ထိုင်းဘုရင် လှေထိုးသား ၂,၀၀၀ ကျော်ပါတဲ့ ဖောင်တော်စီးပြီး
ကထိန်သင်္ကန်းကပ်
ထိုင်းဘုရင် မဟာဝချီယာလောင်ကွန်းနဲ့ ကြင်ယာတော် မိဖုရားတို့ဟာ ဖောင်တော်စီးပြီး သံဃာတော်တွေကို ကထိန်သင်္ကန်းဆပ်ကပ်ပွဲကို အောက်တိုဘာလ ၂၇ ရက် ညနေပိုင်းတုန်းက ပြုလုပ်ခဲ့ပါတယ်။
ဘုရင်နဲ့ကြင်ယာတော်တို့ဟာ ဘန်ကောက်မြို့၊ ကျောက်ဖရားမြစ်ထဲမှာ ရေမိုင် ၃ မိုင်နီးပါး ဖောင်တော် စီးပြီး အရုဏ်ဦးဘုရားမှာ ကထိန်သင်္ကန်းကပ်ခဲ့တာဖြစ်ပါတယ်။
တော်ဝင်ဖောင်တော်နဲ့ ကထိန်သင်္ကန်းတင် ဖောင်တော်အပါအဝင် လှေ ၅၀ ကျော်ကို လှေထိုးသား ၂၂၀၀ ကျော်က လှော်ခတ်ခဲ့ကြတယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းဖော်ပြပါတယ်။
ဖော်တော်လှည့်လည်တာနဲ့ ကထိန်သင်္ကန်း ဆပ်ကပ်ပွဲကို ဇူလိုင်လ ၂၈ ရက်တုန်းက ကျရောက်ခဲ့တဲ့ ထိုင်းဘုရင်ရဲ့ ၇၂ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။