စွန့်ပစ်ပစ္စည်းတွေနဲ့ တည်ဆောက်ပြီး ဟိုက်ဒရိုဂျင်စွမ်းအင်သုံးပြိုင်ကားက လမ်းအမြန်နှုန်းစံချိန်တွေကို ချိုးဖျက်ဖို့ ရှိနေ

International News Sports
စွန့်ပစ်ပစ္စည်းတွေနဲ့ တည်ဆောက်ပြီး ဟိုက်ဒရိုဂျင်စွမ်းအင်သုံးပြိုင်ကားက
လမ်းအမြန်နှုန်းစံချိန်တွေကို ချိုးဖျက်ဖို့ ရှိနေ

စွန့်ပစ်ပစ္စည်းတွေကို အသုံးပြု တည်ဆောက်ပြီး ရေဆိုးကနေတစ်ဆင့် ပြန်လည်ထုတ်လုပ်တဲ့ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ကားဟာ လမ်းအမြန်နှုန်း စံချိန်အများအပြားကို ချိုးဖျက်နိုင်ဖို့ ရှိနေပါတယ်။ ဝါးဝစ်တက္ကသိုလ်မှ ထုတ်လုပ်ရေးအဖွဲ့ဝင် ကျောင်းသားတွေက Waste2Race Le Mans Prototype (LMP3) ပြိုင်ကားကို တည်ဆောက်ခဲ့ကြတာပါ။

နောက်ကြည့်မှန်တွေကို သကြားမုန်လာပင်ရဲ့ စွန့်ပစ်ပစ္စည်းတွေကနေ ထုတ်လုပ်ထားတာဖြစ်ပြီး recycled လုပ်ထားတဲ့ ကာဗွန်ဖိုက်ဘာတွေကိုလည်း အစိတ်အပိုင်းငယ်တွေအဖြစ် အသုံးပြုထားပါတယ်။ ကားစတီယာရင်ကို သဘာဝကရတဲ့ ပစ္စည်းတွေနဲ့ပဲ ဖန်တီးထားတာဖြစ်ပြီး ဘက်ထရီကတော့ တိုက်ကြေကားတစ်စီးကနေ ထုတ်ယူထားတာပါ။

Severn Trent Water စွမ်းအင်ကုမ္ပဏီရဲ့ စွန့်ပစ်ရေဆိုးကနေ ထုတ်လုပ်တဲ့ ဟိုက်ဒရိုဂျင်စွမ်းအင် အသုံးပြုပြီး LMP3 ပြိုင်ကားကို မောင်းနှင်မှာ ဖြစ်ပါတယ်။ ဒီကားဟာ တစ်မိုင်နဲ့ တစ်ကီလိုမီတာ ခရီးအကွာအဝေးနှစ်ခုလုံးအတွက် တာထွက်အမြန်ဆုံး၊ ပန်းဝင်အမြန်ဆုံးစံချိန်ကို ချိုးနိုင်ဖို့ ရည်ရွယ်တည်ဆောက်ထားတာဖြစ်ပြီး လာမယ့် ၆ လကနေ တစ်နှစ်အတွင်း အကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်လျက်ရှိပါတယ်။

ရေရှည်တည်တံ့ခိုင်မြဲရေး အလေးထားတဲ့အနေနဲ့ ဒီကားကို စွန့်ပစ်ပစ္စည်းတွေ၊ ရေဆိုးစနစ်ကရတဲ့ ဟိုက်ဒရိုဂျင်စွမ်းအင်တွေကို အသုံးပြုပြီး မောင်းနှင်နိုင်အောင် ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဟိုက်ဒရိုဂျင်စွမ်းအင်ကို ရထား၊ လေယာဉ်နဲ့ စက်ယန္တယားကြီးတွေကို မောင်းနှင်နိုင်စွမ်း ရှိသလားဆိုတာ ကမ္ဘာတစ်ဝန်းမှာ စမ်းသပ်မှုတွေပြုလုပ်လျက် ရှိပါတယ်။

ကမ္ဘာ့အကျော်ကြားဆုံး ကားမောင်းပြိုင်ပွဲတစ်ခုဖြစ်တဲ့ 24 Hours of Le Mans ပြိုင်ပွဲကလည်း ၂၀၂၆ ခုနှစ်မှာ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ကားမောင်းပြိုင်ပွဲတစ်ရပ် ကျင်းပသွားဖို့ စီစဉ်နေပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...