ဒဏ်ရာရနေတဲ့သခင်အတွက် လမ်းမပေါ်မှာ အကူအညီထွက်တောင်းခဲ့တဲ့ ခွေးကလေး

International News
ဒဏ်ရာရနေတဲ့သခင်အတွက် လမ်းမပေါ်မှာ
အကူအညီထွက်တောင်းခဲ့တဲ့ ခွေးကလေး

စက်တင်ဘာလ ၂၅ ရက်နေ့က အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ် လမ်းမပေါ်မှာ အမွေးစုတ်ဖွား ခွေးလေးတစ်ကောင်က လမ်းပိတ်ပြီး ထိုင်နေတာကို တရားဥပဒေစိုးမိုးရေးအရာရှိ ဝရိုက်က တွေ့သွားတယ်။ ဝရိုက်က စတီဗင်ကောင်တီမှာ ကင်းလှည့်နေရင်း ခွေးလေးကို တွေ့တဲ့အခါ အနီးပတ်ဝန်းကျင်ကို ကြည့်တော့လည်း နေအိမ်မရှိ၊ သခင်အရိပ်အယောင်လည်း မတွေ့တာကြောင့် သူ့ကားပေါ် တင်ခေါ်လာဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ခွေးလေးက မလိုက်ဘူး။ ခွေးလေးက တစ်ခုခုကို ညွှန်ပြနေချင်ပုံရတယ်။ အဲဒီအတွက် ဝရိုက်က ခွေးလေး ခေါ်ဆောင်ရာနောက် လိုက်သွားတဲ့အခါ အပူရှောင်တဲ့ သစ်လုံးအိမ်ငယ်တစ်လုံးဆီ ရောက်သွားတယ်။

အိမ်အပြင်ဘက် မြက်ခင်းပြင်မှာတော့ အသက် ၈၄ နှစ်အရွယ် အမျိုးသားကြီး ခြေထောက်ဒဏ်ရာကြောင့် လဲကျနေပြီး အကူအညီ တောင်းနေတာကို တွေ့လိုက်ရတာပါ။ သူ လဲကျနေတာ အချိန်တော်တော်ကြာနေပြီဖြစ်ပြီး အကူအညီပေးမယ့်သူသာ ရောက်မလာရင် အခြေအနေက မတွေးဝံ့စရာပါပဲ။ ဒီတော့မှ ခွေးငယ်လေးက သခင်အတွက် အကူအညီ ထွက်တောင်းနေတယ်ဆိုတာကို ဝရိုက် သဘောပေါက်သွားတာပါ။

ခွေးလေးရဲ့ သစ္စာရှိမှု၊ ပါးနပ်လိမ်မာမှု၊ ဝရိုက်ရဲ့ စိတ်ရှည်နားလည်မှုကြောင့် သူ့အစ်ကိုရဲ့အသက်ကို ကယ်တင်နိုင်ခဲ့တာဖြစ်ကြောင်း ဒဏ်ရာရနေသူရဲ့ ညီက မှတ်ချက်ပေးခဲ့ပါတယ်။

 

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...