ကောက်ရတဲ့ပိုက်ဆံနဲ့ ထီထိုးရင်း ဒေါ်လာ ၁ သန်း ထီဆုကြီး ဆွတ်ခူးခဲ့သူ
ဆန်းကျယ်တဲ့ ကံတရားရဲ့ မျက်နှာသာပေးမှုကြောင့် လက်သမားကြီး ဂျယ်ရီဟစ်ဟာ နေ့ချင်းညချင်း လူချမ်းသာ ဖြစ်သွားခဲ့ပါတယ်။ အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားပြည်နယ်၊ ဘန်နာအက်မြို့မှာ နေထိုင်တဲ့ ဂျယ်ရီဟစ်ဟာ အမှတ် ၁၀၅ ပြည်နယ်လမ်းမကြီးပေါ်က Speedway စတိုးဆိုင်ကို ဈေးဝင်ဝယ်ချိန်မှာ ဒေါ်လာ ၂၀ တန်တစ်ရွက် ကောက်ရခဲ့ပါတယ်။
သူက ကောက်ရတဲ့ပိုက်ဆံနဲ့ Extreme Cash ခဲခြစ်ထီလက်မှတ်တစ်စောင် ဝယ်ယူခဲ့တာပါ။ တကယ်တော့ သူထိုးချင်တဲ့ ထီလက်မှတ် အမျိုးအစားမရှိလို့ Extreme Cash ထီလက်မှတ် ဝယ်ခဲ့တာဖြစ်ပြီး ဒေါ်လာ ၁ သန်း ထီဆုကြီး ဆွတ်ခူးခဲ့တာပါ။
သူဟာ တစ်နှစ် ဒေါ်လာ ၅၀၀၀၀ နဲ့ နှစ် ၂၀ ကြာ အရစ်ချယူခွင့်အစား တစ်လုံးတစ်ခဲတည်း ဒေါ်လာ ၆၀၀၀၀၀ ယူဖို့ ဆုံးဖြတ်ခဲ့ပြီး အခွန်ဆောင်ပြီး ဒေါ်လာ ၄၂၉၀၀၇ ရရှိသွားခဲ့ပါတယ်။ လက်သမားအဖြစ် ၅၆ နှစ်ကြာ အသက်မွေးဝမ်းကျောင်းခဲ့တဲ့ ဂျယ်ရီဟစ်ဟာ ထီပေါက်ပြီးနောက်မှာတော့ အလုပ်ကနေ အနားယူတော့မှာဖြစ်ပြီး ထီဆုကြေးငွေကို သူ့သားသမီးတွေ ရှေ့ရေးအတွက် သုံးစွဲသွားမယ်လို့ ဆိုပါတယ်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။