သူ့ထက် အသက် ၂၀ ကြီးတဲ့ အိမ်ပိုင်ရှင်မနဲ့လက်ထပ်လိုက်တဲ့ တရုတ်အမျိုးသားရဲ့အချစ်ဇာတ်လမ်း လူမှုကွန်ယက်မှာ ပျံ့နှံ့နေ

International News
သူ့ထက် အသက် ၂၀ ကြီးတဲ့ အိမ်ပိုင်ရှင်မနဲ့လက်ထပ်လိုက်တဲ့
တရုတ်အမျိုးသားရဲ့အချစ်ဇာတ်လမ်း လူမှုကွန်ယက်မှာ ပျံ့နှံ့နေ

တရုတ်ပြည်မကြီးက အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးဟာ သူ့ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့အတွက် သူ့ဇာတိမြေကနေ ရှိန်းကျိန့်မြို့ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ ဒါပေမဲ့ အရာရာတိုင်းက သူထင်ထားသလောက် မလွယ်ကူမှန်း သူ မြန်မြန်သဘောပေါက်ခဲ့တယ်။

သူ ပြောင်းရွှေ့ပြီး နှစ်အနည်းငယ်အကြာမှာ အိမ်ငှားခပေးရမယ့်အချိန်‌ရောက်တော့ အခက်အခဲဖြစ်လာခဲ့တယ်။ ကံကောင်းစွာနဲ့ပဲ သူ့အခက်အခဲကို အိမ်ပိုင်ရှင်မက နားလည်ပေးခဲ့ပြီး ပေးရမယ့်ရက်ကို နောက်ထပ်ဆုတ်ပေးခဲ့ပါတယ်။

အဲ့ဒီအိမ်ပိုင်ရှင်မက အသက် ၄၀ အရွယ် တစ်ခုလတ်ဖြစ်ပြီး အဲ့ဒီအမျိုးသားကို အိမ်ကိစ္စတချို့အတွက် မကြာခဏအကူအညီတောင်းလေ့ရှိပါတယ်။ သူတို့နှစ်ဦး အပြန်အလှန်တုံ့ပြန်ဆက်ဆံမှုများလာတာကနေ အဲ့ဒီအမျိုးသားက သူနဲ့စိမ်းတဲ့မြို့မှာ နွေးထွေးမှုကို အိမ်ပိုင်ရှင်မဆီက ခံစားမိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ အိမ်ပိုင်ရှင်မကို လိုက်ဖို့ လုပ်ခဲ့ပါတယ်။

အိမ်ပိုင်ရှင်မက အဲ့ဒီအမျိုးသားနဲ့ ဆက်ဆံရေးစတင်ဖို့ ချီတုံချတုံဖြစ်ခဲ့ပါတယ်။ သူ့သားနဲ့မှ သက်တူရွယ်တူနီးပါးဖြစ်နေတဲ့အတွက်ကြောင့်ပါ။ အခြားသူတွေ တမျိုးထင်ကြမှာကိုလည်း သူစိုးရိမ်တာကြောင့် အစကတော့ ငြင်းဆန်ခဲ့ပါတယ်။

သူတို့နှစ်ဦး အသက် ၂၀ ကွာပေမဲ့ အဲ့အမျိုးသားက သူ့ကို ဆက်လိုက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူလည်း အဲ့အမျိုးသားကို ချစ်မိသွားခဲ့ကာ တွဲခဲ့ကြပြီးတော့ မကြာခင်မှာ လက်ထပ်ခဲ့ကြပါတယ်။

သူတို့ရဲ့အချစ်ဇာတ်လမ်းက တရုတ်လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေက အဲ့အမျိုးသားကို ပိုက်ဆံကြောင့် အိမ်ပိုင်ရှင်မကို ယူတယ်လို့ ပြောဆိုခဲ့ကြတဲ့အတွက် အဲ့ဒီအမျိုးသားက သူတို့နှစ်ဦး တကယ်ချစ်မြတ်နိုးကြတာဖြစ်ပြီး သူတို့ရဲ့ဆက်ဆံရေးက ငွေနဲ့ဘာမှမဆိုင်ပါဘူးလို့ ပြန်ပြောခဲ့ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...