အံ့အားသင့်ဖွယ်တိုက်ခိုက်မှုမျိုးဖြင့် အီရန်ကိုလက်တုံ့ပြန်မည်ဟု အစ္စရေး ရာဇသံပေး

International News
အံ့အားသင့်ဖွယ်တိုက်ခိုက်မှုမျိုးဖြင့် အီရန်ကိုလက်တုံ့ပြန်မည်ဟု
အစ္စရေး ရာဇသံပေး

အီရန်၏ ဒုံးကျည်တိုက်ခိုက်အား အစ္စရေးက လက်တုံ့ပြန်မှုအပေါ် အရှေ့အလယ်ပိုင်းက ထိန်းချုပ်နေစဉ်အတွင်း အဆိုပါတိုက်ခိုက်မှုမှာ အစွမ်းထက်တိကျပြီး အားလုံးထက် အံ့အားသင့်ဖွယ် ဖြစ်လာမည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအေ့ဗ်ဂဲလန့် က ယနေ့(အောက်တိုဘာ ၁၀ ရက်)တွင် ပြောကြားသည်။

အီရန်အပေါ်လက်တုံ့ပြန်ရေးနှင့်ပတ်သက်ပြီး အစ္စရေးလုံခြုံရေးအစိုးရအဖွဲ့အတွင်း ယနေ့တွင် မဲခွဲဆုံးဖြတ်ကြမည်ဖြစ်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် ယမန်နေ့တွင် မိနစ် ၃၀ ကြာ တိုက်ရိုက်ဖုန်းခေါ်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့ပြီးနောက် ဂဲလန့်၏ အဆိုပါ မှတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

နှစ်လနီးပါးအတွင်း ၎င်းတို့နှစ်ဦး ပထမဆုံး ပြန်လည်စကားပြောဆိုမှုမှာ ခေါင်းဆောင်နှစ်ဦးအကြား တင်းမာသောဆက်ဆံရေးနှင့် မည်မျှ အလှမ်းဝေးသွားကြောင်းကို ပြသသည့် လက္ခဏာတစ်ရပ်လည်းဖြစ်သည်။

အဆိုပါစကားပြောဆိုမှုမှာ အီရန်အပေါ် အစ္စရေး၏တုံ့ပြန်မှုနှင့်ပတ်သက်ပြီး အမေရိကန်နှင့် အစ္စရေး အရာရှိများကြား ဆွေးနွေးမှုတိုးမြှင့်ခြင်းအဖြစ် အိမ်ဖြူတော်က သတ်မှတ်ခဲ့သည်။

သို့သော်လည်း အီရန်အပေါ်အချိုးညီစွာတုံ့ပြန်သင့်ကြောင်း ဘိုင်ဒန် က ပြောကြားခဲ့သည့် အစ္စရေး၏ လက်တုံ့ပြန်ရန် စီစဉ်ထားမှုနှင့်ပတ်သက်၍ နောက်ထပ်အသေးစိတ်အချက်အလက်များကို ဖော်ပြခဲ့ခြင်းမရှိပေ။

“ပြဿနာတွေ အများကြီး သူတို့ ဆွေးနွေးခဲ့ပါတယ်” ဟု အဆိုပါဖုန်းပြောဆိုမှုပြီးနောက် ယမန်နေ့ မွန်းလွဲပိုင်းတွင် အိမ်ဖြူတော်သတင်းပြန်ကြားရေး အရာရှိ ကာရင်းဂျင်းပီယာ က ပြောကြားသည်။

ဘိုင်ဒန်နှင့် နေတန်ယာဟုတို့ ပြောဆိုဆွေးနွေးမှုတွင် ဒုတိယသမ္မတ ကာမလာဟားရစ်ကလည်း နယူးယောက်မြို့မှ လုံခြုံသော ဖုန်းလိုင်းတစ်ခုဖြင့် ပါဝင်ခဲ့သည်။

ဒေသတွင်း စစ်ပွဲ ပိုမိုကျယ်ပြန့်လာမည်ကို စိုးရိမ်မှုများ ကြီးထွားလာသည်နှင့်အမျှ အီရန်အပေါ် အစ္စရေး၏ တုံ့ပြန်မှုကို အကန့်အသတ်ထားရန် အမေရိကန်တာဝန်ရှိသူများ က မျှော်လင့်နေကြသည်။

အီရန်နျူကလီးယားစက်ရုံများကို တိုက်ခိုက်မှုကို ဆန့်ကျင်ကြောင်း သမ္မတဘိုင်ဒန်က ပြောကြားခဲ့ပြီး အီရန် ရေနံသိုက်များကိုသာ တိုက်ခိုက်ရန် အကြံပြုထားသည်။

 

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...