ဆယ်စုနှစ်တစ်ခုနီးပါးအတူရှိပြီး လက်ထပ်ပြီးမှ မူကြိုအတူတူတက်ခဲ့ဖူးတယ်ဆိုတာ သိခဲ့ရတဲ့ စုံတွဲ

Funny International News
ဆယ်စုနှစ်တစ်ခုနီးပါးအတူရှိပြီး လက်ထပ်ပြီးမှ
မူကြိုအတူတူတက်ခဲ့ဖူးတယ်ဆိုတာ သိခဲ့ရတဲ့ စုံတွဲ

နာတာလီ ဒါလာရီ နဲ့ ကိုလင်းတို့ဇနီးမောင်နှံဟာ ၂၀၂၀ ခုနှစ်ကတည်းက လက်ထပ်ခဲ့တာပါ။ သူတို့အတူတူရှိခဲ့ကြတာကတော့ ဆယ်စုနှစ် ၁ စုနီးပါးရှိပါပြီ။ သူတို့နှစ်ယောက်လုံးက ကယ်လီဖိုးနီးယားပြည်နယ်၊ ဖရီစ်နိုမြို့မှာကြီးပြင်းခဲ့ကြတာပါ။

မကြာသေးခင်ကမှ ကိုလင်းရဲ့မိခင်က သူတို့နှစ်ယောက်ဆီ ထပ်ခိုးမှာ တွေ့ခဲ့တဲ့ ကိုလင်းရဲ့ပစ္စည်းတချို့ကို ယူလာပေးခဲ့ပါတယ်။ ကိုလင်း ငယ်ဘဝက ပိုင်ဆိုင်မှုတွေပါ။ အဲ့ဒီပစ္စည်းတွေထဲမှာ နာတာလီက သူ့ခင်ပွန်းဖြစ်သူ ငယ်ဘဝက ဘယ်လိုပုံစံလဲဆိုတာ သိချင်လို့ ဓာတ်ပုံတစ်ပုံကို ယူကြည့်လိုက်ပါတယ်။ သူ့ခင်ပွန်းဖြစ်သူရဲ့ဘေးမှာ ရပ်နေတဲ့သူကို မြင်တော့ သူ အရမ်းအံ့အားသင့်သွားခဲ့ရပါတယ်။ အဲ့ဒါက တခြားသူတော့မဟုတ်ပါဘူး။ သူဖြစ်နေလို့ပါ။ သူတို့နှစ်ဦးဟာ မူကြိုအတူတူတက်ခဲ့ကြတာကို အခုဓာတ်ပုံမြင်မှ သိခဲ့ရပါတယ်။

သူတို့ အသက် ၁၈ နှစ်မှ ပထမဆုံးတွေ့ခဲ့ကြတယ်လို့ထင်ခဲ့တာပါ။ လက်ထပ်ပြီး ၄ နှစ်အကြာမှ သူတို့ မူကြိုအတူတူတက်ခဲ့ကြမှန်းသိခဲ့ရပါတယ်။ အခုလိုအဖြစ်အပျက်ကြောင့် သူတို့စုံတွဲ အံ့အားသင့်ခဲ့ရသလို သူတို့မိသားစုလည်း အံ့အားသင့်မှုနဲ့အတူ ပျော်ရွှင်ကြည်နူးခဲ့ရပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...