့နှင့်စားခဲ့သော်
သလွှာလွမ်းသောမျက်စိများပင်ပေါက်ကင်းနိုင်သည်

ဆိတ်နို့တွင်စိမ်၍စားခဲ့သော် ကွယ်ပြီးသော မျက်လုံးများပင် ပြန်မြင်နိုင်တာဖြစ်လို့ မျက်လုံးအား မျက်မှန်တက်နေရသော
မိတ်ဆွေများ အလင်းကွယ်နေသောမိတ်ဆွေများ အသုံးပြုသင့့်ပါတယ်ရှင်
ဆေးကိုစ စားစားခြင်း ၁ပတ်လောက်တော့ ခြေပစ်လက်ပစ်ဖြစ်တက်ပါတယ်ဗျ ရေကိုများများသာ ချိုးပေးလိုက်ပါ အားလုံးအဆင်ပြေ သွားပါလိမ့်မည်
မှတ်ချက် ….ပေါက်ဥကို အဆိပ်ထုတ်ပြီးမှသာ အသုံးပြုပါ။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...